ONE STAR

ONE STAR

Share

02/12/2024

“စစ်ပွဲတွေရပ်" ဆိုတဲ့ သီချင်းလေးကို မဆိုပြတော့ဘူးလားတဲ့…ခုတလော လာလာမေးကြတယ်။

ဒီသီချင်း ထွက်ခဲ့တဲ့ ၂၀၁၅ တုန်းက TV channel တစ်ခုမှာပြတဲ့ အဆိုပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေကို ဒီသီချင်းနဲ့ပြိုင်ခွင့်ပိတ်ခဲ့တယ်။

ဒီသီချင်းပါတဲ့ "နာမည်ကျန်နေရစ်မယ်" အခွေကိုထုတ်လို့…ဖြူဖြူကျော်သိန်းကို အနုပညာလောက ကနေ သုံးနှစ်အတွင်း ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတယ်။

၂၀၁၅ “ပျဉ်းမနားသီတင်းကျွတ်” မှာ ဖြူဖြူကျော်သိန်းကိုငှားရင် ဒီသီချင်း မဆိုဖို့ ပြောရမယ်တဲ့၊ ဆိုမယ်ဆို မငှားရဘူးတဲ့။

၂၀၁၉ “Rock for Justice” ပွဲမှာ တိုင်းရင်းသားဒေသတွေကစစ်ပွဲတွေအကြောင်းပြောပြပြီး ဒီသီချင်းကိုဆိုတော့ မြို့ကြီးသားတွေက အပိုတွေပါလို့ ဘလိန်းခဲ့ကြတယ်။

၂၀၁၉ ကျိုက္ကဆံကွင်းမှာလုပ်တဲ့ “သွေးချင်းတို့ရဲ့ပွဲ” ဆိုတဲ့ တိုင်းရင်းသားစုံညီပွဲမှာတော့…စင်နောက်မှာလာပြောတယ်၊ အဲ့ဒီသီချင်းမဆိုဖို့ စစ်ဖက်က ညွှန်ကြားလို့တဲ့။

"စစ်ပွဲတွေရပ်" ဆိုတဲ့ သီချင်းကို အင်မတန်ကြောက်တဲ့ အရပ်ဒေသမှာ စစ်‌ပွဲတွေ တရစပ်ရောက်လာတာ ထူးဆန်းနေကြသေးတာလား။
သီချင်းစာသားမှာ ဘယ်သူတစ်ဦးတစ်ယောက်တစ်စုတစ်ဖွဲ့ရဲ့ နာမည်မှ မပါဘူး။ စစ်ပွဲတွေရဲ့ ခါးသီးမှုကိုပဲ ယေဘုယျ ပြောထားတာ။

အင်အားကြီးလှပါတယ်ဆိုတဲ့ စစ်တပ်ကြီးက လူတွေက ဒီသီချင်းလေးကို ဘာလို့ အဲ့ဒီလောက်ကြောက်ခဲ့ကြမှန်း နားမလည်ခဲ့ဘူး။
တကယ်တော့ အဲ့အချိန်က ငြိမ်းချမ်းရေးပွဲတွေ ခေတ်စားနေခဲ့တာ။ အဲ့လိုချိန်မျိုးမှာ “စစ်ပွဲတွေရပ်” ဆိုတဲ့ သီချင်းကို ဘာလို့ပိတ်ပင်တာလဲလို့ အံ့ဩမိတယ်။
ဪ…ထူးဆန်းလိုက်တာ၊ လက်စသတ်တော့ စစ်ပွဲတွေ မရပ်ချင်တာ သူတို့ပါလားလို့ပဲ နားလည်လိုက်ရတယ်။

ခုကျတော့…”စစ်ပွဲတွေရပ်” ဆိုတဲ့သီချင်းလေးမဆိုတော့ဘူးလားတဲ့ လူတွေက မေးကြပြန်တယ်။
ဘယ်အရာမဆို သူ့အချိန်နဲ့သူပဲ ကောင်းတယ်လေကွယ်… …

တခါမှ မသိဖူး၊ နားမထောင်ဖူးသေးတဲ့ သူတွေအတွက်တော့ မန့်မှာ ချပေးထားပါတယ်။
https://youtu.be/ahuAjDR6pRE?si=rROBkPk1qnEgopl0

Want your business to be the top-listed Photography Service in Katy?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Brighton Springs Lane
Katy, TX
77449