Sarah English
I teach 1-on-1 and group classes, hold TESOL/TEFL certificates, and am pursuing a Bachelor in Health Science and the Cambridge TKT.
July 1 ရက်နေ့ကစပြီး Challenge တခုလုပ်နေတာ။ ငါးပါးသီလစောင့်ပြီး နေ့တိုင်းပြန်စစ်တဲ့အကျင့်။ ငါးပါးသီလကလွယ်မယောင်နဲ့ Sarah အတွက်က တပါးမဟုတ် တပါးကအမြဲကျိုးနေကြ။ ခြင်တွေ ပိုးကောင်တွေလာကိုက်ရင်မရိုက်ပဲမနေနိုင်ဘူး။ စိတ်ကိုထိန်းမရတာ။ အိမ်မှာကကြောင်တွေလည်းရှိတော့ ကြောင်ကိုင်တာနဲ့ သန်းရှာချင်တဲ့အကျင့်လည်းရှိကော။
မုသာဝါဒကမဖြစ်အောင်ထိန်းလာတာကြာပြီမို့ အဲ့တပါး သူများအသက်ကိုမသ/တ တဲ့ တပါးပဲလိုနေတာ။ အဲ့ဒါကြောင့် ၁ ရက်နေ့ကစပြီး သတိထားပြီးစထိန်းကြည့်တယ်။ ခြင်ရိုက်ချင်လာတိုင်း အကောင်မြင်တိုင်းမရိုက်မိအောင် စိတ်ကိုထိန်းတယ်။ တနေလုံးသီလလုံနေအောင်နေကြည့်တယ်။ မုသာဝါဒဆိုလည်း သေးသေးမွှားမွှားလေးတောင် မလိမ်ဖြစ်အောင်သတိထားကြည့်တယ်။
မုသာဝါဒကအရင်ထိန်းတယ်ဆိုပေမဲ့လည်း တခါတလေသေးသေးမွှားမွှားကလိမ်ဖြစ်တုန်း။ သူငယ်ချင်းတွေနဲ့တွေ့ရင် လမ်းမရောက်သေးပဲရောက်ပြီတို့ ဘာတို့။ အခုသေးသေးလေးတွေကအစမလိမ်ဖို့ကြိုးစားကြည့်တယ်။
ကိုယ့်စိတ်ကိုယ်ထိန်းပြီး ငါးပါးလုံး လုံသွားပြီဆိုရင် စိတ်ထဲကျေနပ်ပီတိဖြစ်နေကော။ အခု ၆ ရက်ရှိသွားပြီ ဟိဟိ။ ဒီတိုင်းဆက်သတိထားပြီး တသက်လုံးစောင့်ကြည့်မယ်။ သတိမထားမိပဲ ငါးပါလုံး လုံနေတာနဲ့ သတိထားပြီးစောင့်တာနဲ့ရတဲ့ပီတိကတကယ်မတူဘူး။ ဟိုဟာက ကျူးလွန်စရာကိစ္စမရှိလို့မကျူးလွန်တာ။ အခုကြတော့ပြန်ပြန်စစ်ပြီး တမင်ရှောင်လိုက်တာဆိုတော့ ဪ ငါစိတ်ကိုထိန်းနိုင်ပါလားဆိုပြီး ပိုပီတိဖြစ်ရတယ်။
Sarah 🍀
Jul 6, 2026
ဒီနေ့နေသိပ်မကောင်းတော့ ကိုယ့်ကိုနွေးထွေးစေတဲ့ကလေးတုန်းကအမှတ်တရတွေကို အရမ်းသတိရမိတယ်။ ထူးထူးခြားခြားအမှတ်ရစရာတွေရယ်တော့မဟုတ်ဘူး။ ၆ နှစ်လောက်တုန်းက ညရောက်တိုင်းအိမ်ရှေ့ဝရံတာမှာ ကုလားထိုင်ချပြီး ညတိုင်းကြယ်တွေကြည့်ခဲ့တာအရမ်းသတိရတယ်။ အခုချိန်မှာဘယ်လောက်လှတဲ့ဟာကိုမြင်မြင် အဲ့တုန်းကခံစားချက်နဲ့မတူဘူး။ အဲ့အချိန်ကကြယ်တွေကိုကြည့်လိုက်ရင် အရမ်းထူးဆန်းတဲ့ခံစားချက်ကိုရတယ်။ အခုအဲ့အိမ်လေးတော့မရှိတော့ဘူး။
အဲ့အိမ်ထက်ပိုပြီး ကြယ်တွေကိုအမိုးမပါပဲဟင်းလင်းပြင်မြင်ရတဲ့ အပေါ်ထပ်ရှိတဲ့အိမ်မှာလည်းနေဖူးတယ်။ ကလေးတုန်းကလိုခံစားချက်ကိုမရဘူး။ အထပ်အမြင့် 11 လွှာကနေလည်းကြယ်တွေကို နေ့တိုင်းနီးပါးကြည့်ဖူးတယ်။ မတူဘူး။ ကလေးတုန်းကလိုခံစားချက်ကိုမရတာ။
ကလေးတုန်းကကိစ္စသေးသေးလေးတွေကအစအရမ်းလှတယ်လို့ထင်ခဲ့တယ်။ နွေရာသီနောက်ဆုံးစာမေးပွဲပြီးလို့ အိမ်ပြန်လာရင် နေကပူပြီးအိမ်နီးချင်းတွေက စောင်တွေ ခေါင်းအုံးတွေအပြင်မှာထုတ်လှန်းထားတာကိုမြင်ရတာလည်း ထူးခြားပြီးလှနေရော။
ခုများတော့ဘာမှကိုမလှတော့ပါဘူး။ မှတ်မှတ်ရရဖြစ်စေတာဘာမှမရှိတော့ဘူး။ ကြယ်တွေကလည်းဒီကြယ်တွေပဲ။ ပူနေတဲ့နေကလည်းအခုလိုပဲ။ ပြောင်းလဲသွားတာက အသက်တဖြည်းဖြည်းကြီးလာလို့ ခံစားနိုင်စွမ်းတွေမရှိတော့တာထင်တယ်။
မနေ့က ကလေးတုန်းကနေခဲ့တဲ့အိမ်ဟောင်းလေးရဲ့ ဝရံတာမှာ ကြယ်တွေကြည့်နေတဲ့အမှတ်တရကိုပြန်ပြီး အိပ်မက်မက်တယ်။ အဲ့အချိန်တွေပြန်လိုချင်လားဆို တဝက်၊ တဝက်လို့ပြောရမယ်။ ဘဝကကိုယ့်အားကိုယ်ကိုးနိုင်မှ သက်တောင့်သက်သာဖြစ်လာတာဆိုတော့ ပြန်လည်းမလိုချင်ဘူး။ ဘယ်အရာမဆိုနှလုံးသားနဲ့ခံစားတတ်တဲ့ Child-like soul ပဲပြန်လိုချင်တယ်။
Sarah 🍀
Jun 29, 2026
Edit: Class လေးတွေအကုန်ပြည့်ပါပြီရှင်
Sat, Sun - 7/8 PM လုပ်မဲ့ (3) ယောက် Speaking Class မှာ slot တနေရာစာလွတ်ပါမယ်ရှင်။ ဒီအပတ်စမှာပါ။ စကားများများပြောရမဲ့အတန်းမို့ အဆင်ပြေမှ join ပါရှင်။
One on one တွေက မနက်ပိုင်း၊ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေထဲကနေလွတ်ဖို့ရှိပါမယ်။ ညနေပိုင်းဆိုတာ 5 နာရီနောက်ပိုင်းတော့မရပါ။ တပတ်လောက်တော့လိုပါသေးတယ်ရှင်။ အတန်းကြိုလာအပ်ထားလို့ရပါတယ်။
A2➡️B1 Boost 9 week Study Plan တွေက ဒီအပတ်ဆိုတသုတ်ပြီးပြီမို့လို့ နောက်ထပ် (၅) ယောက်လက်ခံပါမယ်ရှင့်။ သူ့အသေးစိတ်က pin post လေးမှာကြည့်ပေးပါရှင်။
Thank you 😻
English စာမလုပ်ခင် Sarah ပြောတဲ့ darkside လေးတွေအရင်နားထောင်ကြည့်ပါ။ စာသင်လာတဲ့ 6 နှစ်တလျှောက်သိလာတဲ့အရာလေးတွေပေါ့နော်။ ကျောင်းသားတွေအတွက်လည်း အကျိုးရှိမယ်ထင်လို့ ဒီနေ့အားတုန်းလေး ပြောပြပေးလိုက်ပါတယ်။
ကျမရဲ့ video တွေမှာဖရိုဖရဲနဲ့ပုံဆိုးပန်းဆိုးတွေဖြစ်နေရင် သည်းခံကြည့်ပေးကြရှင်။ ဘွဲ့မြန်မြန်ရချင်ဇောနဲ့ အတန်းလေးခုတတ်ပြီး အပတ်တိုင်း assignment ကို 8/9 ခုလောက်ကို ဖုတ်ပူမီးတိုက်လုပ်ရ၊ presentation လုပ်ရ၊ စာသင်တာက တရက် 8 နာရီ။ Study Plan ကစာတွေစစ်ပေး။ တခါတလေကြားချိန်အားရင် video လေးကောက်ရိုက်၊ ဘတ်ခနဲတင်။ အဲ့ဒါအားပြီဆို မှန်ထဲပြန်ကြည့်လိုက်ရင် မုဆိုးမရူံးတဲ့ရုပ်ဖြစ်နေပြီ။
အသက်က သက်တမ်းတဝက်မပြည့်သေးဘူး၊ တနေကုန်ထိုင်နေရလို့ ခါးတွေကလည်းနာ၊ အီးအားနဲ့။ ကျောင်းစာတွေပြီးရင်တော့ ကျမလည်းသူများတွေလိုလှလှလေးရိုက်မယ်ရှင် 😺
Speaking အတွက်အချိန်သီးသန့်ပေးစရာမလိုပဲ daily life ထဲမှာပဲ နိစ္စဓူဝလမ်းကြုံလုပ်သွားလို့ရမဲ့ အလေ့အကျင့်လေးတွေပြောပြပေးပါမယ်။ စကားပြောတဲ့စွမ်းရည်က ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာထဲမှာပါမနေဘူးဆိုရင် progress က အရမ်းကိုနှေးပါတယ်။ ဒါကြောင့်မို့ lifestyle တခုလိုမဖြစ်မနေပါဝင်နေမှရမှာပါ။
1) ပထမတချက်ဘာလုပ်လို့ရလဲဆိုရင် ကိုယ့်တနေ့တာလုံးကို recall ပြန်စဉ်းစားပြီး လုပ်ခဲ့တာတွေကို English လိုရသလောက်ပြောကြည့်ပါ။ ရေချိုးနေရင်း၊ ပန်းကန်ဆေးနေရင်း၊ လှဲနေရင်းကြိုက်တဲ့အချိန်လုပ်လို့ရတယ်နော်။ မအားလို့ပါဆိုတဲ့ ဆင်ခြေမပေးပါနဲ့။
2) နောက်တခုက လမ်းသွားရင်လမ်းမှာတွေ့သမျှအရာတွေ၊ အိမ်မှာဆိုလည်းကိုယ့်အနားတွေသမျှ ပစ္စည်းတွေ ကိစ္စတွေကို English လိုပြောကြည့်။ အဲ့အခါကြရင် ငါမသိတာတော်တော်များပါလားလို့တွေးမိလိမ့်မယ်။ မီးဖိုချောင်ထဲရောက်နေရင်လည်း ပစ္စည်းတွေကို English လိုစဉ်းစားကြည့်။ ဇွန်း ခရင်း မီးဖို ပန်ကန်ပြား ဆပ်ပြာဆီ ယောက်မ။ ဟင်းချက်နေရင်းလည်း ဆီဆူလာရင်ဟိုဟာထည့်တယ် ဒီဟာထည့်တယ် စသဖြင့်ကို English လိုစဉ်းစားကြည့်။ မသိလည်းပြသာနာမဟုတ်သေးဘူး။ အားတဲ့အချိန်ကြမှ ခုနကမသိခဲ့တဲ့ဟာတွေကိုအချိန်တခုပေးပြီး ပြန်ရှာလေ့လာကြည့်။
3) ပြီးရင် Speaking တကူးတကလေ့ကျင့်ဖို့အချိန်ရတဲ့အခါ လေ့ကျင့်ဖြစ်ရင် listing တွေပဲလုပ်ပြီးမပြောနဲ့။ ဥပမာ what's your fav food? ဆိုရင် I like pizza. And I also like burgers and then ....အဲ့လိုမျိုးစာရင်းလုပ်တာမျိုးမဟုတ်ပဲ တမျိုးဆိုတမျိုး၊ နှမျိုးဆိုနှမျိုးရွေးပြီးသေချာပြည့်ပြည့်စုံစုံဖြေပါ။ ဥပမာ ငါပီဇာကြိုက်တယ်။ အထူးသဖြင့် seafood pizza က ငါ့အကြိုက်ဆုံးပဲ။ ပိတ်ရက်တိုင်းလည်း သူငယ်ချင်းတွေနဲ့သွားစားနေကြဖြစ်တယ်။ ဒီလိုပုံစံမျိုးပါ။ Listing မလုပ်ပါနဲ့။
4) နောက်ထပ်လုပ်လို့ရတာကတော့ ကိုယ့်ကိုကိုယ်စကားပြန်ပြောတာ၊ ပြန်မေးခွန်းထုတ်ပါ။ တချို့လူတွေ ကိုယ့်ကိုကိုယ်စကားပြန်ပြောကြတယ်မလား။ အဲ့လိုမျိုးကိုမှ English လိုအသံထွက်ပြီးပြောကြည့်။ ဘယ်သူမှကြားစရာမလိုဘူး။ ကိုယ့်အသံကိုယ်ကြားရုံဆိုရပြီ။ ဥပမာ ထမင်းစားခါနီး ငါနေ့လည်စာဘာစားရင်ကောင်းမလဲတို့၊ အဝတ်အစားရှာနေရင်း ဘာဝတ်ရင်ကောင်းမလဲတို့။ ကိုယ့်ဟာကိုယ်ထင်တဲ့အကြံညဏ်တွေ၊ အတွေးတွေကို စိတ်ထဲမထားနဲ့ express လုပ်ပြီပြောကြည့်လို့ရပါတယ်။
Bonus tip အနေနဲ့ ကိုယ်ကအသံထွက်လို့မရတဲ့နေရာရောက်နေတယ် or မပြောချင်ဘူးဆိုရင်တော့ ကြိုက်တဲ့ question cards လေးတွေရှာပြီး စိတ်ထဲကနေပြောကြည့်နေလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ပြောရရင် Daily life ထဲမှာရှိနေမှ အလုပ်ဖြစ်မှာပါ။ language နဲ့ကိုယ်နဲ့က သပ်သပ်စီခွဲထားလို့မရပါဘူး။
Sarah 🍀
June 12, 2026
Click here to claim your Sponsored Listing.
Category
Contact the school
Address
Union City, CA
94587