MM sub Movie

MM sub Movie

Share

03/04/2026

#အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အရမ်းလိုချင်နေတဲ့ #ဒိန်းမတ်နယ်မြေဂရင်းလန်းရေခဲဒေသမှာသွားရိုက်ထားတဲ့ #ဒိန်းမတ်နယ်မြေအဖြစ်သက်သေပြနိုင်ဖို့စွန့်စားပြီးသွားခဲ့တဲ့ကား

A*g*a*i*n*s*t th*e I*c*e (2022)

IMDB (7.8/10)

ဖြစ်ရပ်မှန်ရုပ်ရှင်လေးတစ်ခုလောက် ကြည့်လိုက်ရအောင်၊အာတိတ်မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေနေကြတဲ့ခေတ်ပေါ့

ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ်ဆိုပြီး အဆိုပြုလာပါတယ်

ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စားအဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ကြိုးစားရင် ပျောက်ဆုံးသွားခဲ့တယ်

ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်

သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေးလိုက်ပါဦး၊ ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်

TELEGRAMမှာကြည်ရန်👇👇👇
https://officialtelegramchannel.blogspot.com/2026/03/telegram_4.html?m=1

ဇာတ်ကားမျိုးစုံ တင်ပေးနေတဲ့
Facebook Group လေး Join ထားပါ
⏬⏬⏬⏬⏬⏬⏬⏬🔗
https://www.facebook.com/groups/1298677384919664/?ref=share&mibextid=NSMWBT

နေစဥ်ဇာတ်ကား အသစ် Ads များတင်ပေးနေတဲ
မင်မင်ရဲ Movie Ads Page လေကိုလဲ
Like or Follow လေး လုပ်ပေးခဲ့ပါအုံး
⏬⏬⏬⏬⏬⏬🔗🔗
https://www.facebook.com/share/1Jk8SLJMfm/

-to-owner-with-respect...

02/08/2026

#တစ်ကယ့်ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတဲ့အကြမ်းဖက်ဓမြတိုက်အက်ရှင်ကား

N*o M**e*r*c*y (2023)
➖➖➖➖
IMDB (4.4/10)

၂၀၁၇ ခုနှစ်တုန်းက ရုရှားစစ်ပြန်ဟောင်းတွေဖြစ်တဲ့ Alexei Korotkikh နဲ့အပေါင်းအပါတစ်စုဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာအခြေစိုက်ပြီးငွေလဲစင်တာတွေကိုလုယက်ခဲ့ကြပါတယ်

သူတို့ရဲ့ကျူးလွန်မှုတွေဟာ ရဲတင်းလွန်းတာကြောင့်ဘာလီရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆင်ရေးတစ်ခုအသွင်နဲ့ဖမ်းဆီးခဲ့ရပြီး ဒီဖြစ်စဉ်ဟာအင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ မှုခင်းတစ်ခုဖြစ်ခဲ့ရပါတယ်

ဒီဇာတ်ကားကတော့အဲ့ဒီဖြစ်စဉ်ကိုအခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ဆန်စေဖို့အတွက် ဇာတ်ကွက်တစ်ချို့နဲ့အက်ရှင်ခန်းတွေအဆာသွတ်ထားပြီးနောက်ပိုင်းမိနစ် ၄၀ လောက်ကိုနန်းစတော့အက်ရှင်ကားအဖြစ်ရှုစားရမှာဖြစ်ပါတယ်

CGI တွေအားနည်းချက်ရှိပေမယ့်သူတို့နိုင်ငံအထူးစစ်ဆင်ရေးရဲတွေရဲ့လုပ်ငန်းလုပ်ဆောင်ဖို့က အနီးကပ်တွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာaction/thriller ကားတစ်ကားပါပဲ

TELEGRAMမှာကြည်ရန်👇👇👇
https://officialtelegramchannel.blogspot.com/2026/02/telegram_63.html?m=1

ဇာတ်ကားမျိုးစုံ တင်ပေးနေတဲ့
Facebook Group လေး Join ထားပါ
⏬⏬⏬⏬⏬⏬⏬⏬🔗
https://www.facebook.com/groups/1298677384919664/?ref=share&mibextid=NSMWBT

နေစဥ်ဇာတ်ကား အသစ် Ads များတင်ပေးနေတဲ
မင်မင်ရဲ Movie Ads Page လေကိုလဲ
Like or Follow လေး လုပ်ပေးခဲ့ပါအုံး
⏬⏬⏬⏬⏬⏬🔗🔗
https://www.facebook.com/share/1Jk8SLJMfm/

-to-owner-with-respect...

02/08/2026

#မူးယစ်ဂိုဏ်းတစ်ခုကိုဝင်စီးရင်းဒေါ်လာသန်း20ကျော်ကိုမြင်ပြီးနောက် #အဖွဲ့သားချင်းအကုန်လောဘစိတ်တွေနဲ့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ

T*he R**i*p (2026)
➖➖➖➖
IMDB (6.8/10)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ Netflix ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ မက်ဒေမန် (Matt Damon) နဲ့ ဘန်အက်ဖလက် (Ben Affleck) တို့ရဲ့ Crime Thriller ရုပ်ရှင် "RIP" လာပါပြီ The Walking Dead မင်းသား Steven Yeun လည်းပါဝင်ထားပါတယ်

ဇာတ်လမ်းက မိုင်ယာမီ (Miami) မြို့ရဲ့ အထူးမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ (TNT Unit) ကို အခြေခံထားပါတယ်

ရဲအရာရှိတွေဖြစ်တဲ့ Dane (Matt Damon) နဲ့ Byrne (Ben Affleck) တို့ ဦးဆောင်တဲ့ဒီအဖွဲ့ဟာ သူတို့ရဲ့ခေါင်းဆောင်အသတ်ခံရပြီးနောက် သံသယတွေနဲ့ စိတ်ဖိစီးနေကြချိန်ဖြစ်ပါတယ်

ဒီလိုအခြေအနေမျိုးမှာ သူတို့အဖွဲ့ဟာ သတင်းပေးချက်တစ်ခုအရ လူမနေတဲ့ အိမ်ပျက်တစ်ခုကို ဝင်ရောက်စီးနင်းပါတယ်

ပုံမှန် မူးယစ်ဆေးဝါး ရှာဖွေမှုလို့ ထင်ခဲ့ပေမယ့် အဲဒီအိမ်ထဲမှာ ဒေါ်လာသန်း ၂၀ ကျော်ပါတဲ့ ငွေသားတွေကို မမျှော်လင့်ဘဲ ရှာတွေ့သွားပါတယ်

ဒီလောက်များပြားတဲ့ ငွေပမာဏကို မြင်လိုက်ရတဲ့အခါမှာတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး "ဒီငွေတွေကို ငါတို့ပဲ ယူလိုက်ကြမလား" ဆိုတဲ့ လောဘစိတ်တွေ ဝင်လာကြပါတော့တယ်

ပြဿနာက အဲဒီငွေတွေက ပိုင်ရှင်ရှိနေပြီး အိမ်ကိုလည်း အပြင်ကနေ ဝိုင်းထားတာ ခံလိုက်ရတဲ့အခါမှာတော့ အဖွဲ့ထဲမှာ ဘယ်သူ့ကို ယုံရမလဲ ဘယ်သူက သစ္စာဖောက်လဲ

ဒီအခြေအနေကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်

ပုံမှန်ဆိုရင် Matt Damon နဲ့ Ben Affleck ကို တွဲဖက်ညီတဲ့ သူငယ်ချင်းတွေအဖြစ် မြင်ရလေ့ရှိပေမယ့် ဒီကားမှာတော့ သူတို့နှစ်ယောက်ကြားက ယုံကြည်မှုတွေ ပျက်ပြားပြီး အားပြိုင်ကြတဲ့ သရုပ်ဆောင်ချက်တွေကို ထူးထူးခြားခြား မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အိမ်တစ်လုံးထဲမှာ အဓိကထား ရိုက်ကူးထားပေမယ့် ဇာတ်ရှိန် လုံးဝမကျသွားဘဲ လူ့စိတ်သဘောသဘာဝကို ကောင်းကောင်း ပုံဖော်ထားပါတယ်

"The Town"၊ "Triple Frontier" နဲ့ "Training Day" လိုမျိုး ရဲဇာတ်ကား၊ (Heist) ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်

TELEGRAMမှာကြည်ရန်👇👇👇
https://officialtelegramchannel.blogspot.com/2026/02/telegram_52.html?m=1

ဇာတ်ကားမျိုးစုံ တင်ပေးနေတဲ့
Facebook Group လေး Join ထားပါ
⏬⏬⏬⏬⏬⏬⏬⏬🔗
https://www.facebook.com/groups/1298677384919664/?ref=share&mibextid=NSMWBT

နေစဥ်ဇာတ်ကား အသစ် Ads များတင်ပေးနေတဲ
မင်မင်ရဲ Movie Ads Page လေကိုလဲ
Like or Follow လေး လုပ်ပေးခဲ့ပါအုံး
⏬⏬⏬⏬⏬⏬🔗🔗
https://www.facebook.com/share/1Jk8SLJMfm/

-to-owner-with-respect...

02/05/2026

#ကိုရိးယားနာမည်ကြီးမင်းသားတွေပါဝင်တဲ့လူမိုက်ဂန်းစတားအက်ရှင်ကား

A*s*u*r*a: T*he C*i*t*y o*f M*a*d*n*e*ss (2016)
➖➖➖➖
IMDB (6.7/10)

ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက်လာကြတယ်

အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ် သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့ ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ် ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ

သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ

သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ် သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့ ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်

နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ် သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ The king,The Divine Moveနဲ့ Cold eye တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး စပွိုင်လာမပါလေ ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ

TELEGRAMမှာကြည်ရန်👇👇👇
https://officialtelegramchannel.blogspot.com/2026/02/telegram_5.html?m=1

ဇာတ်ကားမျိုးစုံ တင်ပေးနေတဲ့
Facebook Group လေး Join ထားပါ
⏬⏬⏬⏬⏬⏬⏬⏬🔗
https://www.facebook.com/groups/1298677384919664/?ref=share&mibextid=NSMWBT

နေစဥ်ဇာတ်ကား အသစ် Ads များတင်ပေးနေတဲ
မင်မင်ရဲ Movie Ads Page လေကိုလဲ
Like or Follow လေး လုပ်ပေးခဲ့ပါအုံး
⏬⏬⏬⏬⏬⏬🔗🔗
https://www.facebook.com/share/1Jk8SLJMfm/

-to-owner-with-respect...

02/05/2026

#ဘရက်ပစ်နဲ့နာမည်ကြီးတွေပါဝင်ထားတဲ့လက်မလွှတ်သင့်တဲ့_𝙊𝙡𝙙𝘽𝙪𝙩𝙂𝙤𝙡𝙙_ကား

L*e*g*e*n*ds o*f t*he F*a*l*l (1994)

IMDB (7.5/10)

ကျွန်တော်ငယ်ငယ်တုန်းက ၀တၳုတို တစ်ပုဒ်ဖတ်ဖူးတယ် ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကိုမထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်

နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ်အကြောင်းလေးကိုရေးဖွဲ့ထားတာပါ သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့မိမိဆက်
သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်

ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံးစွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုး Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားကဆက်သွယ်ထားတဲ့မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်

ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့တဲ့သဘာ၀မင်းသားကြီးကိုတော့ အားလုံးသိကြမှာပါBrad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသားသရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်

Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ဒီကားမှာပဲ နာမည်ကြီးသွားတယ် ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာသား(၃)ယောက်ရှိတယ် သူ့သား(၃)ယောက်ကို
အစိုးရ၀န်ထမ်းမဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်

သားအလတ်ဖြစ်သူ Brad Pitt ကတော့ညီအကိုထဲမှာ တမူကွဲထွက်နေတယ် ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည် ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်

ပထမ ကမ်ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီးသား(၃)ယောက်လုံးစစ်ထဲ၀င်သွားခဲ့သည် ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama ကားကောင်းတကားပါ

TELEGRAMမှာကြည်ရန်👇👇👇
https://officialtelegramchannel.blogspot.com/2026/02/telegram_1.html

ဇာတ်ကားမျိုးစုံ တင်ပေးနေတဲ့
Facebook Group လေး Join ထားပါ
⏬⏬⏬⏬⏬⏬⏬⏬🔗
https://www.facebook.com/groups/1298677384919664/?ref=share&mibextid=NSMWBT

နေစဥ်ဇာတ်ကား အသစ် Ads များတင်ပေးနေတဲ
မင်မင်ရဲ Movie Ads Page လေကိုလဲ
Like or Follow လေး လုပ်ပေးခဲ့ပါအုံး
⏬⏬⏬⏬⏬⏬🔗🔗
https://www.facebook.com/share/1Jk8SLJMfm/

-to-owner-with-respect...

Want your business to be the top-listed Media Company in Phoenix?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Phoenix, AZ