The Hub Myanmar
"ရုံးပိတ်ရက်မှာ ကိုရီးယားကားကြည့်ရင်း ချင်းဂု နဲ့ chill မယ်။"
#အထာတွေမလိုဘူးChingu
အထက ( ၅ ) ဗိုလ်တစ်ထောင်ကျောင်း အရှေ့မှာမုန့်ပတ်စားမယ်
“ကျောင်းရှေ့ မုန့်ဈေးတန်းဆိုတာ အရသာတွေတင်မဟုတ်ဘူး… ငယ်ဘဝအမှတ်တရတွေပါ ပြန်တွေ့ရတဲ့နေရာလေးပါ။ 💛”
ဒီတစ်ခေါက်တော့ ဆုလင်းတစ်ယောက် ရန်ကုန်၊ ဗိုလ်တထောင် အထက(၅) ကျောင်းရှေ့ မုန့်ဈေးတန်းကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းဆင်းချိန်ဆို လူစည်ကားပြီး ကျောင်းသား၊ ကျောင်းသူတွေအပြည့်နဲ့ အသက်ဝင်နေတဲ့ ဒီနေရာမှာ…
🥞 မုန့်လင်မယား
🥛 နို့အားချောင်း
🍖 အသားပေါင်း
🔥 အသားကင်
စတဲ့ ကျောင်းသားဘဝနဲ့ မခွဲနိုင်တဲ့ မုန့်လေးတွေကို လိုက်လံမြည်းစမ်းပြီး အရသာ၊ ဈေးနှုန်းနဲ့ ဘာကြောင့် ဒီနေ့ထိ လူကြိုက်များနေလဲဆိုတာကို မျှဝေပေးထားပါတယ်။
ဒါတင်မကသေးပါဘူး။ ကျောင်းရှေ့ဈေးတန်းလေးမှာ ကလေးတွေအကြိုက် အရုပ်နဲ့ ကစားစရာမျိုးစုံ၊ အရောင်အသွေးစုံ အလှမွေးငါးလေးတွေလည်း ရောင်းချပေးနေတာကြောင့် လမ်းလျှောက်ရင်း ကြည့်ရတာတောင် ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ 🐠✨
ကျောင်းရှေ့ မုန့်ဈေးတန်းလေးရဲ့ ရိုးရှင်းတဲ့အရသာတွေ၊ လူနေမှုဘဝရဲ့ နွေးထွေးမှုတွေနဲ့ ငယ်ဘဝအမှတ်တရတွေကို ဒီ Video ထဲမှာ အတူတူ ပြန်လည်ခံစားကြည့်လိုက်ပါနော်။ ❤️
#အထက၅ဗိုလ်တထောင်
မြန်မာငွေ သုံးသိန်းကျပ်ထဲနဲ့ ပြင်ဦးလွင်မှာ အပန်းဖြေမယ်
💰 မြန်မာငွေ ၃ သိန်းကျပ်ရှိရုံနဲ့ ပြင်ဦးလွင်မှာ Luxury Vibes လည်းရ၊ လည်စရာနေရာတွေလည်း အေးအေးဆေးဆေးလည်လို့ရပြီး အေးအေးချမ်းချမ်းနေလို့ရတယ်ဆိုတာ ယုံလား?
ပြင်ဦးလွင်ကို Weekend Trip သွားဖို့ စဉ်းစားနေသူတွေ၊ Budget မျှတပြီး အမှတ်တရကောင်းကောင်းဖန်တီးချင်သူတွေအတွက် ဒီ Video လေးက Idea ကောင်းတစ်ခုဖြစ်မှာပါ။
Video အဆုံးထိကြည့်ပြီး သင်အကြိုက်ဆုံးနေရာက ဘယ်တစ်နေရာလဲဆိုတာ Comment မှာ မျှဝေပေးခဲ့နော်။ 💚
ပြင်ဦးလွင်ရဲ့ အကောင်းဆုံး ရှမ်းထမင်းပုံစားဆိုင်ကို သိပြီးပြီလား?
🍛 ပြင်ဦးလွင်ရောက်ရင် ရှမ်းထမင်းပုံစားကောင်းကောင်း စားချင်သူတွေအတွက် ဒီဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ အရသာကောင်း၊ စျေးလဲတန်ပြီး ရှမ်းအရသာစစ်စစ်ကို စားနိုင်တဲ့ဆိုင်လေးပါ။
ဘယ်လိုအရသာလဲဆိုတာ Video လေးကို အဆုံးထိကြည့်ပြီး ကိုယ်တိုင်သွားမြည်းစမ်းကြည့်လိုက်တော့နော်။ 😋
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Chicago, IL