TOP GLORY

TOP GLORY

แชร์

29/08/2024

အိမ်ဖော်လုပ်ပီး စာကြိုးစားချင်တဲ့. မြမြ
ပရံလုပ်ပီး စာကြိုးစားချင်တဲ့ မြမြ
ဖရဲသီးရောင်းပီး စာကြိုးစားချင်တဲ့ မြမြ
ကျရာ ဇာတ်ရုပ်မှာ ဘဝပေးအခြေ အနေကြောင့်
စာကြိုးစားချင်ရှာတဲ့ မြမြ
ညည်းတို့လည်း စာကြိုးစားကြပါ
မြမြကို အတုယူပါ😌🙄

27/08/2024

ပြန်မတွေ့ခဲ့ရင်

ပြောပြစရာတွေရှိသေးတယ်
နားထောင်မယ့်သူကမရှိတော့ဘူး
ဒီလိုနဲ့ပဲ ဝေးသွားကြတာ…။

မင်းဘက်ကကြည့်တော့မင်းမှန်တာပေါ့
ငါ့ဘက်ကကြည့်တော့လည်းမင်းမှန်ပါတယ်။
အင်း…။

စိတ်မပါတော့စာတွေမရေးဖြစ်ဘူး
စိတ်မပါပေမယ့် လွမ်းနေသေးတာပဲ။
မိုးရွာလား အဲဒီဘက်မှာ…။

အဆင်ပြေအောင်နေပါတယ်
အဆင်မပြေတာတွေနဲ့အဆင်ပြေအောင်နေတယ်။
တနေ့နေ့တော့လည်း နေသားကျသွားမှာပဲ။

နေကောင်းအောင်နေ
အထိအခိုက်ကင်းအောင်နေ။
ပြီးရင်
နောက်တစ်ယောက်နဲ့ပျော်အောင်နေ။

ကိုယ်တို့ပြန်မဆုံလောက်တော့ဘူးထင်ပါတယ်…။

Credit

13/08/2024

အချို့တွေက မိသားစုအတွက်တစ်ပြည်တစ်ရွာ
အချို့တွေက ကိုယ်ယုံကြည်ရာမှာ
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
ငါတို့တွေဟာ အိမ်ရဲ့ အဝေးမှာပဲလေ ..

အိမ်နဲ့ဝေးခါမှ
အိမ်နဲ့ဝေးရခြင်း ဒုက္ခကိုပိုနားလည်လာတယ်
ပြီးတော့.. အိမ်အဝရောက်လို့ မမြင်တာနဲ့
အမေ့..လို့ ခေါ်ရတဲ့ မိခင်ကြီးကို သတိရတယ်

အမေလည်း ဘာထူးလို့လည်း
ချစ်ခြင်းမေတ္တာဆိုတာ ချန်ခဲ့ခဲ့၊ ကျန်ခဲ့ခဲ့
လွမ်းရတာပဲလေ

ပိုဆိုးတာက
အရွယ်အိုသလို အပျော်အပါးရော
အဖော်အပေါင်းပါ ရှားတဲ့အမေအတွက်
ဒီသား၊ ဒီသမီးတွေပဲရှိတာ
ငါတို့ အငွေ့အသက်တွေ ပြည့်နေတဲ့ အိမ်မှာ
အမေ ဘယ်လောက်လွမ်းနေရှာမလဲ

ကျန်ခဲ့တဲ့ အမေ့မှာ စိတ်မအေးရှာပါဘူး
မျက်ရည်လေး ဝဲလို့
ငါ့သား ငါ့သမီးတွေ အဆင်မှ ပြေပါ့မလားတဲ့

သားသမီးတွေ အဝေးရောက်တဲ့အခါမှာတော့
ပြတင်းတံခါးက အမေ့အလွမ်းဖြေရာနေရာပဲလေ
အမေ့ မျက်နှာ နွမ်းနွမ်းလေးက
ပါးစပ်က မဟလည်း သိပ်သိသာတယ်
ငါ့သား သမီးတွေ ဘယ်တော့ ပြန်လာမလဲတဲ့

သား၊ သမီးတွေ ပြောမရဆိုမရလို့
“ကိုယ်လုပ်ချင်ရာ လုပ်ပြီးရင်
ပြန်မလာခဲ့နဲ့” ဆိုတဲ့ အမေ
ခုတော့ ဘုရားရှေ့မှာ
ငါ့သား ငါ့သမီး ဘေးမသီ ရန်မခပါစေနဲ့လေ

အမေဟာ သိပ်ဟန်ဆောင်ကောင်းတယ်
သားတွေ၊ သမီးတွေများ ဆက်သွယ်လာရင်
အလွမ်းတွေဖုံးပြီး ပီတိအပြုံးကြီးနဲ့
အမေတို့ အဆင်ပြေပါတယ်
ငါ့သား၊ ငါ့သမီးတွေသာ အဆင်ပြေအောင်နေတဲ့

အမေ့ပါးစပ်ကသာ မဟတာ
ဒီအမေက မွေးထားလို့
အမေ့မျက်ဝန်းတွေက စာဖတ်လို့ရတယ်

အမေ မပြောတာပဲရှိတယ်
ငါ့သား၊ ငါ့သမီးတွေ လွမ်းတယ် ။


#ဆြာချစ်

Photos from TOP GLORY's post 13/08/2024

ဂေါင်းရီးတို့ရေ အုံးသီးအခွံတွေ စျေးတက်တော့မယ့် အခြေ အနေပဲ
😂

09/08/2024

မသိလိုစ့်.

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Maha Chai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Maha Chai