Build Myanmar - Media
လူငယ် ကနေ လူငယ် ကို အကျိုးပြုချင်တာ James ရဲ့ ရည်ရွယ်ချက်ပါ။
ဒါကြောင့်လည်း Build Myanmar ကနေ Toetat နဲ့ Market Inside Podcast တွေကို ထုတ်ဝေပေးနေသလို
TalentOS App ကနေလည်း နိုင်ငံတကာအလုပ်အကိုင် ရရှိရေးကို ကြိုးစားပေးနေပါတယ်။
James အနေနဲ့ လူငယ်တွေကို ပြန်လည်မျှဝေချင်တဲ့၊ လက်ဆင့်ကမ်းချင်တဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေ ရှိပါတယ်။
အခုလည်း မဆုဖုန်းမို မေး ပြီး James ဖြေထားတာကို အမှတ်တရ အနေနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
Build Myanmar ပရိသတ်ကြီးအနေနဲ့လည်း James ကို မေးချင်တာ၊ သိချင်တာလေးတွေ ရှိရင် ကွန်မန့်မှာ မှတ်ချက်ပြုနိုင်ပါတယ်။
James ဘက်ကနေ ပြန်လည်ဖြေကြားပေးမယ့် အစီအစဉ်လေးကို ကျွန်တော်တို့ဘက်က ကြိုးစားပြင်ဆင်ပေးပါ့မယ်။
06/28/2026
လူတိုင်းမှာ ပတ်ဝန်းကျင်ဆိုတာ အရေးကြီးတယ်။
ကိုယ်ကိုယ်တိုင် Low Agency Environment ထဲမှာလား
High Agency Environment ထဲမှာလား
ဆိုတာကို မသိရင်
ပြောင်းလဲဖို အရမ်းခက်တယ်။
ကျွန်တော် ဒီအလုပ်တွေ မလုပ်ခင်က
Low Agency Environment ထဲမှာ ရှိခဲ့တယ်။
ဘာဖြစ်လိုလဲ ဆိုတော့
ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေကြသူ အများစုက
ပြဿနာတစ်ခုခု တွေ့ပြီဆိုရင်
ရှောင်လိုက်ကြတာ များတယ်။
ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုလည်း
စ ဖို့ အရမ်းကြာတယ်။
တခြားသူတွေက လုပ်သင့်တယ်လို ပြောမှ
စ လုပ်လေ့ရှိတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို ပုံစံ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ Low Agency Environment ထဲမှာ
ရောက်နေတယ်ဆိုတာကိုတော့
သတိမထားမိခဲ့ဘူး။
ဒါက Normal Environment ပဲဆိုပြီး
ကျွန်တော် သတ်မှတ်ခဲ့တယ်။
ဘယ်ကနေ စပြီး ဒါကို သတိထားမိသွားလဲ ဆိုတော့
ကျွန်တော် Podcast တွေကို စပြီး နားထောင်မိချိန်ပဲ။
Podcast တွေ နားထောင်တော့ အောင်မြင်နေတဲ့
လူငယ်တွေ၊ လူကြီးတွေကို တွေ့ရတယ်။
ဒါပေမဲ့ အဲဒါကိုလည်း ကျွန်တော်က သဘောမပေါက်သေးဘူး။
ဒီလူတွေ အောင်မြင်နေတာ
နောက်ခံ background ကောင်းလို့
မိဘက ချမ်းသာလို့
ကံကောင်းလို့ ဆိုပြီး ကျွန်တော် သတ်မှတ်ခဲ့တယ်။
သူတို့တွေက High Agency Environment ထဲမှာ
ရှိနေခဲ့လို့ ဆိုတဲ့ အချက်ကို လုံးဝ မတွေးမိခဲ့ဘူး။
ဒါပေမဲ့ Alexandr Wang ရဲ့ podcast ကို နားထောင်ချိန်မှာ
ကျွန်တော် အလင်းပွင့်သွားတယ်။
Alexandr Wang က ကမ္ဘာ့အချမ်းသာဆုံးနဲ့
အငယ်ဆုံး ဘီလျံနာ ပဲ။
၂၃ နှစ်မှာပဲ ဘီလျံနာ ဖြစ်သွားခဲ့တာ။
သူက Skill AI ဆိုတဲ့ နည်းပညာကုမ္ပဏီ တစ်ခုကို ထောင်ထားတဲ့သူ။
သူ့မိဘတွေက မချမ်းသာဘူး။ သာမာန်မိသားစုပဲ။
သူက ကြိုးစားပြီးတော့ MIT ဝင်ခွင့်ရတယ်။
အဲဒီကနေ သူ ဘာကို သွားတွေ့လဲ ဆိုတော့
AI တွေ လုပ်တဲ့အခါ AI တွေအတွက် ဒေတာ ထုတ်ပေးမယ့်သူ
မရှိဘူး ဆိုတာကို တွေ့သွားတယ်။
အဲဒါကို စ မယ်ဆိုပြီး သူ လုပ်တယ်။
ဒီ ပရောဂျက်ကို စ မယ်လုပ်တော့
သူက MIT မှာ ကျောင်းတက်နေတာ လေးလပဲ ရှိသေးတယ်။
ပရောဂျက်ကို စဖို့ အတွက် သူ ကျောင်းထွက်ခဲ့တယ်။
မိဘတွေ၊ အပေါင်းအသင်းတွေ တားနေရက်နဲ့
သူ ရ အောင် လုပ်ခဲ့တယ်။
အခက်အခဲတွေ အများကြီးရှိခဲ့တာကို ရင်ဆိုင်ပြီးချိန်မှာ
အအောင်မြင်ဆုံး ဘီလျံနာ ဖြစ်လာခဲ့တယ်။
သူ့ podcast နားထောင်ပြီးချိန်မှာ
ကျွန်တော် နေမင်းကြီးကို တွေ့လိုက်သလို
လင်းရှင်းသွားတယ်။
High Agency ရှိသူတွေက energy တစ်မျိုး ရှိကို ရှိတယ်။
ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့အခါ
ဘာလို့ ငါ့ကျမှ ဖြစ်နေတာလဲ ဆိုတာထက်
ဒါကို ငါ ဘယ်လိုရအောင် ရှင်းမလဲဆိုတာကိုပဲ
ရွေးချယ်တယ်။
ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာပဲလို့
ယုံကြည်ထားကြတယ်။
အဲဒီ အလင်းပွင့်မှုကြောင့်ပဲ
ကျွန်တော် Low Energy Environment ထဲကနေ
ရအောင် ထွက်နိုင်ခဲ့တယ်။
06/27/2026
Build Myanmar ToeTat Podcast ပရိသတ်ကြီးခင်ဗျ။ အပတ်စဉ် စနေ့နေ့တိုင်း တင်ဆက်နေကျ ကျွန်တော်တို့ရဲ့ ToeTat Podcast Episode အသစ်ကို အကြောင်းအမျိုးမျိုးကြောင့် ဒီတစ်ပတ် မတင်ဆက်ဖြစ်ပါဘူး။ လာမယ့် စနေနေ့ကျမှ တင်ဆက်ဖြစ်မယ့်အကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။
ToeTat ပရိသတ်ကြီးအတွက် အကောင်းဆုံးတွေ တင်ဆက်နိုင်ဖို့ ကြိုးစားအားထုတ်နေပါတယ်။ နောက်တစ်ပတ်မှာ ပြန်လည် တွေ့ဆုံကြမယ်နော်။
အားလုံးပဲ မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေခင်ဗျ။ ချစ်ခင်လေးစားစွာဖြင့်
Build Myanmar Media Team
Click here to claim your Sponsored Listing.
Category
Address
313 Cambridge Street Apt 1
Cambridge, MA
02125