Studyhouse
smirk / smirked / smirked / smirking
- (V)smile in an irritatingly smug, conceited, or silly way.
စိတ်တိုစရာကောင်းလောက်အောင် အချိုးမပြေစွာပြုံးသည်
- (N)a silly smile
လှောင်ပြုံး /မဲ့ပြုံး
for example:
1. Wipe that smirk off your face!
မင်းမျက်နှာပေါ်ကလှောင်ပြုံးကိုဖယ်လိုက်စမ်း
ဒီနေရာမှာ wipe off ကphrasal verb အနေနဲ့ (တခုခုနှင့်) သုတ်တာ/ဖယ်ရှားပစ်တာအဖြစ်သုံးပါတယ်
2. Tell me when did your winning smile become to look like a smirk.. ( lyrics from Happiness - Taylor swift)
မင်းရဲ့နှစ်မြို့ဖွယ်ကောင်းတဲ့အပြုံးတွေက ဘယ်ချိန်တည်းက လှောင်ပြုံးတွေအဖြစ်ပြောင်းလဲသွားခဲ့ရတာလဲပြောပြစမ်းပါ..
winning smile - a smile that is friendly and tends to make people like that person.
ဒီနေရာမှာ winning smile က ဖော်ရွေတဲ့အပြုံး၊ လူအများနှစ်ခြိုက်တဲ့အပြုံးအဖြစ်သုံးပါတယ်
Nov4,2023
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Maha Chai