YBMC Pyay

YBMC Pyay

Share

04/09/2026

Team မကောင်းတာလား ။
System မကောင်းတာလား။

🌱 အောင်မြင်ရေး ဥပဒေသ (၁၁)

လုပ်ငန်းခွင်မှာ တစ်ခါတလေ
ဒီ Team က အလုပ်မဖြစ်ဘူး။
လူတွေက တာဝန်မယူဘူး။
Teamwork မရှိဘူး ဆိုတဲ့စကားတွေကို ကြားရတတ်ပါတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ Team ကို အပြစ်မတင်ခင် System ကို အရင်ကြည့်သင့်တယ် လို့ ယုံကြည်ပါတယ်။

ဘာကြောင့်ပါလဲ။
ကျွန်တော် Manager တစ်ယောက်အဖြစ်တာဝန်ယူခဲ့ဖူးတဲ့အချိန်တစ်ခုမှာ Team ရှိပေမယ့် Teamwork မရှိတဲ့ Team တစ်ခုကို လက်ခံခဲ့ရဖူးပါတယ်။

လူတွေရှိတယ်။
အလုပ်တွေလည်း လုပ်နေကြတယ်။
ဒါပေမယ့် ဘယ်သူက ဘာတာဝန်ယူရမလဲ မရှင်းဘူး။
အချင်းချင်း Communication မကောင်းဘူး။
Deadline တွေ မလေးစားကြဘူး။
Problem ဖြစ်ရင် တစ်ယောက်က တစ်ယောက်ကို လွှဲတတ်ကြတယ်။

အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားခဲ့တာက ဒီလူတွေကို ဘယ်လိုပြောင်းလဲမလဲ။မဟုတ်ပါဘူး။ဒီ Team ကို ဘယ်လိုအလုပ်လုပ်စေမလဲ ဆိုတာကို အလေးထားကြည့်ခဲ့ပါတယ်။

ဒါကြောင့် ပထမဆုံး Supervisor တွေ၊ Team Leaders တွေနဲ့ အတူထိုင်ပြီး Plan ကို အတူတကွ ဆွေးနွေးခဲ့ပါတယ်။

ဘယ်သူက ဘာလုပ်မလဲ။
ဘယ်အချိန်ပြီးရမလဲ။
Result ကို ဘယ်လိုတိုင်းတာမလဲ။
Problem ဖြစ်ရင် ဘယ်သူ့ကို Escalate လုပ်မလဲ စတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။

နောက်ပြီး Manager ဆိုပြီး အရှေ့ကနေ အရာအားလုံးကို ဝင်လုပ်တာမျိုး မလုပ်ခဲ့ပါဘူး။
ဘေးကနေကြည့်တယ်။
နောက်ကနေ Support ပေးတယ်။
လိုအပ်တဲ့အချိန်မှာ Coaching လုပ်တယ်။
Problem ဖြစ်ရင် ဖြေရှင်းပေးတယ်။

Resource လိုအပ်ရင်လည်း Management ကို တင်ပြပြီး Team အတွက် လိုအပ်တာတွေ ရအောင်လုပ်ပေးခဲ့ပါတယ်။

အရေးကြီးဆုံးကတော့ အလုပ်လုပ်ပါ လို့ပဲ ပြောတာမဟုတ်ဘဲ တာဝန်ယူတတ်အောင်ပါ သင်ပေးခဲ့တာပါ။

Timeframe ကို လေးစားဖို့၊
ကိုယ့်တာဝန်ကို ကိုယ်ပိုင်ဖို့၊
Problem ကို ဖုံးကွယ်မထားဘဲ ပြောဖို့၊
တစ်ယောက်အလုပ်ကို တစ်ယောက်က ကူညီဖို့၊
Company Goal အတွက် Team တစ်ခုတည်းအဖြစ် အလုပ်လုပ်ဖို့ တဖြည်းဖြည်းနဲ့ Team ရဲ့ Culture က ပြောင်းလာပါတယ်။

တစ်ချိန်မှာတော့ Manager မရှိရင် ဒီအလုပ်တွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့ Team မဟုတ်တော့ဘဲ Manager မရှိလည်း ကျွန်တော်တို့ Team က ဆက်လုပ်နိုင်ပါတယ် ဆိုတဲ့ Team ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ Manager တစ်ယောက်ရဲ့ အောင်မြင်မှုဟာ ကိုယ်တိုင် ဘယ်လောက်အလုပ်လုပ်နိုင်သလဲနဲ့ မတိုင်းတာဘဲ၊ ကိုယ်မရှိတဲ့အချိန်မှာ Team က ဘယ်လောက်ကောင်းကောင်း ဆက်လုပ်နိုင်သလဲနဲ့ တိုင်းတာသင့်တယ် လို့ ယုံကြည်လို့ပါ။

💡 Manager တွေအနေနဲ့ မမေ့သင့်တာတစ်ခု
ဝန်ထမ်းတွေကို Human Resource လို့ပဲ မမြင်ဘဲ Internal Customer လို့လည်း မြင်တတ်ဖို့ လိုပါတယ်။

ဝန်ထမ်းတွေဟာ
✔️ လေးစားခံရတယ်
✔️ တာဝန်ရှင်းတယ်
✔️ လိုအပ်တဲ့ Resource ရတယ်
✔️ ကိုယ့်အမြင်ကို ပြောခွင့်ရှိတယ်
✔️ တိုးတက်ဖို့ အခွင့်အရေးရှိတယ်
✔️ ကြိုးစားမှုကို အသိအမှတ်ပြုခံရတယ်
ဆိုတဲ့ Work Environment တစ်ခုမှာ အလုပ်လုပ်ရင်
Engagement တိုးလာမယ်။
Teamwork ကောင်းလာမယ်။
Result ကောင်းလာမယ်။
Employee Turnover လည်း လျော့လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ Team မကောင်းတာကို Team ကိုပဲ အပြစ်မတင်ပါနဲ့။တစ်ခါတလေTeam ရဲ့ Performance ကို ဆုံးဖြတ်နေတာက လူတွေမဟုတ်ဘဲ System ဖြစ်နေနိုင်ပါတယ်။

🌟 ဒီမှာ မှတ်ထားစေချင်တဲ့ စကားတစ်ခွန်းကတော့

A great team is not built by demanding more from people.It is built by creating an environment where people can perform at their best.

Team ကောင်းတစ်ခုကို တည်ဆောက်တာဟာ
လူတွေကို ပိုလုပ်ခိုင်းတာ မဟုတ်ပါဘူး။လူတွေက သူတို့ရဲ့ အကောင်းဆုံးစွမ်းရည်ကို အသုံးချနိုင်တဲ့
ပတ်ဝန်းကျင်နဲ့ System ကို တည်ဆောက်ပေးတာပါ။

📘 အောင်မြင်ရေး ဥပဒေသ Series
နှစ်ပေါင်း (၂၀) ကျော် လုပ်ငန်းခွင်အတွေ့အကြုံမှ
Career & Leadership သင်ခန်းစာများ။

လူငယ်များနှင့် အနာဂတ်ခေါင်းဆောင်များအတွက် Career & Leadership Coaching

✍️ Sayar Toe YBMC
Business Consultant | Corporate Trainer

#အောင်မြင်ရေးဥပဒေသ








#ဆရာတိုး

01/09/2026

ကျွန်တော်မရည်ရွယ်ပါပဲနဲ့ ရွှေလောက စိန်ရတနာလောကထဲသို့ ၂၀၁၉ မှစတင်ကာ ဝင်ရောက်ခဲ့တာ ယနေ့အထိ ဆက်လက်လုပ်ပေးနေရဆဲဖြစ်ပါတယ်။

Business Consultant စီးပွါးရေးအကြံပေးတစ်ဦးအနေနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ အခါမှာ Company Management နဲ့မတူကွဲပြားခြားနားလှတဲ့ SME Business တွေကို ကိုင်တွယ်စီမံခဲ့ရပါတယ်။

ရွှေဘုန်းရှိန် ရွှေဆိုင် ပြည်မြို့။

CO Nay CN Jewelry ရန်ကုန်မြို့။

မန်းရွှေလီစိန်ရွှေရတနာဆိုင် မန္တလေးမြို့။

တော်ဝင်ရတီ စိန်ရွှေရတနာဆိုင် ရန်ကုန်မြို့။

ဘုန်းပြည့်လျှံ စိန်ရွှေရတနာဆိုင် ရန်ကုန်မြို့။

SME Business တွေကို အောင်မြင်တဲ့ လုပ်ငန်းအဖြစ်ထူထောင်လုပ်ကိုင်ပေးရတဲ့အခါမှာ
လုပ်ငန်းရှင်ရဲ့ ကြိုးစားမှုနဲ့ အချိန်ပေးနိုင်မှု ကိုလဲ ထည့်သွင်းတွက်ချက်ရပါတယ်။

ဝန်ထမ်းအင်အား မပြည်စုံမှု အရည်အသွေးမပြည့်ဝမှုတွေကိုလဲ ပြည်စုံပြီး အင်အားတောင့်တင်းတဲ့ အဖွဲ့ဖြစ်ရအောင် တည်ဆောက်ရပါတယ်။

လုပ်ငန်းအလိုက် ဟန်ချက်ညီစေမဲ့ Strategy ကိုလဲ သတိထားပုံသွင်းရပါတယ်။

Accounting software ပိုင်း Financial ကိုလဲ စနစ်ကျအောင်စီစဉ်ရပါတယ်။

Government communications ပိုင်းကိုလဲသေချာစွာ သတိထားတည်ဆောက်ရပါတယ်။

Sales,Marketing and Customer Services ပုံစံတွေကို လဲသတိထားကြီးကြပ် အကြံပြုပေးရပါတယ်။

လုပ်ငန်းတိုင်းကို မတူတဲ့ပုံစံတွေနဲ့ ချဉ်းကပ်ပြီး Consultant တစ်ဦးအနေနဲ့ သတိထားလုပ်ကိုင်ရပါတယ်။ ဦးဆောင်သူတွေ Team Member တွေနဲ့ အပေးအယူမျှအောင် ကြိုးစားရင်း လုပ်ငန်းရှေ့သို့ရောက်ရေးကိုသာ ဦးစားပေးလုပ်ကိုင်ရတာမျိုးဖြစ်ပါတယ်။

တစ်ချိုနေရာတွေမှာ အကြံပေးတစ်ဦးအနေနဲ့ ပေးအပ်တဲ့ အကြံဉာဏ်တွေကို ဦးစားပေးလုပ်ကိုင်တာမျိုး မရှိတဲ့အခါတွေမှာလဲ ပါးနပ်စွာနဲ့ ထိန်:ကြောင်းပေးခဲ့ရပါတယ်။

ယခုလဲ ၂၀၂၇ အတွက် လုပ်ငန်းသစ်တွေ လာအပ်နေကြပါပြီ။

ကျွန်တော်ရဲ့ အဓိက စေတနာနဲ့ ပညာအတွ့အကြုံတွေကို အခြေခံပြီး လုပ်ငန်းတွေကို တစ်ခုခြင်းရဲ့မတူညီတဲ့ အားသာချက်အားနားချက်အလိုက် ချိန်ဆပြီး ရှေ့ထွက်ပြီးရော နောက်ကွယ်ကနေရော ထည်ထည်ဝင်ဝင်ရော လုပ်ကိုင်တတ်ပါတယ်။

စီးပွါးရေးအကြံပေးဆိုတာ ကျရှုံးသွားခဲ့ရင်တော့အပစ်တင်ခံနိုင်ချေ ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး အောင်မြင်သွားရင်တော့ ကျေးဇူးတင်ခံရရင် ကံကောင်းတာပါပဲ။

အခြားသော စီးပွါးရေးတွေဖြစ်တဲ့ …

မြတ်မေတ္တာ ဆေးဆိုင်အုပ်စု ပုသိမ်မြို့

APP Co.,Ltd. Solar Production Project ရန်ကုန် ပဲခူး။

Aung Mobile Mandalay.
My Gym Fitness Yangon and Mandalay

XY Trading Co.,Ltd. Import and Export Co Yangon

Min Hla Agriculture Co.,Ltd Export Co Yangon

တော်ဝင်ထီးလှိုင် ကုမ္ပဏီ Construction Co နေပြည်တော်

We Care Health Care Services ရန်ကုန်

ကျွန်တော် အလုပ်လုပ်တဲ့အခါ မှာ လုပ်ပေးတဲ့လုပ်ငန်းအတွက် ရေရှည်တိုးတက်စေမယ်အကြောင်းအရာတွေကို သေချာရွေးချယ်ပြီး Frame ချလုပ်လေ့ရှိပါတယ်။

ဒီအထဲက တစ်ချို့လုပ်ငန်တွေဆို ၈ နှစ်တိုင်အောင် ယခုထိလက်တွဲလုပ်နေကြဆဲဖြစ်ပါတယ်။

စီးပွါးရေးအကြံပေးလောက ကိုဝင်ကြမယ့် မိတ်ဆွေတွေအတွက် အောင်မြင်တဲ့ အကြံပေးတစ်ယောက်ဖြစ်ဖို့အတွက် ဇွဲ့နဲပညာကို အခြေပြုပြီး စေတနာအားနဲ့သာဆောင်ရွက်ကြပါ။

Business လောကဆိုတာ ကျယ်ဝန်းလှတဲ့ သမုဒ္ဒရာနယ်ပယ်လိုမျိုးမို့ မှန်မှန်သာ လျှောက်လှမ်း ဝင်ရောက်ခဲ့ကြပါခင်ဗျာ။

#ဆရာတိုးYBMC

24/08/2026

မန်နေဂျာများအတွက် စီမံခန့်ခွဲမှုပညာ သင်တန်း

33📢📢📢

✅လုပ်ငန်းခွင်ထဲမှ လက်တွေ့စီမံခန့်ခွဲနေကြရတဲ့ မန်နေဂျာများ

✅SME လုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်နေရသော ပိုင်ရှင်များ

✅မန်နေဂျာရာထူးအတွက် မိမိ၏ Management Skills ကိုမြှင့်တင်ထားလိုသူများအတွက် တတ်ထားမှဖြစ်မည့် များကို သင်ယူလေ့လာခွင့်ရမှာပါရှင်...

အဓိကထားလေ့လာဆွေးနွေး သင်ယူရမည့်ခေါင်းစဉ်များမှာ ...

✅Fundamental Business Management

✅Business Analysis Tools for Manager

✅HR Management for Manager

✅Sales & Marketing Management for Manager

✅Leadership & Team Management for Manager

📌မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုများ ဆက်လက် ရရှိနေဖို့ဆိုတာ မိမိတို့ရဲ့ Skills တွေကို အမြဲမြှင့်တင်နေဖို့ လိုအပ်ပါတယ်ရှင်..

📌ယခု သင်တန်းကို YBMC ၏ CEO & Principal ကိုယ်တိုင် သင်ကြားလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဆရာတိုးသည် ILO SIYB Licensed Trainer တစ်ဦးဖြစ်ပြီး စီးပွါးရေးအကြံပေးအဖြစ် လုပ်ငန်းများကို အောင်မြင်မှုရအောင် လက်တွေ့ ဦးဆောင်ပေးနေသူ ဖြစ်ပါသည်။

📌ဆရာတိုးသည် Company ကြီးများတွင် GM ရာထူးများ၊ Top Management Level ရာထူးမျိုးစုံဖြင့် တာဝန်ယူ ဦးဆောင်​ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။

📌ဆရာရဲ့ ဆယ်စုနှစ် နှစ်စုကျော် Company Management အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး Management ကောင်းသူတစ်ဦးဖြစ်လာစေဖို့ သင်ယူလေ့ကျင့်ပေးသွားမှာမို့ လုံးဝလက်လွတ်မခံကြဖို့ တိုက်တွန်းပါရစေရှင်👏👏👏

#သင်ကြားမှုထိရောက်စေရန်

သတ်မှတ်ထားသည့် သင်တန်းသားဦးရေ ကိုသာ လက်ခံမှာမို့ ကြိုတင်အပ်နှံထားမှ စိတ်ချရပါမယ်ရှင်။

#ပုံမှန်သင်တန်းကြေး 300,000/- ကျပ် အစား
ယခုဖွင့်လှစ်သောအတန်းအတွက်...

အနေဖြင့်...

✅ပထမ အပ်နှံသူ (10) ဦးအတွက် သင်တန်းကြေး 150,000/-ကျပ်😱😱😱

✅ ထိ​ရောက်စွာ သင်ကြား​ပေးနိုင်ဖို့ လူဦးရေ အကန့်သတ်ဖြင့်သာ လက်ခံပေးသွားမှာပါရှင်။

ဒီသင်တန်းကနေ သင့်ရဲ့အလုပ်အတွက် ပိုမိုကောင်းမွန်စနစ်ကျသည့် စီမံခန့်ခွဲမှုများလုပ်ဖို့ သေချာပေါက် အထောက်အကူရစေမှာ ဖြစ်ပါတယ်။

သီးသန့်စီစဉ်လိုသော Companyများ လုပ်ငန်းများအတွက် အထူးဝန်ဆောင်မှုများရယူနိုင်ပါပြီရှင် 😘


*************
သင်တန်းတက်ရောက်မည့်နေ့....................................
7.9.2026 (Monday)
8.9.2026 (Tuesday)
9.9.2026 (Wednesday)
10.9.2026 (Thursday)
11.9.2026 (Friday)

( Course ဖြစ်ပါသည်)

သင်တန်းတက်ရမည့် အချိန်
***********************
7:30 pm to 10:30 pm
Zoom Face to Face

သင်တန်းအပ်နှံရန်အတွက်
*****
Page Messenger (သို့)

ဖုန်းနံပါတ် 09 255 453 919 (သို့)

Telegram No 09 944 942 891

ဖြစ်စေ ဆက်သွယ်မေးမြန်းပြီး စာရင်းပေးသွင်း နိုင်ပါတယ်ရှင်...



#သင့်တိုးတက်မှုအတွက်ခြေလှမ်းတိုင်းကိုထပ်ဆင့်ပြင်ဆင်ထားဖို့လိုပါတယ်💪💪💪

29/07/2026

လမြတ်ဝါဆို🙏🙏🙏

ဝါဆိုလပြည့်နေ့ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်မင်္ဂလာ
🙏🙏🙏

#သန္ဓေတောထွက်ဓမ္မစက်မိန့်မြွက်သံချိုလဝါဆို

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ မဟာဗုဒ္ဓဝင်ကျမ်းမှာ ဖော်ပြပါရှိသော ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ .....

( ၁ ) ဘုရားလောင်း သိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကြောင်း ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်ပေါက်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့

ဒါနအားလုံးတို့တွင် ဓမ္မဒါနကသာ အောင်နိုင်ရာ၏။
အရသာအားလုံးတို့တွင် တရားအရသာကသာ အောင်နိုင်ရာ၏။

#တရားအလှူတော်ဖြင့်ပူဇော်ပါ၏🙏🙏🙏
မြန်မာပြည်သူပြည်သားအားလုံး ဘေးရ

Telephone

Website

Address


ကသည်းတန်းလမ်း၊ဆံတော်ရပ်၊ပြည်မြို့၊
Pyay
80101

Alerts

Be the first to know and let us send you an email when YBMC Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyay.