My Way
ဒေါ်မီမီဝင်းဘတ်ရီတာ ခုမှတွေ့ဖူးလို့..
ဒီရက်ပိုင်းတွေမှာလေ့ကျင့်ခန်းလုပ်ရတာ အရမ်းကျေနပ်တယ်။ တနေကုန်အလုပ်အရမ်းများပြီး ၁၂ နာရီလောက် မနားတမ်းလုပ်ရတော့အိမ်ပြန်လာရင် အိပ်ယာထဲသာလှဲပြစ်ချင်တယ်။ ဒါပေမဲ့ " ငါလူကြားထဲအလှပြဖို့လုပ်နေတာမဟုတ်ဘူး အခက်အခဲဆုံးအချိန်မှာလဲ လုပ်စရာရှိတာကို ရအောင်လုပ်တယ်ဆိုတဲ့ စိတ်ကိုလေ့ကျင့်နေတာ" ဆိုပြီး မရရအောင်လုပ်တယ် ။
ခုနွေဦးတော်လှန်ရေးမှာလဲ ဘယ်နေရာရောက်ရောက် ဘာဖြစ်ဖြစ် ဆင်ခြေမပေးဘဲ လုပ်စရာရှိတာလုပ်နိုင်တာကို အကောင်းဆုံး
လုပ်ကြမယ်။ ကျနော်လဲ လုပ်နေတယ် မိတ်ဆွေလဲလုပ်နေမယ်လို့ယုံတယ် .....
အရေးတော်ပုံအောင်ကိုအောင်ရမယ်
မိတ်ဆွေသာ တော်လှန်ရေးက သတင်းတွေကိုသေသေချာချာ နားထောင်နေရင်
အနိုင်ဘက်ကိုရောက်လာဘီဆိုတာ သိနေလောက်ဘီ။ စိတ်ခံစားချက်တွေကိုခဏဖယ်ပြီး ကိုယ်လုပ်နိုင်တာကိုအခုထက်ပိုလုပ်ကြစို့...
11/09/2022
Click here to claim your Sponsored Listing.
Category
Website
Address
Northampton, MA