YAM Entertainment

YAM Entertainment

แชร์

29/05/2026

တစ်နိုင်ငံလုံး သုတစုံလင် ဗုဒ္ဓဝင် ပြိုင်ပွဲကြီးမှာ ပထမဆုရခဲ့တဲ့ သမီးလေး ❤️

04/11/2024

အိမ်ထောင် ပြုရင် နည်းနည်း ပြောင်း လဲ မယ်
ခလေးရရင် ပိုပြောင်းလဲမယ်
မိဘ အသိုင်းအဝိုင်း က ကူပေးနေမှသာ အပျိူလို နေရမယ် မဟုတ် ရင် တော့ ကိုယ့်ဘဝ ကိုယ်ရုန်းရမယ်။

13/10/2024

19/09/2024

"ဘယ်တော့မှ လူလည်မကျပါနဲ့"


#စာအုပ်ကောင်း

11/08/2024

I gained 8 followers, created 58 posts and received 160 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

10/08/2024
09/08/2024

"အသက် ၄၀ ကျော်လာရင်တော့
ဒါတွေ ထားခဲ့သင့်ပါပြီ"
★★★★★★★★★★★
9August 2024(Friday)

တစ်ဦးတစ်ယောက်အတွက်
အချိန်တိုင်း လွမ်းဆွတ်တသနေရမယ့်
အရွယ် မဟုတ်တော့ဘူး။

ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ဝမ်းနည်းနေရမယ့်
အရွယ် မဟုတ်တော့ဘူး။

တစ်စုံတယောက်ကို နာကျည်းပြီး
မုန်းတီးနေရမယ့် အရွယ်မဟုတ်တော့ဘူး။

အရွယ်လေးရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်
အလိုက်သင့် နေရမယ့် အရွယ်ဖြစ်နေပြီ။

အဆင်ပြေတာ မပြေတာ အပထား
ရင်ဘတ်ကြီးနဲ့ လိုက် မခံစားပဲ
ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရမယ့်
အရွယ်ပါ။

ဒီလူက ကိုယ့်ကို မချစ်ဘူး
မခင်တွယ်ဘူး မဟုတ်လား
ထားခဲ့လိုက်တော့။

ဒီလူက ကိုယ့်ကို သံယောဇဉ်မရှိဘူး
မဟုတ်လား
သူ့အတွက် အချိန်တွေ အကုန်ခံ မနေပါနဲ့။

ကိုယ့်အပေါ်မှာ နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေ မတွေးနဲ့တော့
လွှတ်ချထားခဲ့။

ဘာလို့လည်း သိလား
အချိန်တွေ သိပ်မရှိတော့ဘူး
အရွယ်တွေ ရလာပြီ။

အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဖက်သတ်တွေ လိုက်ပြီး တွယ်ကပ်နေရင်
စိတ်တိုင်းမကျတော့
အရွယ် မြန်မြန်ကျတယ်။

ဒီအသက်အရွယ်ထိ
အသည်းတွေ ကွဲနေရတုန်းဆို
သိပ်အဆင်မပြေဘူး။

ကိုယ့်အပေါ် ချစ်ခင်သောသူများနဲ့
ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ
စိတ်ကျန်းမာမယ့် အရွယ်။

စိတ်ကျန်းမာရေးကို ဂရုစိုက်ရမယ့် အရွယ်။

ကိုယ့်အပေါ်
မချစ်မနှစ်သက်တဲ့သူတွေအကြောင်း
ရင်ဘတ်ထဲ သိမ်းထားပြီး၊
ခေါင်းထဲပြန်ထည့် သွားလေရာ သယ်ဆောင်
သွားရမယ့် အရွယ်မဟုတ်တော့ဘူး။

အချစ်နဲ့ ပတ်သက်လာရင်
နားလိုက နား ၊ သွားလိုက သွား
သစ်တစ်ပင်လို အဖြစ်မျိုးနဲ့
ရပ်တည်ရမယ့် အရွယ်။

အသက်တွေကြီးလာပြီမို့
အချိန်တွေ မဖြုန်းနဲ့တော့။

ငိုဖို့ထက် ရယ်နိုင်အောင် ကြိုးစား ၊
အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျှံတော့ဘူး။

သက်တမ်းအရ
ကိုယ်ကအရင် သွားကြရမှာမို့
တစ်ပါးသူကို ချစ်ဖို့ထက်
ကိုယ့်ကိုကိုယ် ချစ်ရမယ့် အရွယ်ပါလို့
ပြောပြချင်တာပါ ။

ရင့်ကျက် တည်ငြိမ်စွာနဲ့
ဘဝကို ကောင်းမွန်စွာ
ဖြတ်သန်းနိုင်ကြပါစေ...

Texts

#စာပေ #ပညာ #ဗဟုသုတ

09/08/2024

#သင်ရင့်ကျက်သွားပြီလား
====================
9August 2024(Friday)

*ကောင်းရာကောင်းကြောင်းလုပ်နေသူကို
အနှောင့်အယှက်ပေးဖို့စိတ်ကူးနေတယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*အေးဆေးစွာနေချင်သူကို
လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင်
ကြံစည်နေတယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*ကိုယ့်အလိုမကျတိုင်းတဖက်လူကို
မုန်းတီးနေမယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*မိတ်ဆွေဖြစ်ကာစသူဆီ
မဖွယ်မရာပုံတွေ၊ဗီဒီယိုတွေပို့မယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*မဖြေချင်တဲ့မေးခွန်းကိုမကြာခဏမေးပြီး
တဖက်လူကိုစိတ်ကသိကအောင့်ဖြစ်အောင်
လုပ်နေတယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*ကိုယ့်အမှားကိုမဆန်းစစ်ဘဲ
သူများအမှားကိုသာအပြစ်မြင်နေမယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*သင့်အလိုကျနေထိုင်ဖို့ဘယ်သူ့မှာမှ
တာဝန်ရှိမနေဘူးဆိုတာ
မေ့လျော့နေတယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*စရိုက်မတူတိုင်း
စိတ်တိုင်းမကျလို့ဒေါသထွက်နေတယ်ဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

*သူတပါးကောင်းကောင်းမကောင်းကောင်း
မိမိဖါသာကောင်းသထက်ကောင်းအောင်
ကြိုးစားဖို့မေ့လျော့နေပြီဆိုရင်
သင်မရင့်ကျက်သေးပါဘူး။

Texts

#စာပေ #ပညာ #ဗဟုသုတ

09/08/2024

"စွန့်လွှတ်သင့်ရင်စွန့်လွှတ်လိုက်ပါ"
********************************
9August 2024) Friday)

လူရယ်လို့ဖြစ်လာပြီဆိုရင်

ဘ၀တစ်ခုကိုတည်ဆောက်

တွဲသင့်တဲ့လက်ကိုတွဲရမယ်၊

ဖြုတ်သင့်တဲ့လက်ကိုဖြုတ်ရမယ်

လုပ်သင့်တဲ့အလုပ်ကိုလုပ်ရမယ်

မတိုက်ဆိုင်တော့ရင်လည်း

ဖြည်းဖြည်းချင်းနှုတ်ဆက်ပါ

အရမ်းကြီးနာကျင်အောင်ထိ

စောင့်မနေပါနဲ့တော့...

ကိုယ်ကဆွဲ ...သူကဆွဲနဲ့

နာကျင်ခံစားရတာပဲပိုလာမယ်

တစ်ဖက်ကလွှတ်ပေးလိုက်ပါ၊

၂ ဖတ်လုံးမနာကျင်ရတော့ဘူးပေါ့။

#စာပေ #ပညာ #ဗဟုသုတ

09/08/2024

အဆွေကောင်းလိုရင်လူလည်ကျတဲ့အကျင့်ကိုပြင်
=====================
9August 2024(Friday)

လောကမှာ အမြတ်မထုတ်သင့်ဘူး
ဆိုတဲ့လူသပ်သပ်ရှိတယ်

ဒီလူ့ကိုငါကူညီပေးရမယ်
မဖြစ်မနေလုပ်ပေးရမယ်
(လုပ်ကိုလုပ်ပေးရမယ်)
ဒါမျိုးလူဆိုတာသပ်သပ်ရှိတယ်…

လူအပေါ်မှာလည်းမူတည်တယ်
ခင်မင်ခဲ့တဲ့သက်တမ်း
အပေါ်မှာလည်းမူတည်သလို
သူကိုယ့်အပေါ်ပြုခဲ့ဖူးတဲ့ကျေးဇူး
အပေါ်မှာလည်းမူတည်တယ်။

တခြားသောပတ်သက်ဆက်နွယ်
မှုတွေနဲ့လည်းသက်ဆိုင်သေးတယ်

အဲဒါတွေအပေါ်မူတည်ပြီး
အလကားကူညီသင့်ရင်ကူညီရတယ်

အချိန်ပေးသင့်ပေးရတယ်
အကြံပေးသင့်ရင်ပေးရတယ်
လူအင်အားစိုက်သင့်ရင် စိုက်ရတယ်

အဲလိုမှမဟုတ်ဘဲ
ဘယ်လိုလူမျိုးကိုမဆို
ပိုက်ဆံမရရင် မလုပ်ပေးနိုင်ဘူး
ကိုယ့်အိတ်ထဲကမစိုက်နိုင်ဘူး
အချိန်မပေးနိုင်ဘူး
ဘာအကျိုးအမြတ်မှမရဘဲ
မလုပ်ပေးနိုင်ဘူးဆိုတဲ့
လူတန်းစားတစ်မျိုးလည်း ရှိသေးတယ်

ချိန်ခွင်ကိုင်ထားသလိုပေါ့
ငါ့ဘက်ကိုသာမှ ငါလုပ်ပေးနိုင်မယ်
ဆိုတဲ့အတွေးနဲ့ အသက်ရှင်နေတဲ့
သူတွေလည်း ရှိတယ်

ဒီလိုလူမျိုးအတွက်
အပေါင်းအသင်းမိတ်ဆွေကောင်း
ပတ်ဝန်းကျင်ကောင်း နဲ့ ရင်းနှီးရတဲ့
လူရင်းဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး

ဘာဖြစ်လို့လဲဆိုတော့
တစ်ခုခုရမှလုပ်တတ်တဲ့ "ကြေးစား" မို့လို့ပဲ ။

ပြန်လည်မျှဝေခြင်း ဖြစ်သည်။

Credit Texts

#စာပေ #ပညာ #ဗဟုသုတ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Nakhon Pathom?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่


Nakhon Pathom
73210