Myanmar Forever Liverpoolfc Supporters

Myanmar Forever Liverpoolfc Supporters

Share

Nearby media companies

Park City Style Magazine
Park City Style Magazine

Myanmar Forever Liverpool FC Supporters 🇲🇲
Since 2013 | Where True Fans Connect, Cheer & Inspire 🔥

We do not promote gambling — only pure Liverpool spirit ❤️
#MFLS #YNWA

07/13/2026

🔴🏆 ပရိသတ်တွေအတွက် ဂုဏ်ယူစရာကောင်းတဲ့ လီပါပူးလ်အသင်းပုံစံကို ပြန်လည်ဖန်တီးပေးချင်တယ် လို့ဆိုလာတဲ့ လီဗာပူးလ်နည်းပြသစ် 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂....... ✍️

လီပါပူးလ်နည်းပြသစ် 𝑨𝒏𝒅𝒐𝒏𝒊 𝑰𝒓𝒂𝒐𝒍𝒂 ဟာ သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အသင်းပရိသတ်တွေနဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟပြောကြားခဲ့ပါတယ်။

🗣️ “လီပါပူးလ်ပရိသတ်တွေ ဂုဏ်ယူနိုင်မယ့် အသင်းကောင်းပုံစံတစ်ခု ပြန်ဖြစ်လာဖို့ ကျွန်တော် လိုချင်ပါတယ်။ ဒီကလပ်အတွက် ဘောလုံးဆိုတာ ပရိသတ်တွေနဲ့ အချိတ်အဆက်မိမိနေနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

ပြိုင်ဘက်အဖြစ် အန်ဖီးလ်ကို လာရောက်ခဲ့တုန်းက ဒီကွင်းရဲ့ အားပေးမှုကို ကျွန်တော် ကိုယ်တိုင် ခံစားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်ကို 𝑭𝒆𝒅𝒆𝒓𝒊𝒄𝒐 𝑪𝒉𝒊𝒆𝒔𝒂 ဂိုးသွင်းခဲ့တဲ့အချိန် အန်ဖီးလ်တစ်ကွင်းလုံးရဲ့ တုံ့ပြန်မှုကိုလည်း ကျွန်တော် မှတ်မိနေဆဲပါ။

အဲ့ဒီလို ခံစားချက်မျိုးကို ကျွန်တော်တို့လည်း ပိုင်ဆိုင်ချင်တာပါ။ ဒါပေမယ့်လည်း အရာအားလုံးက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကနေ စတင်ရမယ်ဆိုတာ သိထားပါတယ်။

ကျွန်တော်တို့ဟာ ကြိုးစားအားထုတ်မှုအပြည့်၊ အားမာန်အပြည့်နဲ့ တိုက်စစ်ဆင်ကစားတဲ့ အသင်းတစ်သင်း ဖြစ်လာစေ ရပါမယ်။ ဒါမှသာ ပရိသတ်တွေနဲ့ အသင်းကြားက ချိတ်ဆက်မှု ပိုမိုခိုင်မာလာပြီး လီပါပူးလ်ကို အားပေးရတာ ဂုဏ်ယူစရာဖြစ်လာမှာပါ။”

❤️ နည်းပြဘဝ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာပဲ ပရိသတ်တွေအတွက် သူတည်ဆောက်ပေးချင်တဲ့ လီပါပူးလ်အသင်းပုံစံကို 𝑰𝒓𝒂𝒐𝒍𝒂 က ရှင်းရှင်းလင်းလင်း ပြောပြသွားခဲ့တာပါ.....။🔴

07/13/2026

🔴🏆 နည်းပြသစ် အီရာအိုလာရဲ့ဦးဆောင်မှုအောက်မှာ လီဗာပူးလ်အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့ ယုံကြည်နေတဲ့ ဆိုဘိုစလိုင်း.....။✍️🇭🇺

Szoboszlai 🗣️:

“ကျွန်တော်တို့မှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသေးတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ နည်းပြသစ် Andoni Iraola နဲ့အတူ အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ဦးတည်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။...”🔴✨

07/13/2026

Ibrahima Konaté 🗣️

“ရီးရဲလ်မက်ဒရစ်ဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကလပ်အသင်း ပါ။ ထူးခြားတဲ့ ကလပ်တစ်သင်းဖြစ်သလို ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ဂျာစီကို ကိုယ်တိုင် မဝတ်ရသေးသရွေ့တော့ ကျွန်တော် ယုံကြည်နိုင်ဦးမှာ မဟုတ်ပါဘူး။

Want your business to be the top-listed Media Company in Denver?
Click here to claim your Sponsored Listing.

Website

Address


Lima Street
Denver, CO