Life In Christ

Life In Christ

Share

12/08/2024

အချိန်ခဏယူပါရစေ။

နားလည်ပေးကြပါ၊အလုပ်ကတစ်ဘက်နဲ့မို့ ဒီနှစ်ကုန် ပြန်ရေးနိုင်အောင်ကြိုးစားသွားပါ့မည်။

ခရစ်တော်၌ညီအစ်ကိုများ သတိရခြင်းများစွာဖြင့်။

ခရစ်တော်၌အသက်တာထဲ ပြန်ဆုံးတွေ့ပါရစေ။

08/15/2023

စစ်မှန်သော ဘာသာရေးသမား။ နှင့် စစ်မှန်သောဘာသာ။

(ယာကုပ် ၁း၂၆-၂၇)
-------------------

လူတိုင်းကဘာသာရေးသမားတွေပါ၊ဘာလို့လဲ??

ဥပမာ = ဘာသာမဲ့ဝါဒနဲ့အသက်ရှင်နေတဲ့လူတွေလည်းပဲ တရားမဲ့စွာ နေပေမည့် သူတို့မသိစိတ်ကဘုရားဆိုတာ တနေတတ်ပါတယ်။

ထုတ်ဖေါ်ပြောလိမ့်မရှိကြဘူး။ အကြံကုန် ညဏ်ခမ်းလာတဲ့အခါ၊ဘုရားဆိုတာ တောင့်တနေတတ်ကြပါတယ်။

ပြဿနာကဘာလဲ ⁉️

ကျနော်တို့ခရစ်ယာန်လောကမှာပါ၊ ဘုရားမဲ့စွာ အသက်ရှင်ကြတဲ့လူတွေအများကြီးရှိလာပြီ။

အထူးသဖြင့် = နှုတ်ကပတ်တော်အတိုင်းရပ်တည်ခြင်းမရှိ၊အထိအတွေ့ ဆိုတဲ့ လက်တွေ့ဘဝနဲ့သာ ဘုရားရှိကြောင်းကို သက်သေပြချင်ကြတယ်။

အဲ့တာကြောင့် ဆိုးကြိုးက ဘုရား၌မှန်ကန်စွာသက်သေမပြနိုင်ကြတော့။

နောက်ဆုံးတော့ ဘုရားမရှိ့ဘူးဆိုတဲ့ စကားထွက်လာတာဖြစ်ပါတယ်။

လူတိုင်းကဘာသာရေးနဲ့မလွတ်ဘူး။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ယာကုပ်ကိုအသုံးပြုပြီး ဘယ်သူတွေကတကယ့်ဘာသာရေးသမားတွေလဲ??

စစ်မှန်သောဘာသာဆိုတာက ဘယ်လိုအရာလဲ??

ဆက်ရန် 👇👇👇

၁။ စစ်မှန်တဲ့ဘာသာရေးသမား။

လျှာကိုထိမ်းနိုင်တဲ့သူဖြင့်ပါသလာ?(ယာကုပ် ၁း၂၆-၂၇)

ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့်တကွဲတပြားပြေးကြတဲ့ Jew လူမျိုးယုံကြည်သူတွေထံ၌ ယာကုပ် စာပါးလိုက်တာဖြင့်ပါတယ်။

အဲ့တာကြောင့် ဖြင့်နိုင်ခြေက ဒီJews ယုံကြည်သူတွေဟာ Pharisees တွေနဲ့ရင်းနှီးနေတဲ့သူတွေဖြစ်တယ်။

သူတို့သည်ရောက်တဲ့နေရာတိုင်းမှာ Pharisees တွေလို တစ်ကယ့်ဘာသာရေးသမား full christian လိုအသက်ရှင်နေကြပြီး။

သူတို့လျှာမထိမ်းသိမ်းနိုင်ကြဘူး၊သင်နဲ့အကျန်ုပ်တို့လိုပေါ့။ အဟန်ပြပြီး အဆန်မပါတဲ့ သရုပ်ဆောင်နေတဲ့ သူတွေပေါ့။

ဘယ်လောက်တောင်ဆိုးသလဲ? 👉ဝါကြွားခြင်း၊ပါးစပ်ပါရင်ရွာရောက်တဲ့လူတွေရယ်၊အသင်းပြောခြင်း၊ ကြိုး (bridle) မပါတဲ့မြင်းကိုမောင်းနေသလိုပေါ့။

အဲ့တာကြောင့် မိတ်ဆွေ သင်နှင့်အကျွန်ုပ်မှာကော အချည်းနှီးသော ဘာသာရေးသမားဖြင့်ရခြင်းဟာ ယနေ့မှစ၍ပြုပြင်ပြောင်းလဲ ဖို့အချိန်တန်ပြီဆိုတာ သတိပြုကြရအောင်။

ဘုရားရှေ့၌ စစ်မှန်ပြီး သန့်ရှင်းတဲ့ ဘာသားရေးသမားဆိုတာ✔✔✔ကိုယ့်ရဲ့ ခန္ဓာကိုယ် ဂရုစိုက်ပြီး ချစ်နေသလို မျိုးပဲ ကိုယ်နဲ့ စပ်ဆိုင်တဲ့လူ ကိုယ်နဲ့ နီးကပ်တဲ့လူတွေကို ချစ်ခြင်းနဲ့ပြုစုပြိုးထောင်ရမှာဖြင့်ပါတယ်။

ယခုနေ့ရက်ကာလက ကျနော်တို့ယုံကြည်သူတွေအတွက် အသင်းပြောပြီးအချိန်ဖြုန်းနေဖို့မဟုတ်တော့ဘူး။

ကာလအချိန်ကိုရွေးနုတ် ရွေးယူရမည့်အချိန်ရောက်နေပါပြီ၊မိမိအသက်တာကိုလည်း လောက တပ်မက်ခြင်းတွေနဲ့ ရိုက်လှဲမသွားအောင် နှုတ်ကပတ်တော်၌အသက်ရှင်နိုင်ဖို့လည်း အရမ်းအရေးကြီးပါတယ်။

ထိုမျှသာလျှင် ဘုရားသခင်​၏ စစ်မှန်သော ဘာသာရေးသမားဖြစ်ပါသည်။

👇👇👇

၂။ စစ်မှန်တဲ့ဘာသာ (ယာကုပ် ၁း၂၆-၂၇)

တစ်ချို့တရားဟောဆရာတွေပြောလေ့ရှိ့တယ် ''ငါတို့သည် ဘာသားရေးအကြောင်းဟောပြောနေတာမဟုတ်ဘူး။

ခရစ်တော်​၏ သတင်းကောင်းကိုဟောပြောနေတာဖြင့်တယ်''

သူတို့ပြောတဲ့စကားက နားထောင်လို့ကောင်းတယ်၊မှန်သလိုလိုဖြင့်ပေမည့် ကြောက်စရာကောင်းတဲ့ statement ဖြစ်ပါတယ်။

#ဘာသာရေးဆိုတာဘာ့ကြောင့်ခေါ်တာလဲ?

၁။ ဝိညာဥ်ရေးရာ (spiritual aspect)
၂။ လူ့ကျင့်ဝတ်တရား (personal aspect)
၃။ လူမှုရေး social aspect)

👇👇👇

၁။ ဝိညာဥ်ရေးရာ (spiritual: the belief system) အယူအဆ။

၂။ လူ့ကျင့်ဝတ်တရား (Relatioship with God) လူနှင့်ဘုရားဆက်သွယ်မှု။

၃။ လူမှုရေးရာ (the church or Social)

စစ်မှန်သော ဘာသာဆိုတာ ဒီအရာတွေရှိဖို့လိုအပ်ပါတယ်။

ကျနော်တို့ခရစ်တော်အကြောင်းပဲဟောနေတယ် ဆိုတာမှားယွင်းသောအရာဖြစ်ပါတယ်။

ကျွန်တော်တို့ဟောနေတာက စစ်မှန်တဲ့(pure religion) ဘာသာရေးအကြောင်းဟောနေတာပါ။

ထိုဘာသာထဲကိုခရစ်တော်ဟာမိမိကယ်တင်ပိုင်ရှင်အဖြင့်ယုံကြည်လက်ခံမှသာလျှင် ဤစစ်မှန်တဲ့ဘာသာ (pure religion)ထဲဝင်ခွင့်ရမှာဖြစ်ပါတယ်။

ကောင်းတာလုပ်မှကောင်းကင်ရောက်မယ်၊ဆိုတာ ကျမ်းစာထဲမှာမရှိဘူး။ စစ်မှန်သော ဘာသာထဲမှာလည်း ဟောမထားဘူး ဆိုတာမမေ့ပါနဲ့။

အဲ့တာကြောင့် ဘုရားသခင်ပြင်ဆင်ပေးသနားတဲ့ အမှု့ပေါ်မြတ်မှာ သူတစ်ပါးကို ကွပ်မျက်ခြင်းမပြုရဘူး။

အထူးသခြင့် စစ်မှန်သော ဘာသာထဲက မှန်ကန်သောဘာသာသမား၊ဖြစ်လိုလျှင် နှုတ်ကိုချုပ်တည်းနိုင်ရမည်။

⏬⏬⏬

ဘုရားသခင်ထံက ပြည့်စုံတဲ့အဖြေနှင့် မိမိ​၏နှုတ်ကိုချုပ်တည်းနိုင်သောသူတွေဖြစ်ပါစေ။

🔽🔽🔽

!

မှ

#နေ့စဉ်ခွန်အား။

အချိန်မှန်မရေးပေးနိုင်တဲ့ အတွက် ခရစ်တော်​၏ နာမတော်အားဖြင့် အထူးတောင်းပန်လိုပါသည်။

06/28/2023

ဒံယေလ​၏ ဆုံးဖြတ်ချက်နှင့်လက်တွေ့။
=========================

(Do till the end what you have decited)ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖေါ်ပါ။

(ဒံယလေ ၁း၈-၂၀)
------------------

👇👇👇

ဒံယေလခတ်​၏ အသက်တာကိုကြည့်လိုက်တဲ့အခါIsraelites တွေက Babylon ကိုအုပ်စိုးပြီး၊ဘုရင် Nebuchanezarက သိမ်းပိုက်တဲ့အချိန်ဖြင့်ပြီး ဒီ Israelites တွေလဲသူတို့ Jerusalemမြို့မှာ မနေတော့ပဲ သူများနိုင်ငံဖြင့်တဲ့ Babylon မှာသွားရောက်နေထိုင်နေကြတာဖြင့်ပါတယ်။

ဒံယေလဟာသူများနိုင်ငံကျွန်ခံတဲ့အခါမှာ၊ ဣသရေလ လူမျိုးတွေ လိုက်လျှောက်ရမည့် law (ဥပဒေ)မရှိ့တဲ့နေရာဖြင့်ပါတယ်။

ဆိုလိုရင်းက Jerusalem မှာလိုက်လျှောက်ရမည့် ဘုရားရဲ့ (ဥပဒေ) law နဲ့စည်းမျည်းစည်းကမ်းတွေနဲ့ဝေးတဲ့ Babylon မှာ သူတို့နေချင်သလိုနေ လုပ်ချင်တာလုပ်၊ စားချင်ရာ စားလို့ရတဲ့နေရာရောက်ကြတာဖြင့်ပါတယ်။

သို့သော် 👇👇👇

ဒံယေလအတွက်တော့ နေရာဒေသနဲ့မဆိုင်ဘူး၊ရောက်လေရာ အရပ်မှာ ထာဝရဘုရားနဲ့မှန်ကန်စွာ အသက်ရှင်ဆုံဖြတ်ချက် ချထားတာကိုတွေ့ရတယ်။

ဒါနဲ့ပဲပြီးမသွားဘူး။ (ဒံယေလ ၁:၈""👇👇👇

သူ့ရဲ့ဆုံးဖြတ်သည့်အတိုင်း သူတို့​၏နေရာသည် ဘုရားကိုကြောက်ရွံ့ကိုးကွယ်တဲ့နေရာဖြစ်တယ်။

အဆုံးတိုင်အောင်လည်း ဘုရား​၏အမှုတော်ကိုထမ်းဆောင်သွားတာမြင်တွေ့ရပါတယ်။

(ဒံယလေအနာဂတ်တိကမျြး၊၁:၈)
---------------------------

ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။

⏬⏬⏬

အဲ့တာကြောင့် အချင်းမိတ်ဆွေ သင်ယခု အခုဘယ်ရောက်နေသလဲ?

ဘယ်လိုနေရာမှာ သင်နေ နေသလဲ? ဘုရားအတွက်ချထားတဲ့ ဆုံဖြတ်ချက်ကို အဆုံးတိုင်အောင် ထမ်းဆောင်ပါရဲ့လာ?

#မှတ်ချက် #

ဒံယေလသည်၊ဧကန်အမှန် ✅ ဘုရား​၏ကျေးဇူးတော်ကြောင့် ကောင်းချီးများစွာခံစားရပါတယ်။

သို့သော်

အဲ့ဒီခံစားရတဲ့ ကောင်းချီးမင်္ဂလာ အလွဲစားမလုပ်ခဲ့ဘူး၊ပိုပြီးတိုး၍ ဘုရားအတွက် အသက်ရှင်လေပါပဲ။

အဲ့တာကြောင့် ဒီကနေ့ ကျနော်/ကျမတို့သည်လည်း ဘုရား၌တည်ထားသော ဆုံဖြတ်ချက်ကို လက်တွေ့ဘဝမှာ အသုံးချပြီး ဘုရားအတွက် အားမန်မလျှော့ပဲလျက် ခရစ်တော်၌မှန်ကန် အသက်ရှင်သွားဖို့ရာ တိုက်တွန်းနှိုးဆော်ချင်ပါသည်။

!

မှ

#နေ့စဉ်ခွန်အား။

Want your place of worship to be the top-listed Place Of Worship in Keller?
Click here to claim your Sponsored Listing.

Category

Website

Address


Keller, TX
76248