Pyay University Law Students Association

Pyay University Law Students Association

Share

03/10/2021

Greetings from ALSA Myanmar 🇲🇲

ALSA Myanmar မှ ကျောင်းသားကျောင်းသူလူငယ်များကို We Talk-Hour ဆိုတဲ့ Program အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ အဆိုပါ Program လေးကိုတော့ online social audio app တစ်ခုဖြစ်တဲ့ Clubhouse App မှာ ALSA Myanmar မှ ပထမဦးဆုံးအကြိမ်ပြု‌လုပ်ပေးသွားမှာဖြစ်ပြီး Series အလိုက်သွားမှာဖြစ်ပါတယ်။

ဒီ Program ‌မှာ ဘယ်လိုအစီအစဥ်တွေပါမယ်❓ဘာတွေဆွေးနွေးသွားမယ်❓ဆိုတာတွေကိုတော့ အောက်မှာ ဆက်လက်လေ့လာလိုက်ရအောင်။

We Talk-Hour ဆိုတဲ့အတိုင်းပဲ ကျောင်းသား‌ကျောင်းသူလူငယ်များက မိမိတို့ရဲ့အတွေးအမြင်များကို လူငယ်မှလူငယ်သို့ အပြန်အလှန်ဆွေးနွေးနိုင်မှာဖြစ်တယ့်အပြင် ဥပဒေရေးရာအသိပညာများကိုလည်းနှီးနှောဖလှယ်ပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ program လေးတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာ။

ယခုပထမဆုံး Vol 1 အနေနဲ့ အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ Mental Health Crisis Management ဆိုတဲ့ Topic ဖြစ်ပြီး အဆိုပါ Topic အောက်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းနှင့် အဆိုပါအိမ်တွင်းအကြမ်းဖက်မှုတွေမှာ Victim တွေကို နိုင်ငံတကာကဘယ်လိုမျိုး Healing လုပ်ပေးနေသလဲ၊ ဘယ်လိုမျိုးဥပဒေတွေနဲ့ကာကွယ်ကူညီပေးနေသလဲဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ‌အနေနဲ့ ယခုဖော်ပြပါအစီအစဉ်လေးကို စိတ်ဝင်စားလို့ ပါဝင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Clubhouse ဆိုတဲ့ Application ကိုစမ်းသပ်ပြီးအသုံးပြုကြည့်ထားကြဖို့လိုပါတယ်ခင်ဗျာ။

အဆိုပါ Program ကိုတော့ October 9 ရက်နေ့ (စနေနေ့) ၊ ည 8 နာရီအချိန်တွင် Clubhouse မှာ ALSA Myanmar မှ Host လုပ်ပေးသွားမှာဖြစ်ပြီး Public ဖွင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့် Clubhouse ထဲကိုဝင်၍ Search bar မှာ ALSA Myanmar (ဒါမှမဟုတ်) We Talk-Hour လို့ရှာ‌ဖွေရိုက်နှိပ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

☝️
🇲🇲

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay