Freedom for Burma

Freedom for Burma

Share

01/28/2026

India ဇာတ်နိမ့် ဇာတ်ပျက် တစ်ကောင် ရဲ့ မှတ်တမ်း၊

ဒါ IIMM မှာ မှတ်တမ်းတင်မယ်။

နိုင်အဏ္ဏဝါ

01/23/2026

ဘွဲ့လွန်ဖြေရန်ပြင်ထားပါ
————————————-
ရိုဟင်ဂျာကိစ္စ ICJ မှာ ပွဲကောင်းလာတော့မှ အသံတွေ စီခနဲ ပြန်ထွက်လာတယ် _ “ ရိုဟင်ဂျာဆိုတာ ရှိ / မရှိ ၊ တိုင်းရင်းသား ဟုတ် / မဟုတ် “ ။ ဒါတွေက မူလတန်းမေးခွန်းတွေ ဖြစ်သွားပီ ။ အခု ရိုဟင်ဂျာကိစ္စနဲ့ပတ်သတ်တဲ့ ICJ မေးခွန်းတွေက တက္ကသိုလ်အဆင့်မေးခွန်းတွေ ။ တက္ကသိုလ်တက်နေတဲ့လူက မူလတန်းမေးခွန်းတွေကို အကြိမ်ကြိမ်အဖန်ဖန် ပြန်ဖြေနေစရာမလိုဘူး ။

ICJ ကနေ ဘွဲ့ပေးလိမ့်မယ် _ မြန်မာ = လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သောနိုင်ငံ ။ ရိုဟင်ဂျာ = ကျူးလွန်ခံရသောလူမျိုး ။

ဒီဘွဲ့အတွက် ရင်ထဲမှာ တကယ်ခံစားရတယ် ။ ကျနော်ကိုယ်တိုင်က ရိုဟင်ဂျာတဝက် ၊ ဗမာအစိတ်သား ၊ အိန္ဒိယအစိတ်သား ။ နှစ်ဖက်လုံးနဲ့ အမျိုးတော်တယ်ဗျာ ။ ကျနော် မှတ်ပုံတင်လုပ်တော့ အဖေ့ဘက်ကအမျိုး ဗုဒ္ဓဘာသာဘုန်းကြီးကိုယ်တိုင် လိုက်ကူညီခဲ့တာတွေရှိတယ် ။ ကျနော်ကိုယ်တိုင် မှတ်ပုံတင်လုပ်တော့မှ “ ဟ ! ငါ့အမျိုးအရင်းထဲမှာ ဗုဒ္ဓဘာသာတွေ ရှိနေပါလား “ ဆိုတာ သိတာ ။
ဆိုတော့ မြန်မာဗုဒ္ဓဘာသာတိုင်း ရက်စက်နေတာမဟုတ်ဘူးဆိုတာလည်း ကျနော် သိတယ် ။

ဒါပေမဲ့ မြန်မာပြည်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သောနိုင်ငံလို့ ဘွဲ့တံဆိပ်တပ်ခံရမယ် ။ ဒီဘွဲ့နောက်ပိုင်းမှာ ဘွဲ့လွန်မေးခွန်းတွေလည်း မြန်မာပြည်ဟာ ဖြေပေးရတော့မယ် ။

ဂုဏ်သိက္ခာသပ်သပ် မကသော
——————————————-
“ ICJ ဆုံးဖြတ်ချက်ဟာ ဂုဏ်သိက္ခာထိခိုက်ရုံလောက်ပါကွာ “ လို့ ခပ်ပေါ့ပေါ့ တွေးကြသူတွေ ရှိမယ် ။ ဂုဏ်သိက္ခာပိုင်းထက်ပိုတဲ့ စီးပွါးရေးဆိုင်ရာ သက်ရောက်မှုတွေပါ ရှိလာပါလိမ့်မယ် ။ အသိသာဆုံးပြောရရင် နစ်နာသူတွေကို လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိလာပါလိမ့်မယ် ။ မူလနစ်နာသူရိုဟင်ဂျာတွေ ၊ ထပ်ဆင့်နစ်နာရသူ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့ကို မြန်မာနိုင်ငံက လျော်ကြေးပေးရပါလိမ့်မယ် ။ တချီတခါတည်း ပေးရုံနဲ့ မပီးပြတ်ပဲ ဆယ်စုနှစ်ပေါင်းများစွာချီပီး လျော်ကြေးပေးရပါလိမ့်မယ် ။
ဥပမာ _ ၁၉၈၂ နိုင်ငံသားဥပဒေသည် နာဇီနျူရင်ဘတ်ဥပဒေကဲ့သို့ ရိုဟင်ဂျာတွေရဲ့ ဘဝ ကို ဖျက်ဆီးခဲ့သောကြောင့် ၁၉၈၂ ကနေ စပီး ဥပဒေအာဏာသက်ရောက်ရာကာလအထိတိုင် ပေးရပါလိမ့်မယ် ။ “ ငါတို့ အချုပ်အခြာအာဏာကွ “ ဆိုပီး ၁၉၈၂ ဥပဒေကို ဖျက်သိမ်းမပေးသရွေ့ လျော်ကြေးပေးရပါမယ် ။ မပေးဘူးကွာလို့ တင်းခံလို့ မရပါဘူး ၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက်နိုင်ငံတိုင်းက မြန်မာနိုင်ငံဆီသွားမဲ့ အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းတချို့ကို ရိုဟင်ဂျာတွေဆီ အရင်ခွဲဝေပေးပီးမှ မြန်မာနိုင်ငံဆီ ငွေလွှဲပေးပါလိမ့်မယ် ။ ဥပမာ _ မြန်မာက ဂျပန်ဆီ ရေထွက်ပစ္စည်းတင်ပို့လိုက်လို့ ဒေါ်လာ ၁၀ သန်း ရဖို့ ရှိတယ် ဆိုပါစို့ ၊ ဂျပန်ကိုယ်တိုင်က ရိုဟင်ဂျာတွေဆီ ဒေါ်လာ ၁ သန်း အရင် လွှဲပေးလိုက်ပါလိမ့်မယ် ၊ မြန်မာက ၉ သန်းပဲ ရပါလိမ့်မယ် ။ ဒီပုံစံက ဂျပန်နဲ့ မြန်မာကြား ၂ နိုင်ငံသဘောတူညီရုံနဲ့ ပြင်ဆင်ခွင့်မရှိတဲ့ နိုင်ငံတကာပြဌာန်းချက်ဖြစ်နေပါလိမ့်မယ် ။ နိုင်ငံတိုင်းက မြန်မာဆီကနေ ကုန်သွယ်မှုပြုတိုင်း ဒီပြဌာန်းချက်က အသက်ဝင်လာပါလိမ့်မယ် ။ ဒါက တကယ်ကို နားလည်လွယ်အောင်ရေးပြတဲ့ သဘောပါ ။ ကိစ္စတခုချင်းအလိုက် ဘဏ္ဍာရေးဆိုင်ရာ တရားစွဲဆို ဖြေရှင်းရမှုတွေ ဆက်တိုက်လာဖို့ ရှိနေပါတယ် ။

တကယ်မျိုးချစ်စိတ်ရှိပါ
————————————-
ရိုဟင်ဂျာဖြစ်ဖြစ် ဗမာဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ် ကိုယ့်အမျိုးကိုယ်တကယ်ချစ်ပါ ။ လုပ်စားမျိုးချစ်တွေ မလုပ်ပါနဲ့ ။
ကိုယ့်အမျိုးကိုယ်တကယ်ချစ်ရင် နှစ်ပေါင်းများစွာ ကိုယ့်လူမျိုးနစ်နာစေမဲ့ အလုပ်တွေ မလုပ်ဖို့ လိုပါတယ် ။

ရိုဟင်ဂျာတွေ ကိုယ့်လူမျိုးကိုယ်တကယ်ချစ်ရင် နိုင်ငံတကာကုန်သွယ်ရေးဥပဒေတွေ ၊ ဘဏ္ဍာရေးလုပ်ထုံးတွေ ၊ အမေရိကန်ဟောက်စ်လွှတ်တော်ဘဏ္ဍာရေးကော်မတီရဲ့ အရေးပါမှုတွေ ကိုလေ့လာပါ ။ နယ်စပ်မှာ သေနတ်စုတ်နည်းနည်းပါးပါးနဲ့ ဟန်ရေးမပြပါနဲ့ ။ ( စက်မှုအင်ဂျင်နီယာ ၊ လျှပ်စစ်အင်ဂျင်နီယာ ၊ ဓါတုအင်ဂျင်နီယာတွေ မပါပဲ ရေရှည်စစ်ပွဲတခုကို ဘယ်သူမှ တိုက်လို့မရဘူး ။ ကိုယ့်လူမျိုးကို စာအရင်တတ်အောင်လုပ် ၊ အရူးမထနဲ့ )

ဗမာတွေ ကိုယ့်လူမျိုးကိုယ်တကယ်ချစ်ရင် တခြားလူမျိုး တခြားဘာသာတွေကို သတ်ဖို့ လှုံ့ဆော်တာတွေရပ်ပီး ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်နေတာကို အရင်ရပ်ဖို့ လုပ်ကြပါ ။ ဝဋ်လိုက်တယ်ဆိုတဲ့စကားကို မဘသ ဆိုသူတွေ ပိုနားလည်မယ်ထင်ပါတယ် ။ ဒီအချိန်ထိတောင် နားမလည်သေးဘူးဆိုရင် ခင်ဗျားတို့ဟာ ဗုဒ္ဓဘာသာရဲ့အခြေခံ “ ကံ ကံ၏အကျိုး “ တောင် မသိပဲ ဗုဒ္ဓဘာသာကို ဘယ်လိုမျိုးစောင့်ရှောက်နေကြတာလဲ ?
ခင်ဗျားတို့ ရိုင်းစိုင်းဆဲဆိုဝါဒဖြန့်လို့ တိုင်းပြည်ဟာ နစ်နာသထက်နစ်နာဖို့ပဲ ရှိတယ် ။

ရခိုင်လူမျိုးတွေ ကိုယ့်အမျိုးကိုယ်ချစ်တယ် ဆိုရင် ခင်ဗျားတို့အားကိုးတဲ့ အာရက္ခတပ်တော်ကြီး အကြမ်းဖက်အဖွဲ့အဖြစ် တံဆိပ်အကပ်မခံရအောင် ခင်ဗျားတို့ ပါးစပ်ကလေးတွေ လက်ကလေးတွေကို ထိန်းလိုက်ပါ ။

သိရီလင်္ကာမှာ မြို့တော်ကိုလံဘိုအထိ လေယာဉ်နဲ့ ဗုံးတက်ကြဲနိုင်ခဲ့တဲ့ တမီလ်ကျားသူပုန်အဖွဲ့ဟာ အကြမ်းဖက်တံဆိပ်အကပ်ခံလိုက်ရလို့ ဖွတ်ဖွတ်ကြေအောင်ချေမှုန်းခံလိုက်ရတယ်ဆိုတာ မမေ့ပါနဲ့ ။ ကျားသူပုန်အဖွဲ့ရဲ့ ဘဏ္ဍာရေးစီးကြောင်းတွေ ဖြတ်တောက်ခံရပီး ချေမှုန်းခံလိုက်ရတာပါ ။ စိတ်ဝင်စားရင် လေ့လာကြည့်လိုက်ပါ ။

တိုင်းပြည်နာမည်ပါ ပျောက်သွားခဲ့
————————————————
ယူဂိုဆလာဗ်ပြည်ထောင်စုတပ်မတော်ဟာ လူမျိုးတုန်းသတ်ဖြတ်ခဲ့ပါတယ် လို့ ICJ က ဆုံးဖြတ်ချက်ချခဲ့တာကိုပဲ လေ့လာကြည့်ပါ ။ နစ်နာကြေးတွေ ပေးရမှာမို့ ဆက်ခံတဲ့ နိုင်ငံဖြစ်တဲ့ ဆားဘီးယားက ယူဂိုဆလားဗီးယားဆိုတဲ့ နာမည်တောင် ဆက်မသုံးတော့ပဲ ခေါင်းရှောင်ထွက်ပါတော့တယ် ။ လူမျိုးတူမွန်တီနီဂရိုးကလည်း ဆားဘီးယားနဲ့ပေါင်းပီး ယူဂိုဆလားဗီးယားပြည်ထောင်စုအဖြစ် ဆက်လက်ရပ်တည်ရာကနေ ခွဲထွက်ခဲ့ပါတယ် ။ လျော်ကြေးမပေးချင်တော့ ဘယ်သူကမှ ယူဂိုဆလားဗီးယားဆိုတဲ့ နာမည်ကို ဆက်မသုံးတော့ပါဘူး ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ နာမည်တော့ အပျောက်မခံချင်လောက်ဘူးလို့တော့ ထင်ပါတယ် ။

“ ယူဂိုဆလားဗီးယားဆိုတာ ၁၉၉၀ လောက်က ဖြစ်စဉ်တွေပါကွာ ၊ ကမ္ဘာကြီးက အများကြီးပြောင်းလဲသွားပီ “ လို့ တွေးသူအတွက် ဖတ်ရမဲ့ သင်ခန်းစာကတော့ ၂၀၂၅ အတွင်း ဆူဒန်က RSF အဖွဲ့ရဲ့ ဘဏ္ဍာငွေတွေ သိမ်းဆည်းခံရမှုကို လေ့လာကြည့်ပါ ။ RSF အဖွဲ့ လက်ရှိကျူးလွန်တာတွေ အတွက် သိမ်းဆည်းတာမဟုတ် ၊ RSF အဖွဲ့ ဂျန်ဂျာဝီဒ်ဘဝတုန်းက ကျူးလွန်ခဲ့တဲ့ ဒါဖာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် သိမ်းဆည်းတာပါ ။ ယူအေအီးဘဏ်မှာ အပ်ထားတဲ့ RSF ရဲ့ ငွေတွေကို သိမ်းဆည်းတာပါ ။ ယူအေအီးဆိုတာ အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူလေ ။

အခု ICJ ကိစ္စ ပြောတုန်း ICC ကိစ္စလည်း နည်းနည်းထည့်ပြောဦးမယ် ။ ICC က ဝရမ်းထုတ်လည်း ဘယ်သူက ဝင်ဖမ်းပေးမှာလဲ တို့ ဘာတို့ ဥာဏ်တိမ်စကားပြောတဲ့သူတွေ မှတ်ထား _ လူကို ဖမ်းမရရင် ငွေကို ဖမ်းပစ်လိုက်လို့ရတယ် ။ ICC ရဲ့ နောက်ဆက်တွဲ ပရိုတိုကောလ်တွေကို သေချာလေ့လာကြည့် ။ ICC မှာ ရှိတဲ့ တပွဲတိုးသဘောတူညီချက်ဆိုတာ ဘာလဲ ရှင်းအောင်ဖတ်ကြည့် ။ အဘ တယောက်ချင်းစီရဲ့ ထိုင်းမှာ သွားဖွက်တဲ့ငွေတောင် မလွတ်စေရဘူး ။

ရိုဟင်တွေလည်း တခါလာ အေ ကနေ ဇက် အထိ ပေါတောတော အဖွဲ့တွေ ဖွဲ့လိုက် ၊ အရည်မရ အဖတ်မရ ကြေငြာချက်တွေ ထုတ်လိုက် ၊ နယ်စပ်မှာ ဗျောက်ဖောက်ဖို့ မြှောက်ပေးလိုက် နဲ့ အချိန်ဖြုန်းမဲ့အစား ဒါတွေကို စနစ်တကျ လေ့လာထားပါ ။

Kyawhlaoo

Want your organization to be the top-listed Non Profit Organization in Chicago?
Click here to claim your Sponsored Listing.

Telephone

Address


Chicago, IL
79101