MyanmarHero

MyanmarHero

แชร์

18/06/2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမထံသို ယနေ့မွန်းလွဲပိုင်းတွင် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်ဟောက် က ခေတ္တတည်းခိုလျက်ရှိသည့် ဟန်ကျိုးမြို့၊ Huajia Shanzhuang ဟိုတယ် ဧည့်ခန်းမ ဆောင်၌ လာရောက်တွေ့ဆုံ


#သတင်းစုံ #သမ္မတ

18/06/2026

နိုင်ငံတော်သမ္မတ ဟန်ကျိုးမြို့
ဟန်ကျိုးဘူတာသို့ ရောက်ရှိ

17/06/2026

🏴 အင်္ဂလန်အသင်း အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရ

အုပ်စု (L) အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားပွဲစဉ်မှာ အင်္ဂလန်အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ဟယ်ရီကိန်းက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ခရိုအေးရှားဘက်ကလည်း ချေပဂိုး ပြန်ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း နှစ်သင်းစလုံး အပြန်အလှန် ဂိုးသွင်းယူခဲ့ကြတာကြောင့် ၂-၂ ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ဘယ်လင်ဟမ်က တစ်ကိုယ်တော် ထိုးဖောက်ကစားပြီး အင်္ဂလန်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ လူစားဝင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိကာ အုပ်စုအဖွင့်ပွဲကို အောင်မြင်စွာ စတင်နိုင်ခဲ့ပါတယ်။

⚽ ဂိုးသွင်းသူများ

• ဟယ်ရီကိန်း (12' Pen, 42')
• ဘယ်လင်ဟမ် (47')
• ရက်ရှ်ဖို့ဒ် (85')

ခရိုအေးရှားဘက်မှ
• ဘာတူရီနာ (36')
• မူဆာ (45+5')

Photos: EPA


#သတင်းစုံ

17/06/2026

ပန်းနီနီလေးတွေနဲ့ ပန်းသပိတ်😊

17/06/2026

၂၀၂၆ ခုနှစ်မှာ ထိုင်းသတင်းမီဒီယာတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက အထူးသတ်မှတ်ပေးထားတဲ့ "နိုင်ငံခြားသားများ လုံးဝမလုပ်ရသော အလုပ် ၁၀ မျိုး" မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

​၁။ လမ်းဘေးဈေးရောင်းခြင်း
၂။ ပွဲစား၊ ကိုယ်စားလှယ်လုပ်ငန်း
၃။ ဆံပင်ညှပ်၊ အလှပြင်၊ လက်သည်းအလှပြင်လုပ်ငန်း
၄။ ထိုင်းရိုးရာအနှိပ်
၅။ တက္ကစီ၊ ဗင်ကား၊ ဘတ်စ်ကားစတဲ့ ယာဉ်မောင်းအလုပ်
၆။ ဧည့်လမ်းညွှန်
၇။ အတွင်းရေးမှူး
၈။ ဥပဒေရေးရာဝန်ဆောင်မှု
၉။ စာရင်းကိုင်စစ်ဆေးခြင်းနှင့် စာရင်းကိုင်ဝန်ဆောင်မှု
၁၀။ ထိုင်းရိုးရာလက်မှုပညာလုပ်ငန်းများ


#ထိုင်းရောက်မြန်မာ

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Phetchaburi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phetchaburi
76140