Border News Agency
06/01/2026
သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို
Border News Agency
မောင်တော၊ဇွန် ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊သင်္ဘောလှရွာမှဖြစ်စဉ်ကြောင့် စိတ်ဝမ်းကွဲတာမျိုးမရှိကြဘဲ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ကြဖို့ မောင်တောခရိုင်သက္ကမလူမျိုးရေးရာကော်မတီကမေလ ၃၁ ရက်နေ့တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP)နဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားဖို့ သင်္ဘောလှရွာကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတွေ မရောက်ခင်က အစီအစဉ်ကို ဆန့်ကျင်ဖို့အတွက် ရွာသားတချို့ဖြစ်ကြတဲ့ ဦးအောင်ကျော်စိန်၊ဦးမောင်ထွန်းစိန်၊ဦးမြင့်မောင်၊ဦးစိန်ထွန်းကျော်နဲ့ လက်ရှိထွက်ပြေးတိမ်းရှောင်နေတဲ့သီလာဇောက ဦးဆောင်ပြီးဆုတောင်းပွဲပြုလုပ်တာ၊လက်နက်ကိုင်ဆောင်ကာ ခြိမ်းခြောက်တာစတဲ့ ကြိုတင်လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ကြတာကြောင့် တည်ငြိမ်အေးချမ်းမှုမပျက်ပြားစေဖို့ သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတာလို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာတွေနဲ့ ကော်မတီဝင်တွေက ရွာသူရွာသားတွေနဲ့တွေ့ဆုံပြီးအခြေအနေတွေ ပြန်လည်တည်ငြိမ်အောင်ဖြေရှင်းပေးနေသလို ရွာရဲ့အခြေအနေဟာလည်း ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။
အဲဒီအပြင် မြေပြင်အခြေအနေမှန်ကို သေချာမသိဘဲ အဝေးရောက်သက္ကမအဖွဲ့အစည်းအချို့နဲ့ ဆရာတော်အချို့က အာရက္ခအစိုးရအပေါ် တဖက်သတ်စွပ်စွဲချက်တွေ ထုတ်ပြန်နေတာဟာ ပြဿနာကို ဖြေရှင်းရာမှာအထောက်အကူမပြုတဲ့အပြင် ရခိုင်နဲ့သက္ကမလူမျိုးစုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးကို ထိခိုက်စေနိုင်တာကြောင့် အသုံးချခံရမှုမျိုးမဖြစ်အောင် အထူးသတိထားကြဖို့လည်း ထောက်ပြထားပါတယ်။
သက္ကမလူမျိုးရေးရာကော်မတီအနေနဲ့ သက္ကမပြည်သူတွေအားလုံး စိတ်ဝမ်းမကွဲကြဖို့ တိုက်တွန်းထားပြီး တော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိရေးနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကဏ္ဍအသီးသီးမှာလည်း စိတ်ဓာတ်အပြည့်နဲ့တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။
အဲဒီမောင်တောမြို့နယ်၊သင်္ဘောလှကျေးရွာသားတွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်နေသလို ကျေးရွာသားတရာနီးပါးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ချက္ကမအဖွဲ့အစည်းတဆယ့်နှစ်ဖွဲ့ထုတ်ပြန်ထားပါတယ်။
Website - https://burmese.bnanews.net/news/33170/
#အာရက္ခတပ်တော် #မောင်တောမြို့နယ် #သင်္ဘောလှရွာ #သက္ကမ
06/01/2026
ဘန်ကောက်ရှိ တရားမဝင်ကျောင်းကို စီးနင်းရာ မြန်မာဆရာအချို့အပါအဝင် ခြောက်ဦးဖမ်းဆီးခံရ (ဓာတ်ပုံသတင်း)
Border News Agency
ထိုင်း၊ဇွန် ၁။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Soi Pridi Banomyong ရှိ လိုင်စင်မဲ့ တရားမဝင် နိုင်ငံတကာကျောင်းတကျောင်းကို မေလ ၃၀ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ရာမှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ စာသင်ပြနေတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံသား ဆရာခြောက်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျောင်းဟာ မူကြိုအဆင့်ကနေ အထက်တန်းအဆင့်အထိ နိုင်ငံခြားသားကျောင်းသား တရာကျော်ကို သက်တမ်းငါးနှစ်ကျော်ကြာ လျှို့ဝှက်ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ဆရာတွေကို ဥပဒေအရ အရေးယူဖို့ ခလွန်တန် (Khlong Tan) ရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကတော့ အခုလိုလမ်းကြားတွေထဲ လျှို့ဝှက်ဖွင့်လှစ်ထားတဲ့ လိုင်စင်မဲ့ကျောင်းတွေနဲ့ တရားမဝင်လုပ်ကိုင်သူတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စမုတ်စခွန်မှာလည်း လိုင်စင်ပယ်ဖျက်ခံထားရပေမယ့် ဆက်လက်လည်ပတ်နေတဲ့ တရားမဝင်ကျောင်းနှစ်ကျောင်းကို အာဏာပိုင်တွေက ထပ်မံစီးနင်းခဲ့ရာမှာ ရွှေ့ပြောင်းအခြေစိုက် ကျောင်းသားကိုးရာကျော်နဲ့ တရားဝင်အထောက်အထားမရှိတဲ့ ဝန်ထမ်း နှစ်ဆယ့်ခုနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ကိုးကား - Thethaiger
Website - https://burmese.bnanews.net/news/33139/
#ထိုင်းနိုင်ငံ #ဘန်ကောက်မြို့ #နိုင်ငံတကာကျောင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
626 Eldrid Drive
Silver Spring, MD
20904