One Stars - Digital

One Stars - Digital

แชร์

04/06/2026

Customer တွေမငြင်းနိုင်အောင်ဆွဲဆောင်မဲ့ မှော်ဆန်တဲ့စကားလုံးများ

30/05/2026

TikTok ပေါ်မှာ အောင်မြင်တဲ့ Content Creator ဖြစ်ချင်ရင် ဒီကိန်းဂဏန်း 3 ခုကို မဖြစ်မနေ စစ်ဆေးပါ!!!

TikTok မှာ ဗီဒီယိုတွေတင်ပေမဲ့ View တွေ တက်မလာလို့ စိတ်ညစ်နေပါသလား? အဓိက အဖြေက သင့်Accountရဲ့ Analytics (Insights) ထဲမှာ ရှိနေပါတယ်။

ဒီနေ့တော့ Algorithm က သင့်ဗီဒီယိုတွေကို ကြိုက်လား၊ မကြိုက်လား၊ ဗီဒီယိုတွေက ပေါက်နိုင်ခြေရှိလားဆိုတာကို အရှင်းလင်းဆုံးမြင်တွေ့နိုင်စေမယ့် TikTok Insights ထဲက ကိန်းဂဏန်း (3) ခုအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

📈1. Watch Time & Average Watch Time (စုစုပေါင်း ကြည့်ရှုချိန်နှင့် ပျမ်းမျှကြည့်ရှုချိန်)

ဒါကတော့ Insights ထဲမှာ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် ဥပမာ သင့်ဗီဒီယိုက စက္ကန့်ခြောက်ဆယ်ရှည်ပေမယ့် လူတွေက ငါးစက္ကန့်လောက်ပဲကြည့်ပြီး ကျော်သွားကြလား၊ ဒါမှမဟုတ် 45 စက္ကန့်လောက်ထိ ဆက်ကြည့်ကြလားဆိုတာကို တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ပျမ်းမျှ ကြည့်ရှုချိန် (Average Watch Time) အရမ်းနည်းနေရင် သင့်ဗီဒီယိုရဲ့ အစပိုင်း (Hook) က လူတွေကို မဆွဲဆောင်နိုင်ဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါဆို နောက်ဗီဒီယိုမှာ အစပိုင်းတွေကို ပိုဆွဲဆောင်မှုရှိအောင် ပိုကြိုးစားဖို့လိုပါလိမ့်မယ်။

📈2. Retention Rate (အဆုံးထိ ကြည့်ရှုတဲ့ ရာခိုင်နှုန်း)

ဒီကိန်းဂဏန်းကတော့ သင့်ဗီဒီယိုက Viral ဖြစ်မဖြစ်ဆိုတာကို တိုက်ရိုက်ဆုံးဖြတ်ပေးတာပဲဖြစ်ပါတယ်။ ဒီထဲကိုဝင်ကြည့်မယ်ဆိုရင် ဗီဒီယိုကို စကြည့်တဲ့သူတွေထဲက ဘယ်နှရာခိုင်နှုန်းက အဆုံးထိ ကြည့်သွားလဲဆိုတာကို ပြတဲ့ မျဉ်းကွေးလေးကို မြင်ရမှာပဲဖြစ်ပါတယ်။ အဲဒီမျဉ်းကွေးလေးက ဘယ်နှစက္ကန့်လောက်မှာ ဇောက်ထိုးကျသွားလဲဆိုတာကိုကြည့်ပါ။ အဲဒီနေရာက ကြည့်ရှုသူတွေအများကြီး ထွက်သွားတတ်တဲ့နေရာပဲဖြစ်ပါတယ်။ ဒါကိုသိရပြီဆိုရင် နောက်ဗီဒီယိုမှာ အဲဒီလိုပျင်းစေမယ့်အရာမျိုးကိုပြင်ပြီး ပိုကောင်းတဲ့ဗီဒီယိုကို ဖန်တီးပါ။

📈3. Traffic Sources - For You Percentage (For You စာမျက်နှာမှ ကြည့်ရှုနှုန်း)

ဒါကတော့ ကိုယ့်ဗီဒီယိုကို ဘယ်နေရာကနေ လာကြည့်ကြတာလဲဆိုတာကို ပြပေးတဲ့နေရာပဲဖြစ်ပါတယ်။ ဗီဒီယိုတွေက ပေါက်ဖို့အတွက်ဆိုရင် For You Page (FYP) ပေါ်ရောက်ဖို့ လိုအပ်ပါတယ်။ သင့်ဗီဒီယိုရဲ့ Traffic Sources မှာ "For You" က ၆၀% မှ ၉၀% ကျော် အထိ ရှိနေရင် သင့်ဗီဒီယိုကို အပြင်လူတွေဆီ Algorithm က ကောင်းကောင်း တွန်းပေးနေပြီလို့ မှတ်ယူနိုင်ပါတယ်။ အကယ်၍ "Personal Profile" သို့မဟုတ် "Following" ကပဲ ရာခိုင်နှုန်း များနေမယ်ဆိုရင်တော့ အပြင်လူတွေ ပိုစိတ်ဝင်စားမယ့် Content မျိုးတွေကို ပိုဖန်တီးဖို့ လိုပါသေးတယ်။

ဗီဒီယို တင်ပြီးပြီးချင်း ၁ နာရီ၊ ၂ နာရီအတွင်းမှာ Insights က ချက်ချင်း မပေါ်သေးပါဘူး။ ဒါကြောင့် ဗီဒီယိုတင်ပြီး 24 နာရီကနေ 48 နာရီလောက်ကျတော့မှ Insights ထဲကိုဝင်ပြီးတော့ ဒီကိန်းဂဏန်းတွေကို သေချာသုံးသပ်ပါ။ သင့်အနေနဲ့ ဒီကိန်းဂဏန်းတွေကို ပိုလေ့လာပြီး ပိုကောင်းအောင် လုပ်လာနိုင်လေလေ သင့်ဗီဒီယိုတွေရဲ့ အရည်အသွေးက သိသိသာသာတက်လာပြီး ဗီဒီယိုတွေ Viral ဖြစ်ဖို့က ပိုနီးစပ်လာမှာပဲဖြစ်ပါတယ်။

သင်ရော ဗီဒီယိုတင်ပြီးရင် Insights တွေကို ပြန်စစ်လေ့ရှိလား? အခုထိ ကိုယ့်ဗီဒီယိုတွေထဲမှာ For You ရာခိုင်နှုန်း အများဆုံး ဘယ်လောက်အထိ ရဖူးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Phuket?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phuket
83000