Shenmo Pyay

Shenmo Pyay

Share

31/05/2026

ယနေ့ခေတ်ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေပြီး၊ အနာဂတ်သည် စာအုပ်စာပေတတ်မြောက်ရုံမျှဖြင့် မလုံလောက်တော့သည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ အနာဂတ်တွင် အောင်မြင်မှုရရှိရန်အတွက် ကျွန်မတို့၏ကလေးများသည် အခြားသူများ၏ ခြေရာကို လိုက်လျှောက်သူများ (Followers) မဟုတ်ဘဲ လမ်းကြောင်းသစ်များကို ဖန်တီးနိုင်သော ဦးဆောင်သူများ (Leaders) ဖြစ်လာရန် လိုအပ်ပါသည်။

စိန်မော့ပေသီးစိတ်တွက်သင်္ချာသင်တန်းကျောင်းသည် သားငယ် ၊ သမီးငယ်များ၏ အနာဂတ်အတွက် ပိုမိုပြည့်ဝသော ပညာရေးကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။
စိန်မော့ပေသီးစိတ်တွက် သင်္ချာသင်တန်းတက်ရောက်ခြင်း၏ အကျိုးကျေးဇူးများမှာ

▶️ဘယ်/ညာလက်နှစ်ဘက်ကို တစ်ပြိုင်နက်အသုံးပြုခြင်းအားဖြင့် ဘယ်/ညာ ဦးနှောက် ကို ညီမျှစွာ ဖွံဖြိုးစေနိုင်ပါသည်။

▶️မျက်စိ၊ နား၊ လက်၊ ပါးစပ်၊ ဦးနှောက် စသည့်တို့ကို တစ်ပြိုင်နက် အသုံးပြုခြင်းအားဖြင့်ကလေးငယ်၏အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ ပုံဖော်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကို တိုးတက်စေပါသည်။

▶️ကစားချိန်တွင် ပျော်ရွှင်သွက်လပ်စွာ ဆော့ကစားနိုင်၍ စာလုပ်ချိန်တွင် အာရုံစူးစိုက်စွာလုပ်ဆောင်နိုင်တတ်သောအကျင့် ကိုရရှိစေပါသည်။

▶️ကလေးငယ်၏ တွက်ချက်မှုစွမ်းရည်ကို ပုံမှန်ထက် အဆ (၂၀) မြင့်မားစေနိုင်ပါသည်။

ကျွန်မတို့၏ ရည်ရွယ်ချက်မှာ စာမေးပွဲအမှတ်ကောင်းရုံမျှမက ဘဝတစ်သက်တာအတွက် အခြေခံအုတ်မြစ်ကောင်းများ တည်ဆောက်ပေးနိုင်မည့် စွမ်းရည်များကို သင့်ကလေးအား ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။ သင့်ကလေးအား လိုက်လျှောက်ရုံသမား (Follower) အဖြစ်မဟုတ်ဘဲ လမ်းပြဦးဆောင်သူ (Leader) အဖြစ် မြင်တွေ့လိုပါက ဤအခွင့်အရေးကို လက်လွတ်မခံသင့်ပါရှင်။

🏫အိမ်အမှတ်(၆၃)၊ ဆေးရုံကြီးနောက်ကြောလမ်း၊ပြည်သာယာတိုးချဲ့(အေ)လမ်း၊ကိုသောင်းတိုးချဲ့အပိုင်း(၂)၊ပြည်သာယာရပ်ကွက်၊ပြည်မြို့။
☎️09-253688178 / 09-759879321



#အတန်းခွဲအသစ်များအတွက်စုံစမ်းနိုင်ပါသည်။

13/04/2026

💦နှစ်သစ်ကူး ဆုမွန်တောင်း 💦
နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေရှင် 🙏🙏🙏

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00