JonBurma

JonBurma

Share

Photos from JonBurma's post 09/14/2023

အော်လူတွေများ

ကိုယ်ပူပြီးဖျားနေလို့

နေမကောင်းချိန် ခံတွင်းတောင်းလို့ စားပြတာပါ
ပွဲမရှာကြပါနဲ့ရှင့်🙏🙏🙏

လူအချင်းချင်း ကဲ့ရဲ့ချင်း ကင်းရှင်းကြပါစေနော်

ညီမက အမတို့လို ရွှေလန်ဗန်းနဲ့အချင်းဆေးလာတာမဟုတ်တော့

ကျွန်မအတွက်တော့ ငပိရည်နဲ့တို့စရာက နတ်သုဓာပါဘဲ
ညီမ အမျိုးသား အမေရိကန်နိုင်ငံသားတောင် ငပိနဲ့တို့စရာကို ကြိုက်တယ် အဲဒီလိုဘဲလက်နဲ့အားရပါးရနယ်စားသူပါ
ဟိတ်ကြီးဟန်ကြီးလုပ်ပြီးလဲမစားတတ်ပါဘူး
ငယ်ငယ်ထဲက မိဘတွေကဆင်းရဲတယ် ညီမလဲ သုညဘဝကနေ စလာရတာမို့

လမ်းဘေးကသူတောင်းစားတွေနဲ့လဲ စားပွဲတစ်ဝိုင်းထဲစားဘူးတယ်
ရွာကအလှူတွေမှာ ထမင်းဝိုင်းမှာ ထမင်းစားတဲ့လက်နဲ့ဟင်းတွေထည့်ယူသူကယူ လက်နဲ့ဟင်းနှိုက်သူကနှိုက် ထမင်းစားပြီး ပုဆိုးနဲ့ ထမိန်နဲ့လက်သုပ်သူကသုပ် အဲဒီလိုမြင်ကွင်းတွေကြားထဲ အတူဝိုင်းဖွဲ့ပြီးစားခဲ့ပေမယ့်
ရွံလိုက်တာလို့ ကျွန်မ မပြောမိဘူး ပြောချင်ရင်တောင် ပြောမထွက်ဘူး အကောင်းဘဲကလှည့်တွေးပေးတယ်

အမရယ် အစပ်စားပါတယ်ဆိုမှ နှာရည်ကျမှာပေါ့
ရွှေရည်ကျမလား
လူတစ်ကိုယ်လုံးကထွက်သမျှက အညှိအချွဲဘဲထွက်မှာပေါ့ရှင့်

09/02/2023

ဒီနေ့ ညနေ ၅:၀၀နာရီမှ ၆:၀၀ထိ Live sales လေးလွှင့်ပြီးပစ္စည်းလေးတွေပြပေးမယ်

09/01/2023

ကျောက်သားကောင်းကောင်း ကျောက်စိမ်းချွမ်လေးပါ

Want your public figure to be the top-listed Public Figure in Meridian?
Click here to claim your Sponsored Listing.

Category

Telephone

Address


Meridian, ID
83646