Su Phone Mo
ဘ၀မှာ Identity Shift ဖြစ်ခဲ့တဲ့ အချိန်တွေ အများကြီးပဲ။
အဲဒီအချိန်တွေကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်နိုင်ခဲ့သလို
“New Confidence” ကိုလည်း ပေးခဲ့တယ်။
“New Confidence” ဆိုတာ ဘာလဲ။
Confidence ဆိုတာ တစ်ကြိမ်ရရုံနဲ့ ထာဝရမြဲနေတဲ့ asset မဟုတ်ဘူး။ သူက Domain-specific ဖြစ်တယ်။ ဘောလုံးကန်တော်တိုင်း Basketball ဆော့တာ တော်မှာမဟုတ်ဘူး။ Identity ပြောင်းတိုင်း၊ domain အသစ်ထဲ ရောက်တိုင်း Confidence က အဲနယ်ပယ်နဲ့ပတ်သက်တာကို Zero ကနေ ပြန်စတယ်။
အရင်နယ်ပယ်တွေက ရခဲ့တဲ့ ‘Self-efficacy’ (ငါလုပ်နိုင်တယ်ဆိုတဲ့ အခြေခံစိတ်) ကတော့ ပါလာနိုင်ပါတယ်။
"New Confidence" ဆိုတာ ဒီ reset ကို သိသိကြီးနဲ့ တမင် build လုပ်ယူတဲ့ confidence မျိုး။ မသိဘဲ ရလာတာမဟုတ်ဘဲ ဘယ်နေရာမှာ ငါရှိနေပြီ၊ ဘာတွေ လိုသေးလဲဆိုတာ သိပြီးမှ တည်ဆောက်တာ။
အသက် ၉ နှစ်အောက်
ငယ်ငယ်ကတည်းက အချစ်ခံရဖို့အတွက် ထုတ်ခဲ့ရတဲ့ Effort ရှိတယ်။ လူကြီးတွေ ချစ်လာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးမျိုး Test လုပ်ခဲ့ဖူးတယ်။ အဲဒါ အောင်မြင်တဲ့အခါ “ငါက အချစ်ခံရဖို့ မခက်ခဲဘူး” ဆိုတဲ့ Identity Base စဖြစ်လာတယ်။
အသက် ၉ နှစ်
တစ်နေရာရာမှာ အရေးပါချင်တဲ့စိတ် ရှိလာတယ်။ အဲဒါနဲ့ Basketball ဆော့တယ်။ တော်တဲ့သူ၊ အရေးပါတဲ့ Team member ဖြစ်အောင် ကြိုးစားတယ်။ အဲဒီမှာ “ငါကြိုးစားရင် ဖြစ်တာပဲ၊ ငါက အရေးပါတယ်” ဆိုတဲ့ Identity Base ထပ်ရလာတယ်။
အသက် ၁၃ နှစ်
၈ တန်းကျတယ်။ အဲဒီတုန်းက “ငါ့ဘ၀တော့ သွားပြီ၊ ဘယ်သူမှမကျတာတောင် ငါကျတယ်။ သူငယ်ချင်းတွေနဲ့လည်း ခွဲရပြီ” ဆိုတဲ့ Identity Base ဖြစ်သွားတယ်။
အသက် ၁၄ - ၁၅ နှစ်
ဘော်ဒါဆောင် ရောက်တယ်။ ရည်းစားထားတယ်၊ ကိုယ်ချစ်တဲ့ ဆရာ၊ ဆရာမ စကားကလွဲရင် ဘယ်သူ့ကိုမှ နားမထောင်ဘူး။ ဒါပေမဲ့ စာတော့ မညံ့တော့ဘူး။
အသက်က အကြီးတန်းတွေနဲ့ တူနေတော့ အငယ်တွေနဲ့လည်း ပေါင်းမရ၊ အကြီးတွေနဲ့လည်း မပေါင်းချင်နဲ့ ဘော်ဒါဘဝက ငရဲလိုပဲ။ ဒါပေမဲ့ “အမေ ပိုက်ဆံအများကြီး အကုန်ခံထားရတာ၊ ငါအောင်မှဖြစ်မယ်” ဆိုတဲ့စိတ်နဲ့ ၂ နှစ်လောက် သည်းခံခဲ့တယ်။ အဲဒီကနေ “ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခြေအနေတစ်ခုကို သည်းခံဖြတ်ကျော်နိုင်ရင် လိုချင်တာ ရတတ်တယ်” ဆိုတဲ့ Identity Base ရလာတယ်။
အသက် ၁၆ - ၁၉ နှစ်
ရည်းစားထားလိုက်၊ အနားမှာရှိတဲ့သူတွေနဲ့ ပေါင်းလိုက်ပဲ။ ကိုယ့်အကြောင်းလည်းကိုယ်မသိ၊ သူများအကြောင်းလည်း နားမလည်ခဲ့ဘူး။ သူများကိုလည်း မချစ်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း မချစ်တတ်သေးဘူး။
ကိုယ့်တန်ဖိုးဆိုတာ Culture က သတ်မှတ်ထားတာတွေပဲလို့ ထင်ခဲ့ပြီး အမှားအမှန်ကို ပတ်ဝန်းကျင်ရဲ့ Filter နဲ့ပဲ ကြည့်ခဲ့တယ်။ “လူတွေက ငါ့ကို အကြာကြီး မချစ်နိုင်သလို ငါလည်း ဘယ်သူ့ကိုမှ အကြာကြီး သည်းမခံနိုင်ဘူး” ဆိုတဲ့ Identity Base နဲ့အတူ “ငါက ကံမကောင်းတတ်ဘူး” ဆိုတဲ့ ယုံကြည်မှုပါ ရှိလာတယ်။
အသက် ၂၀ နှစ်
၁၉ နှစ်တုန်းက Belief ကြောင့် လမ်းမှားခဲ့တယ်။ “အချစ်ဆိုတာ ခဏပဲ၊ ဘယ်လောက်ချစ်ချစ် တစ်နေ့ ပြတ်မှာပဲ၊ အဲတော့ ရသလောက် အယူချည်းပဲ လုပ်မယ်” လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ Identity Shift ဖြစ်ခါနီးမှာ “အချစ်ဆိုတာ ငါဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တွေနဲ့ ဘာမှမဆိုင်ဘူး” ဆိုတာ သိလိုက်ရတယ်။
အသက် ၂၁ - ၂၂ နှစ်
Secure Attachment ကို လက်ခံဖို့ ခက်နေတုန်းပဲ။ Boundary တွေကို စမ်းသပ်တယ်၊ Drama တွေ ဖန်တီးတယ်။ နောက်ဆုံးတော့ “အချစ်ဆိုတာ ငါသိခဲ့တာတွေနဲ့ လုံးဝတခြားစီပါလား” ဆိုတာကို လက်ခံလိုက်ရတယ်။
ဒါ့အပြင် Career Life မှာလည်း "Soap Formulator" ဆိုတဲ့ Identity ကနေ "Skincare Formulator" ကိုပြောင်းခဲ့တယ်။
အသက် ၂၃ နှစ်
Drama တွေ၊ ဝေခွဲမရတာတွေ မလိုချင်တော့ဘူး။ Clarity ကလွဲရင် ဘာမှ မလိုအပ်တော့ဘူး။ “ဆုံးဖြတ်ချက်ဆိုတာ မှန်တယ်၊ မှားတယ် မရှိဘူး၊ ဆုံးဖြတ်ပြီးရင် နောက်ပြန်မကြည့်ဘဲ စိတ်ရှင်းရှင်းနဲ့ လျှောက်ဖို့ပဲလိုတယ်” ဆိုတာ Identity ထဲအထိ စွဲသွားပြီး အိမ်ထောင်ပြုခဲ့တယ်။
အသက် ၂၃ - ၂၄ နှစ်
လုပ်သမျှ ဖြစ်နေတော့ “ကြိုးစားရင် ဘာမဆိုဖြစ်တယ်” ဆိုတဲ့ Identity ရှိခဲ့တယ်။
အသက် ၂၅ - ၂၇ နှစ်
ကိုယ်သိသမျှ အရာအားလုံး ခဝါချလိုက်တဲ့အခါ “အရာအားလုံးက ခဏပဲ၊ ဘာမှမမြဲဘူး၊ မိသားစုကပဲ အရေးကြီးဆုံး” ဆိုတဲ့ Identity ပြောင်းသွားတယ်။
အသက် ၂၈ - ၃၀ နှစ်
“ငါက ဘယ်သူလဲ၊ ဘာအတွက် အရေးပါတာလဲ” ဆိုတာကို စာအုပ်တွေကနေ အလင်းရခဲ့တယ်။ စိတ်ပညာ၊ Philosophy၊ Tech၊ စီးပွားရေးနဲ့ Self-development ပိုင်းတွေကို ဆက်တိုက်လေ့လာပြီး ပြန်မျှဝေခဲ့တယ်။ "စီးပွားရေးသမား" ဆိုတဲ့ Identity ကနေ Public Educator ဆိုတဲ့ Identity ပြောင်းခဲ့ပြီး “ငါဘာလုပ်လုပ် Amplify Effect ပေးနိုင်ပြီး Impact ကြီးအောင် လုပ်နိုင်တယ်” ဆိုတဲ့ Identity ရလာတယ်။
အသက် ၃၀ - ၃၁ နှစ်
ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့တဲ့ Identity အသစ်တစ်ခု ထပ်တွေ့တယ်။ ထိုင်းကို ခရီးသွားတဲ့အခါ Kinesthetic Activity တွေ ပိုကြိုက်တာ၊ ကိုယ်နဲ့ လမ်းကြောင်းတူတဲ့သူတွေ တွေ့ရတာမျိုးကြောင့် Spiritual Energy ပိုကောင်းလာတယ်။
US မှာနေတုန်းက ပိုပြီး Calm ဖြစ်ပေမဲ့ အလှအပကို သိပ်ဂရုမစိုက်ဖြစ်သလို အပြင်လည်း မထွက်ချင်ဘူး။ ကိုယ့်ဆီမှာ ပျောက်နေတဲ့ Old but Fresh Identity Pattern ကို Asia မှာ ပြန်တွေ့ခဲ့တယ်။ ဒါက External Factors တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သိလိုက်ရတဲ့ သိရှိမှုပဲ။ ဒီအသိကြောင့် ရှေ့ရေးအတွက် Clarity ပိုရှိလာတယ်။
အခု အသက် ၃၁ မှာတော့ ၄ နှစ်လုံးလုံး ကွန်ပျူတာရှေ့မှာပဲ စာဖတ်၊ အလုပ်လုပ်နေတဲ့ Routine က ကိုယ့်ရဲ့ ပုံစံအစစ်မဟုတ်မှန်း ပိုသိလာတယ်။ ငြီးငွေ့မှု၊ ငြိမ်သက်မှုတွေနဲ့အတူ Identity Evolving ဖြစ်ကိုဖြစ်ရမဲ့ အချိန်ကို ကြုံနေရတယ်။
ဒီလိုကြုံရတာ ကောင်းပါတယ်။ အဲဒီလို ဖြစ်တိုင်းမှာ ကိုယ့်အကြောင်းကို မလိမ်ဘဲ ပိုပိုသိလာရတယ်။
ဘာလိုချင်တာလဲ။
ဘယ်လိုဖြစ်ချင်တာလဲ။
ဘာလို့ ဒီလိုခံစားရတာလဲ။
ဘာလို့ ဒီလိုတွေ ပြုမူနေတာလဲ။
အဖြေအားလုံးက ကိုယ့်ဆီမှာပဲ ရှိတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားမရတော့ဘူး၊ စိတ်ရှုပ်ပြီး ဘာလုပ်ရမှန်း မသိတော့ဘူးဆိုရင် ဝမ်းသာလိုက်ပါ။
You are evolving, not facing an identity crisis. You are evolving into your true self.
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
1420 James Street
Springfield, IL
62703