Pyae Sone Aung
11/08/2025
၂၀၂၄ ခုနှစ်အတွက် တနိုင်ငံလုံးအလိုက် အိမ်ဌားခ (Rent) လစဉ်ကုန်ကျစရိတ် နှင့် လျှပ်စစ်၊ ရေ(utility စုစုပေါင်းပါဝင်) ၏ ပေးရသော တန်ဖိုးကို ပြသထားတာဖြစ်ပါတယ်။
အချက်အလက်များကို U.S. Census Bureau ၏ American Community Survey 2024 1-Year Estimates မှ ဆွဲယူထားတာဖြစ်ပါတယ်။
• ကမ်းခြေရှိပြည်နယ်များ သည် အိမ် အငှားခအမြင့်ဆုံးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် သည် $2,104 နဲ့ ဦးဆောင်နေပါသည်။ ထို့နောက် ဟာဝိုင်အီ ($1,942) နှင့် မက်ဆာချူးဆက်စ် ($1,848) သူရဲ့အနောက်မှာ အစဉ်လိုက် ရှိနေပြီး
District of Columbia သည် အထက်ပါပြည်နယ်အနက်တတိယအဖြစ် $1,931 ဖြင့် ရှိနေတာဖြစ် ပါသည်။
• အိမ်အငှားခအနည်းဆုံးပြည်နယ်များ မှာ ဝက်(စ်)ဗာဂျီးနီးယား ($883) ဖြစ်ပြီး သူရဲ့နောက်မှာ နောက်(စ်)ဒကိုတာ ($980) နှင့် အိုင်အိုဝါ ($981) ဖြစ်ပါသည်။
• ကမ်းခြေရှိပြည်နယ်များသည် အိမ်အငှားခများအမြင့်ဆုံးဖြစ်သော်လည်း၊ ကိုလိုရာဒို ($1,822) နှင့် နီဗါဒါ ($1,709) တို့သည် အနည်းငယ်သက်သာပါတယ်။
ကျွန်တော် တို့ Oregon ကတော့ အိမ်ဌားစရိတ်ကြီးမြင့်သည့် ထိပ်ဆုံး ၁၀ပြည်နယ်အတွင်းပါဝင်ပါသည်။
ချစ်တဲ့
ပြည့်စုံ
11/07/2025
အိုကလာဟိုမား ပြည်နယ်သည် ဇူလိုင်လတွင် အလုပ်အကိုင်ဖွင့်လှစ်နှုန်း ၅.၅% ဖြင့် အမြင့်ဆုံးရှိခဲ့ပြီး၊ ၎င်းအကြောင်းအရင်းမှာ ပြည်နယ်အတွင်း ဆွဲသွင်းခြင်း (drilling) ကြောင့် လုပ်ငန်းများ ပိုများလာခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ် ။
ဒီနှစ်အစပိုင်းတွင် Trump ရဲ့ အုပ်ချုပ်ရေးအဖွဲ့က အမွန်တာနာ နှင့် မြောက်ဒါကိုတာ၊ အလက်စကာ ပြည်နယ်များရှိ ပြည်သူ့မြေများအပေါ် စွမ်းအင်ထုတ်လုပ်မှုများ တိုးချဲ့နိုင်ရေးအတွက် ကာကွယ်မှုဥပဒေများ ပြန်လည်ကာကွယ်ပေး လိုက်သည့် အတွက် ဤပြည်နယ်လေးခုလုံးသည် အလုပ်အကိုင်ဖွင့်လှစ်နှုန်းအနေနဲ့ ထိပ်တန်း ၁၅ ပြည်နယ်အတွင်း ပါဝင်ခဲ့ပါတယ်။
မြောက်ပိုင်း နှင့် တောင်ပိုင်း Battery Belt state ပြည်နယ်များလို့ခေါ်တဲ့ Michigan , Indiana, Ohio, Kentucky, Tennessee, Georgia, North Carolina, and South Carolina တွင်လည်း အလုပ်အကိုင်ဖွင့်လှစ်နှုန်းများမြင့်နေသော်လည်း၊ အလုပ်ပြောင်းလဲမှုများနှင့် ကျွမ်းကျင်လူလုပ်သားရှားပါးမှုကြောင့် ဖြစ်နိုင်ပြီး အလုပ်ခေါ်ယူမှု တိုးမြှင့်ခြင်းကြောင့် မဟုတ်ဟုဖော်ပြထားပါတယ်။
Savannah’s Port ဟုခေါ်သော Georgia ပြည်နယ်ရဲ့ ရေနံဆိပ်များတွင် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကွန်တိန်နာတင်သွင်းမှု ၈.၆% တိုးလာခဲ့ပြီး၊ ဂျော်ဂျီယာနှင့် အနီးအနားပြည်နယ်များရှိ အလုပ်ရုံများ၊ trucking များ ၊ ရေနံဆိပ်အနီးအနားအလုပ်အကိုင်များတိုးလာသည်ဟုဖော်ပြထားပါတယ်။
ဤနှုန်းကို မည်သို့တိုင်းတာသနည်း။
အလုပ်အကိုင်ဖွင့်လှစ်နှုန်းဆိုသည်မှာ လ တစ်လအဆုံးတွင်ရှိသော အလုပ်အကိုင်ဖွင့်လှစ်အရေအတွက်ကို (အလုပ်ရှိသူအရေအတွက် + ဖွင့်လှစ်အလုပ်အရေအတွက်) ဖြင့်စားပြီး၊ ထို့နောက် ၁၀၀ ဖြင့်မြှောက်ကာ ရာခိုင်နှုန်းအဖြစ်ဖော်ပြခြင်းဖြစ်ပါတယ်။
ဤနှုန်းသည် စုစုပေါင်းအလုပ်အကိုင်အနက်မှ မည်မျှပမာဏအလုပ်များသည် ဖွင့်လှစ် (သို့မဟုတ်) အလျင်အမြန် လိုအပ်နေသည်ကို ဖော်ပြပေးပါတယ်။
အလုပ်အကိုင်ဟု သတ်မှတ်ရန်အတွက် လိုအပ်သော သုံးချက်မှာ -
၁။ positionတစ်ခုရှိပြီး၊ အလုပ်အတွက် လုပ်ဆောင်ရမည့်တာဝန်ရှိပါသည်။ (အချိန်ပြည့်၊ အချိန်ပိုင်း၊ အမြဲတမ်း၊ အချို့်အချို့ကာလ သို့မဟုတ် ရာသီလိုက်အလုပ်ဖြစ်နိုင်သည်။)
၂။ အလုပ်ကို ၃၀ ရက်အတွင်း စတင်နိုင်ရမည်။ (လျှောက်ထားသူ ရှိမရှိမသက်ဆိုင်ပါ။)
၃။ လုပ်ငန်းရှင်သည် ၎င်းအလုပ်အခွင့်အလမ်း အတွက် အပြင်မှ လုပ်သားများကို စုဆောင်းခေါ်ယူနေရမည်။ (ကြော်ငြာခြင်း၊ ဆွေးနွေးမေးမြန်းခြင်း၊ အလုပ်အကိုင်အေဂျင်စီများအားဆက်သွယ်ခြင်း စသဖြင့်။)
ချစ်တဲ့
ပြည့်စုံ
Click here to claim your Sponsored Listing.
Category
Website
Address
Portland, OR
97233
Opening Hours
| Monday | 9am - 5pm |
| Tuesday | 9am - 5pm |
| Wednesday | 9am - 5pm |
| Thursday | 9am - 5pm |
| Friday | 9am - 5pm |