BEHS - 2Dalla
အခြေအနေအရပ်ရပ်ကြောင့်
ကျောင်းနဲ့ပတ်သက်ပြီး posts
မတင်နိုင်သေးပါဘူးနော် မကြာတော့တဲ့ အချိန်မှာ ပျော်စရာတွေနဲ့အတူ ပြန်လာပါမယ်
အမှတ်တရတွေအများကြီးဘဲ
သို့သော်လည်း
08/09/2020
၂၀၂၀ပြည့်နှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒလမြို့နယ် အောင်စာရင်း
✅ ဖျက်စရာမလိုသော မျဉ်းကြောင်းများ ✅
တစ်ရက်မှာ ဆရာဖြစ်သူက
စာသင်ခန်းထဲဝင်လာပြီး
အတန်းသားတွေကို...
" သားတို့ ...
သားတို့ကို ဒီနေ့ ဘဝအတွက်
အလွန် အရေးကြီးတဲ့သင်ခန်းစာတခု
သင်ပေးမယ်။
အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ "
လို့ပြောပြီး...
ကျောက်သင်ပုန်းပေါ်မှာ
မြေဖြူနဲ့ မျဉ်းဖြောင့်တကြောင်းကို
ခပ်ရှည်ရှည်လေး ဆွဲ လိုက်ပါတယ်။
ပြီးတော့ ...
သားတို့...
" ဒီမျဉ်းကို တိုသွားအောင်
ဘယ်သူ လုပ်နိုင်မလဲကွယ် "
လို့ မေးလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ...
ကျောင်းသားတယောက်က
ကျောက်သင်ပုန်းရှေ့ထွက်လာပြီး
မျဉ်းကို အလယ်ကနေ တဝက်လောက်
ဖျက်လိုက်ပါတော့တယ်... ။
" ဆရာ..
အခု ဆရာဆွဲထားတဲ့မျဉ်းကြောင်း
တိုသွားပါပြီ ခင်ဗျာ " လို့
ပြောလိုက်ပါတယ်... ။
ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီး
နဂိုမူလ အရှည်လောက် မျဉ်းကို
ပြန်ပြီး ရေးဆွဲလိုက်ပါတယ် ... ။
" ဒီလိုတော့ မလုပ်ပါနဲ့သားရယ်...
မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာ
မူလ မျဉ်းကို မထိခိုက်စေချင်ဘူး "
တတန်းလုံးလည်း တော်တော်ကြာကြာ
ငြိမ်နေကြပြီးနောက်...
ကျောင်းသားတယောက်ထွက်လာပြီး
မူလမျဉ်းနဲ့ ယှဉ်လျက်
ပိုပြီး ရှည်တဲ့မျဉ်းတကြောင်းကို
ရေးဆွဲ ပြလိုက်ပြီး...
" ဆရာ ...
အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ "
အဲဒီတော့မှ
ဆရာကပြုံးပြီး... အားလုံးကို
" သားတို့...
ဒီမျဉ်းကြောင်း ၂ ခု အကြောင်း
ဆရာ သင်ကြားပေးတာလေးကို
တသက်လုံး မှတ်သားထားကြပါ "
" မျဉ်းရှည်တကြောင်းကို ဖျက်သလို
ကိုယ်ထက် သာနေတဲ့ သူတယောက်ကို
ဖျက်စီးတာမျိုး သားတို့ဘဝမှာ
မလုပ်မိကြပါစေနဲ့ "
ကိုယ်က သူ့ထက်ပိုသာအောင်
ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးကိုသာ
မွေးမြူကြပါ။
ဒါမှသာ ...
သားတို့ဟာ လူ့ဘဝမှာ ယဉ်ကျေးလိမ္မာတဲ့
စိတ်ချမ်းမြေ့ရတဲ့လူသားတွေဖြစ်လာမှာပေါ့..
သူများကို ဖျက်စီးမဲ့လမ်းကိုရွေးမယ်ဆိုရင်
ထိုသူဟာ သမ္မတဖြစ်ဖြစ် ၊
ဝန်ကြီးဖြစ်ဖြစ် သူဌေး ဖြစ်ဖြစ်
ဘာသာရေးဆရာ ဖြစ်ဖြစ်
ဘာကြီးပဲဖြစ်နေ ဖြစ်နေ…
စိတ်ဓါတ်အောက်တန်းကျသူ
ဘဝမှာ ပျော်ရွှင်မှု တွေ
ဆိတ်သုန်းရသူ ဖြစ်ပြီး ...
တမလွန်မှာရော လက်ငင်းဘဝမှာပါ
မိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများ
ဖြစ်ကြမှာ စိုးရိမ်မိပါတယ်... ။
မှတ်ထားကြနော် ...။
Credit....
✅ ဖ်က္စရာမလိုေသာ မ်ဉ္းေၾကာင္းမ်ား ✅
တစ္ရက္မွာ ဆရာျဖစ္သူက
စာသင္ခန္းထဲဝင္လာၿပီး
အတန္းသားေတြကို...
" သားတို႔ ...
သားတို႔ကို ဒီေန႔ ဘဝအတြက္
အလြန္ အေရးႀကီးတဲ့သင္ခန္းစာတခု
သင္ေပးမယ္။
အားလုံးၿငိမ္ၿပီး နားေထာင္ေပးၾကပါ "
လို႔ေျပာၿပီး...
ေက်ာက္သင္ပုန္းေပၚမွာ
ေျမျဖဴနဲ႔ မ်ဉ္းေျဖာင့္တေၾကာင္းကို
ခပ္ရွည္ရွည္ေလး ဆြဲ လိုက္ပါတယ္။
ၿပီးေတာ့ ...
သားတို႔...
" ဒီမ်ဉ္းကို တိုသြားေအာင္
ဘယ္သူ လုပ္ႏိုင္မလဲကြယ္ "
လို႔ ေမးလိုက္ပါတယ္။
ခ်က္ခ်င္းဆိုသလိုပဲ...
ေက်ာင္းသားတေယာက္က
ေက်ာက္သင္ပုန္းေရွ႕ထြက္လာၿပီး
မ်ဉ္းကို အလယ္ကေန တဝက္ေလာက္
ဖ်က္လိုက္ပါေတာ့တယ္... ။
" ဆရာ..
အခု ဆရာဆြဲထားတဲ့မ်ဉ္းေၾကာင္း
တိုသြားပါၿပီ ခင္ဗ်ာ " လို႔
ေျပာလိုက္ပါတယ္... ။
ဆရာက ေခါင္းကို ခါရမ္းလိုက္ၿပီး
နဂိုမူလ အရွည္ေလာက္ မ်ဉ္းကို
ျပန္ၿပီး ေရးဆြဲလိုက္ပါတယ္ ... ။
" ဒီလိုေတာ့ မလုပ္ပါနဲ႔သားရယ္...
မ်ဉ္းကို တိုသြားေအာင္ လုပ္တဲ့ေနရာမွာ
မူလ မ်ဉ္းကို မထိခိုက္ေစခ်င္ဘူး "
တတန္းလုံးလည္း ေတာ္ေတာ္ၾကာၾကာ
ၿငိမ္ေနၾကၿပီးေနာက္...
ေက်ာင္းသားတေယာက္ထြက္လာၿပီး
မူလမ်ဉ္းနဲ႔ ယွဉ္လ်က္
ပိုၿပီး ရွည္တဲ့မ်ဉ္းတေၾကာင္းကို
ေရးဆြဲ ျပလိုက္ၿပီး...
" ဆရာ ...
အခု ဆရာ့မ်ဉ္း တိုသြားပါၿပီ ခင္ဗ်ာ "
အဲဒီေတာ့မွ
ဆရာကၿပဳံးၿပီး... အားလုံးကို
" သားတို႔...
ဒီမ်ဉ္းေၾကာင္း ၂ ခု အေၾကာင္း
ဆရာ သင္ၾကားေပးတာေလးကို
တသက္လုံး မွတ္သားထားၾကပါ "
" မ်ဉ္းရွည္တေၾကာင္းကို ဖ်က္သလို
ကိုယ္ထက္ သာေနတဲ့ သူတေယာက္ကို
ဖ်က္စီးတာမ်ိဳး သားတို႔ဘဝမွာ
မလုပ္မိၾကပါေစနဲ႔ "
ကိုယ္က သူ့ထက္ပိုသာေအာင္
ႀကိဳးစားမယ္ဆိုတဲ့စိတ္မ်ိဳးကိုသာ
ေမြးျမဴၾကပါ။
ဒါမွသာ ...
သားတို႔ဟာ လူ့ဘဝမွာ ယဉ္ေက်းလိမၼာတဲ့
စိတ္ခ်မ္းေျမ့ရတဲ့လူသားေတြျဖစ္လာမွာေပါ႔..
သူမ်ားကို ဖ်က္စီးမဲ့လမ္းကိုေရြးမယ္ဆိုရင္
ထိုသူဟာ သမၼတျဖစ္ျဖစ္ ၊
ဝန္ႀကီးျဖစ္ျဖစ္ သူေဌး ျဖစ္ျဖစ္
ဘာသာေရးဆရာ ျဖစ္ျဖစ္
ဘာႀကီးပဲျဖစ္ေန ျဖစ္ေန…
စိတ္ဓါတ္ေအာက္တန္းက်သူ
ဘဝမွာ ေပ်ာ္ရႊင္မႈ ေတြ
ဆိတ္သုန္းရသူ ျဖစ္ၿပီး ...
တမလြန္မွာေရာ လက္ငင္းဘဝမွာပါ
မိမိျပဳသည့္ကံ မိမိ ျပန္ခံစားရသူမ်ား
ျဖစ္ၾကမွာ စိုးရိမ္မိပါတယ္... ။
မွတ္ထားၾကေနာ္ ...။
Credit....
Click here to claim your Sponsored Listing.
Category
Website
Address
Dallas, TX