Learning GED with CL

Learning GED with CL

แชร์

16/11/2024

📌GED 4 Subjects Class
📌online zoom Class
📌By one class
📌In person class

📌Learning GED With CL ကနေသင်တန်းအသစ်များစတင်ဖွင့်လှစ်ပေးနေပါပီ။လူဉီးရေအကန့်သတ်ရှိလို့အမြန်ဆုံးလာရောက်စာရင်းသွင်းပေးပါရှင့်။

📌In Person class တွင်ဆရာ/ဆရာမကိုယ်တိုင်အိမ်တွင်လိုက်လံသင်ကြားပေးနိုင်ပါသည်။

📌သင်တန်းချိန်များကိုလည်းဘညှိလို့ရနေပါသဖြင့်အမြန်ဆုံးစာရင်းလာပေးလိုက်ပါရှင့်။

📌သင်တန်းနှင့်ပတ်သက်၍အသေးစိတ်သိလိုပါက@ella2610 tele acc သို့မဟုတ်
page messengerသိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📌သင်တန်းကြေးသည်အချိန်နှင့်သင်သည့်အတန်းပေါ်မူတည်၍အပြောင်းအလဲရှိနိုင်ပါသည်။

26/10/2024

📌Maths Intensive Class ကိုအတန်းစအပ်လို့ရပါပီရှင့်။

📌November မှာအတန်းစပါမည်။

📌နှစ်မကုန်ခင်examဖြေချင်တဲ့ကျောင်းသားများတက်ရောက်ဖို့သင့်တော်ပါတယ်ရှင့်။

📌သိလိုတာရှိပါကpage messenger (or) tele accသိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

10/07/2024

Learning GED With CL ကနေပညာဒါနအစီစဉ်လေးတစ်ခုမိတ်ဆက်ပေးပါမည်။

✅သင်တန်းကာလသုံးလသင်ကြားပါမည်။
✅သင်ကြားမည့်ဘာသာရပ်—Maths & Science ဘာသာရပ်များဖြစ်ပါသည်။
✅သင်တန်းကြေး—20000ကျပ်
(တစ်ကြိမ်ဘဲပေးသွင်းရမှာဖြစ်ပါတယ်။)
✅သင်တန်းကာလအတွင်းစည်းကမ်းများနှင့်အညီဆရာမများကကိုယ်တိုင်သင်ကြားပေးသွားပို့ချပေးပါမည်။
✅ပထမသင်တန်းကာလပီးသွားသည့်အခါနောက်ထက်အသစ်ဖွင့်သည့် Batch များကိုထက်မံတက်ရောက်နိုင်ပါသည်။
✅သင်တန်းကာလအတွင်းအိမ်စာများမှန်မှန်လုပ်ပေးရမည်။
✅လူဉီးရေအကန့်သတ်ဖြင့်သေချာသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။

✅စိတ်ဝင်စားပါက page messenger မာလာရောက်မေးမြန်းလို့ရပါတယ်ရှင့်။

✅Start date—22.7.2024
✅End date—22.10.2024

07/06/2024

📎 အထက်တန်းပညာတစ်ပိုင်းတစ်စနဲ့လမ်းပျောက်နေသော ကျောင်းသားများအတွက် တက္ကသိုလ်/ကောလိပ်/အသက်မွေးသိပ္ပံကျောင်းများ ဆက်လက်တက်ခွင့်ရမယ့် GED ပညာရေးအခွင့်အလမ်းတစ်ခုကို ယူဆောင်လာခဲ့ပါပြီ။📎

✅ GED ဆိုတာ ဘာလဲ
GED အောင်လက်မှတ်သည် အမေရိကန်အထက်တန်းအောင်လက်မှတ်နှင့် ညီမျှသည့် အရာအဖြစ် နိုင်ငံခြားတက္ကသိုလ်များက အသိအမှတ်ပြုခံထားရသည့်အတွက် ကောလိပ်/ အသက်မွေးပညာသိပ္ပံ/ဘွဲ့ကြိုဒီပလိုမာသင်တန်းများတက်ခွင့်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းကိုများစွာ အထောက်အကူပြုပါတယ်။

✅ ဘယ်သူတွေတက်ရောက်သင့်လဲ
- အထက်တန်းကျောင်းမပြီးစီးသေးသူများ
- ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် တက္ကသိုလ်/ကောလိပ်ဝင်ခွင့်ရလိုသူများ
- နိုင်ငံတကာ တက္ကသိုလ်များတွင် scholarship လျှောက်မည့်သူများ တက်ရောက်သင့်ပါတယ်။

✅ တက်ရောက်မည့်သူများအနေဖြင့်
- အသက်၁၆နှစ်ပြည့်ပီးသူဖြစ်ရပါမည်။

✅ အင်္ဂလိပ်စာ လိုအပ်ချက်
GED ဖြေမယ်ဆိုရင် English 4 Skills ကို Intermediate (B1) level ရှိရပါမယ်။

✅ လစဉ်ကျောင်းလခ
- ဘာသာစုံ တစ်လ THB 2400 (တစ်ဘာသာချင်း သီးသန့် ယူလျှင် တစ်လ THB 1000)
- ဝင်ကြေး/အခြားအခကြေးငွေပေးရန်မလိုပါ။
-ပထမဆုံးလာအပ်သည့်သင့တန်းသားသုံယောက်ကို၃၀% off discount ပေးဖို့လည်းရှပါတယ်။

✅သင်တန်းအပ်ရန်
- Page Messenger သို့မဟုတ်
-Ph-0949047253 သို့တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း သင်တန်းအပ်နှံနိုင်ပါသည်။

✅ သင်တန်းေကြးဘယ်လိုသွင်းရမလဲ
- ‌ငွေသား(THB)/mobile banking (Thai) ဖြင့် အလွယ်တကူ ပေးသွင်းနိုင်ပါတယ်။

# မှတ်ချက်
- လူဦးရေအကန့်အသတ် ရှိပါတယ်။
- On campus တက်လို့ အဆင်မပြေသူများအတွက်လည်း Online classလေးဖြစ်ပါတယ်။

30/04/2024

"GED" အကြောင်း

နိုင်ငံတကာပညာရေးကို ဆည်းပူးလိုသူများ အတွက် အထက်တန်းပညာရေးအဆင့် ပြီးဆုံးဖို့ ရွေးချယ်စရာ အများအပြားထဲမှ အမေရိကန်ပြည်ထောင်စု ပညာရေးကောင်စီက အသိအမှတ်ပြုတဲ့ GED Diploma က လူကြိုက်များလာပါတယ်။ ဖြေဆိုရမဲ့ ဘာသာရပ်နည်းခြင်း၊ ပြင်ဆင်ချိန်တိုတောင်းခြင်း၊ စာမေးပွဲကြေး သက်သာခြင်းနှင့် အသိအမှတ်ပြုလက်ခံတဲ့ တက္ကသိုလ်၊ကောလိပ်များ ပြည်တွင်းရော ပြည်ပပါ အရည်အတွက်များလာခြင်း တို့က GED ကို လူကြိုက်များလာစေပါတယ်။
GED စာမေးပွဲ ဖြေဆိုဖို့ လေ့ကျင့်ပြင်ဆင်ပေးမဲ့ သင်တန်းကျောင်းများ၊ ဆရာ/ဆရာမများလဲ မိုးဦးကျ မှိုပေါက်သကဲ့သို့ အများအပြား ပေါ်ထွက်လာကြပါပြီ။ ဒီလိုအချိန်မှာ ကျောင်းသူ/ကျောင်းသားများအတွက် တိကျသေချာတဲ့ သတင်းအချက်အလက်နှင့် ကြိုတင်စဉ်းစားပြင်ဆင် ရမဲ့ အရာများကို ဖော်ပြဖို့ လိုအပ်လာပါတယ်။ ဒီအတွက်ကြောင့်ပဲ ဒီဆောင်းပါးကို ရေးပါတယ်။

GED Program ရဲ့ မူလအစ

ဒုတိယကမ္ဘာစစ်မှာ စစ်မှုထမ်းပြီး နိုင်ငံကိုပြန်လာကြမဲ့ လူငယ်တွေကို လူ့အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေပြေ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်ပေးဖို့ လိုအပ်လာပါတယ်။ အထက်တန်းပညာရေးတပိုင်းတစနဲ့ နိုင်ငံ့လိုအပ်ချက်အရ စစ်မှုထမ်းကြရတဲ့ လူငယ်တွေကို အထက်တန်းပညာရေးပြီးဆုံးစေဖို့ဆိုတဲ့ အချက်က အဓိကရည်ရွယ်ချက်ပါ။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ သက်မွေးမှုကျွမ်းကျင်သင်တန်းကျောင်းတွေက အနိမ့်ဆုံး အထက်တန်းပညာရေးပြီးဆုံးထားသူ တွေကိုသာ အလိုရှိပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန်ပညာရေးကောင်စီတို့ ပူပေါင်းပြီး အထက်တန်းအောင်လက်မှတ်နဲ့ အဆင့်အတန်းတူတဲ့ ဒီပလိုမာပေးမဲ့ GED Program ပို ၁၉၄၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့်ပဲ စစ်ကြီးအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လူငယ်အများအပြား အထက်တန်းပညာရေး ဆုံးခန်းတိုင်ပြီး လုပ်ငန်းခွင်ဝင်၊ ပညာဆက်သင် လုပ်နိုင်ခဲ့ကြပါတယ်။
GED Program စတင်ခဲ့တဲ့ ၁၉၄၂ခုနှစ်ကနေ ခုချိန်အထိ GED Graduate ပေါင်း သန်း၂၀ကျော်ရှိနေပါပြီ။ အလုပ်သမားသတင်းအချက်အလက်ဗျူရိုရဲ့ ၂၀၂၀ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အထက်တန်းပညာရေးပြီးဆုံးထားကြသူများနဲ့ GED ဒီပလိုမာ ရရှိထားကြသူများရဲ့ တနှစ်ပျမ်းမျှ လုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၃၉၀၇၀ ဖြစ်ပြီး အခြေခံပညာအထက်တန်း မပြီးဆုံးထားကြတဲ့ သူတွေရဲ့ တနှစ်ပျမ်းမျှ လုပ်ခလစာထက် အမေရိကန်ဒေါ်လာ ၁၁၅၆၀ ပိုများတာတွေ့ရပါတယ်။
ဒီမှာ မြင်နိုင်တာ GED Program ရဲ့ မူလရည်ရွယ်ချက်က အလုပ်အကိုင်အခွင့်အလမ်းနဲ့ သက်မွေးမှုဆိုင်ရာကျွမ်းကျင်မှု ကျောင်းများအတွက်ဖြစ်တယ်ဆိုတာပါပဲ။

GED ဒီပလိုမာနဲ့ ဘာလုပ်လို့ရမလဲ။

အခြေခံအားဖြင့် GED Diploma နဲ့ အထက်တန်းပြီးဆုံးကြောင်း ဒီပလိုမာ( High school diploma) ကိုင်ထားသူတို့ရဲ့ အခွင့်အလမ်းရရှိနိုင်မှုက (အခြေခံအားဖြင့်) တူညီပါတယ်။ GED Diploma နဲ့ တက္ကသိုလ်ကောလိပ်တွေ လျှောက်လို့ရသလို ဌာနဆိုင်ရာအလုပ်တွေလဲ လျှောက်လို့ရပါတယ်။ စာသင်သားများအတွက်ရည်ရွယ်တဲ့ စာဖြစ်တဲ့အတွက် အဆင့်မြင့်ပညာ(တက္ကသိုလ်၊ကောလိပ်) ဆက်လက်ဆည်းပူးကြဖို့အတွက် အရေးပါတဲ့အချက်များကိုပဲ ဆက်ရေးမှာ ဖြစ်ပါတယ်။
အမေရိကန် တက္ကသိုလ်၊ကောလိပ် အကုန်နီးပါးက GED Diploma ကို High School Diploma လိုပဲ အသိအမှတ်ပြု လက်ခံပါတယ်။ သတိပြုရမှာက ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကြီးတွေကို ဝင်ခွင့်ရဖို့က အင်မတန်ခက်ခဲပြီး ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတဲ့ အချက်ပါ။ အထက်တန်းပြီးဆုံးထားဖို့က တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ရာဖြစ်ပေမဲ့ အထက်တန်းပြီးဆုံးရုံမျှနဲ့ တိုက်ရိုက်တက္ကသိုလ်ဝင်ခွင့်ရဖို့ အခွင့်အလမ်းနည်းပါတယ်။ ကျောင်းကောင်းတွေကို တိုက်ရိုက်ဝင်ခွင့်ရဖို့ GED ကို အမှတ်ကောင်းကောင်းနဲ့ ပြီးထားဖို့ လိုအပ်သလို မိမိအထူးပြုလေ့လာလိုတဲ့ ဘာသာရပ်အတွက် အထောက်အကူဖြစ်စေမဲ့ အခြားစာမေးပွဲတွေ ဖြေဆိုထားဖို့နဲ့ အတွေ့အကြုံတွေရှာထားဖို့ လိုအပ်ပါတယ်။ ပညာသင်ဆု လိုချင်တဲ့သူတွေဆိုရင် လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့ လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းဝင်လုပ်တာ၊ ကျောင်း(သို့) မိမိပတ်ဝန်းကျင်မှာရှိတဲ့ အသင်းအဖွဲ့တွေမှာ တာဝန်ယူတာ စသည်ဖြင့် အတွေ့အကြုံတွေ ရှိထားဖို့ လိုအပ်ပါတယ်။
တချို့တက္ကသိုလ်၊ကောလိပ်တွေဆိုရင် GED သမားတွေကို သူတို့တက္ကသိုလ်လ်ဝင်ခွင့်အတွက် လိုအပ်ချက်အားလုံးပြည့်မှီနေတယ်ဆိုရင်တောင် တက္ကသိုလ်ဝင်ခွင့် အတွက် စာမေးပွဲထပ်စစ်တာမျိုးရှိပါတယ်။ တချို့ တက္ကသိုလ်၊ကောလိပ်တွေကတော့ GED ကိုလုံးဝ အသိအမှတ်မပြုပါဘူး။
GED ဒီပလိုမာရရှိထားတာဟာ အထက်တန်းပြီးဆုံးတာသာဖြစ်ပြီး တက္ကသိုလ်ခွင့်စာမေးပွဲပြီးဆုံးတာမဟုတ်ကြောင်း သတိပြုပါ။

GED ဒီပလိုမာနဲ့ တက္ကသိုလ်၊ကောလိပ် ဝင်ခွင့်လျှောက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ။

ရည်မှန်းချက်ကြီးပြီး ဂုဏ်သိက္ခာကြီးတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာဆက်လက်ဆည်းပူးလိုတဲ့ ကျောင်းသား/ကျောင်းသူတယောက်အနေနဲ့
၁။ မိမိအထူးပြုလေ့လာလိုတဲ့ ဘာသာရပ်(သို့) ပညာရပ်ကို ရွေးချယ်ရပါမယ်။
၂။ ရွေးချယ်ထားတဲ့ ဘာသာရပ်(သို့) ပညာရပ်ကို ဘယ်တက္ကသိုလ် မှာတက်မလဲ ဆုံးဖြတ်ရပါမယ်။ (ဘဏ္ဌာရေး၊ တည်နေရာ စသည်ဖြင့်)
၃။ ထိုတက္ကသိုလ်ရဲ့ ဝင်ခွင့်လိုအပ်ချက် ကို လေ့လာရပါမယ်။ (တက္ကသိုလ်တွေမှာ မိမိလေ့လာမယ် ဘာသာရပ်(သို့) ပညာရပ်အလိုက် သီးသန့် လိုအပ်ချက်တွေ သပ်သပ်ထပ်ရှိနိုင်ပါသေးတယ်)
၄။ လိုအပ်ချက်အရ ဖြေဆိုရမဲ့ စာမေးပွဲတွေရှိရင် ဖြေဆိုဖို့ ပြင်ဆင်နေရင်း အခြားအထောက်အကူဖြစ်စေမဲ့ လုပ်ငန်းများကို ဆောင်ရွက်ဖို့ အချိန်စာရင်းထုတ်၊ အချိန်စာရင်းအတိုင်း လုပ်နေရပါမယ်။ (စေတနာ့ဝန်ထမ်းလုပ်ဖူးတဲ့ အတွေ့အကြုံရှိထားခြင်းက တက္ကသိုလ်ဝင်ခွင့်ရဖို့ အထောက်အကူဖြစ်စေပါတယ်)
၅။ အင်္ဂလိပ်ဘာသာစကားကို တက္ကသိုလ်အဆင့်ဖြစ်အောင် ပြင်ဆင်ရပါမယ်။

Photos from Brilliance's post 29/04/2024

Hello 🤗 ဒီနေ့မှာတော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရေးကို လေ့လာချင်သူများအတွက် မဖြစ်မနေလိုအပ်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု High School Diploma ဖြစ်တဲ့ GED,အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ ဒါဆို အတူတူ လေ့လာကြည့်လိုက်ကြရအောင်နော်

GED (General Educational Development)

GED ဆိုတာ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်ပေါင်း 98% က အသိမှတ်ပြုလက်ခံတဲ့ US High School Diploma တစ်ခုပဲ ဖြစ်ပါတယ်။

လုပ်ငန်းအများစုကလည်း အထက်တန်းအောင်လက်မှတ်အဖြစ် လက်ခံကြတာကြောင့် တက္ကသိုလ်မတက်ဘဲ လုပ်ငန်းခွင် ဝင်လိုသူများအတွက်လဲ သင့်တော်တဲ့ Diploma တစ်ခုပဲ ဖြစ်ပါတယ်
ဒါကြောင့် တက္ကသိုလ် မပြီးသေးဘဲ ကောင်းမွန်တဲ့ လစာနှင့် အလုပ်အကိုင်များ ရရှိချင်သူများအတွက် GED ဟာ သင်ယူသင့်တဲ့ Diploma တစ်ခုပဲ ဖြစ်ပါတယ်နော်

GED မှာလေ့လာရမယ့် Subjects တွေကတော့-

Mathematical Reasoning
Reasoning Through Language Arts (English Reading & Writing)
Science
Social Studies တို့ ဖြစ်ပါတယ်။

ကိုယ်ဖြေချင်တဲ့ ဘာသာရပ်တစ်ခုချင်းစီကို ဘယ်ချိန်မှာမဆို ဖြေလို့ရတဲ့အတွက် Time Flexible လဲဖြစ်တဲ့ Diploma တစ်ခုပဲ ဖြစ်ပါတယ်။

အခုလိုမျိုး နိုင်ငံတကာပညာရေးနဲ့ ပတ်သက်တဲ့ Knowledge Sharing တွေနဲ့ Scholarship Information တွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်တဲ့ အတွက်ကြောင့် Page လေးကို Like & See First လုပ်ထားကြပါဦးနော်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Tak?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Mae Sot, Tak
Tak
63110