Health post
22/05/2026
https://shorturl-ddc.moph.go.th/acT
⛈️🐍 မိုးရာသီ - မြွေဆိုးကိုက်ခြင်းကို သတိပြုပါ⚠️ (ကာကွယ်ခြင်းက ပိုမိုဘေးကင်းစေသည်)✨
မိုးရာသီသည် မြွေဆိုးများကို အများဆုံးတွေ့ရတတ်သည့် အချိန်ဖြစ်သည်။ ၂၀၂၃ - ၂၀၂၅ ခုနှစ် အတွင်း မြွေဆိုးကိုက်ခံရ၍ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ စုစုပေါင်း ၁၂,၂၁၂ ဦး ရှိပြီး၊ တစ်နှစ်လျှင် ပျမ်းမျှ ၄,၀၇၁ ဦး ရှိပါသည်။
📊 စာရင်းဇယား အချက်အလက်များ
💀 သေဆုံးသူ: ၂၀ ဦး
👤 အများဆုံးဖြစ်ပွားသည့် လိင်: အမျိုးသားများတွင် ပိုမိုတွေ့ရသည်။
👨🌾 အလုပ်အကိုင်: ကာယလုပ်သားများနှင့် လယ်သမား/တောင်သူများ။
🏠 ဖြစ်ပွားသည့်နေရာ: အိမ်တွင်း/အိမ်အနီးအနား၊ လယ်ကွင်း၊ ယာခင်းနှင့် ခြံဝင်းများ။
📅 အများဆုံးဖြစ်ပွားသည့် လအလိုက်: မေလ မှ အောက်တိုဘာလ အတွင်း။
⏰ ဖြစ်ပွားသည့် အချိန်: ညနေ ၆:၀၀ နာရီ မှ ည ၈:၀၀ နာရီအတွင်း။
🛡️ မြွေကိုက်ခြင်းမှ ကာကွယ်ရန် လမ်းညွှန်ချက်များ
ခြေမျက်စိဖုံးသော ဖိနပ် (သို့မဟုတ်) ဘွတ်ဖိနပ်အရှည်နှင့် ဘောင်းဘီရှည်များကို ဝတ်ဆင်ပါ။
ညဘက် သွားလာလှုပ်ရှားလျှင် ဓာတ်မီး အမြဲသုံးပါ။
ခြုံနွယ်ပိတ်ပေါင်းများ သို့မဟုတ် ရှုပ်ပွနေသော နေရာများသို့ မသွားမီ တုတ်ဖြင့် အရင်ယမ်းပါ။
မြက်တောများ သို့မဟုတ် သစ်ခေါင်းများထဲသို့ ခြေဗလာဖြင့် သွားခြင်း၊ လက်နှိုက်ခြင်းများကို ရှောင်ကြဉ်ပါ။
သစ်ပုံများ၊ အုတ်ပုံများနှင့် သစ်ရွက်ခြောက်ပုံများကို သတိထားပါ။
မြွေသည် သေနေပြီဟု ထင်ရသော်လည်း လက်ဖြင့် သွားမကိုင်ပါနှင့်။
🚑 မြွေကိုက်ခံရပါက ရှေးဦးသူနာပြုစုနည်း
အဆိပ်များ ခန္ဓာကိုယ်ထဲမှ ထွက်သွားစေရန် ဒဏ်ရာဝန်းကျင်ရှိ သွေးများကို ညှစ်ထုတ်ပါ။
ဒဏ်ရာကို ရေစင်စင်ဖြင့် ဆေးကြောပြီး ဆပ်ပြာ (သို့မဟုတ်) ပိုတက်စီယမ် ပါမန်ဂနိတ် (Potassium Permanganate) ဖြင့် ဆေးပါ၊ ထို့နောက် အဝတ်သန့်ဖြင့် ခြောက်အောင် သုတ်ပါ။
ကိုက်ခံရသည့် အင်္ဂါအစိတ်အပိုင်းကို လှုပ်ရှားမှု အနည်းဆုံးဖြစ်အောင် ကြိုးစားပါ (ထိုအစိတ်အပိုင်းကို ငြိမ်နေအောင် ကြပ်စည်းထားနိုင်သည်)။
ဒဏ်ရာရှိသည့်နေရာကို နှလုံးအောက် နိမ့်သောအနေအထားတွင် ထားရှိပြီး လူနာကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပါ။
⚠️ အရေးပေါ် အကူအညီ: အိမ်ထဲသို့ မြွေ သို့မဟုတ် အဆိပ်ရှိသတ္တဝါများ ဝင်ရောက်လာပါက ဖုန်းနံပါတ် 199 သို့ ခေါ်ဆို၍ အကူအညီတောင်းခံနိုင်သည် (သို့မဟုတ်) ဒဏ်ရာရရှိပါက ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ သို့မဟုတ် ဖုန်းနံပါတ် 1669 သို့ ဆက်သွယ်နိုင်ပါသည်။
18/05/2026
📍ผื่น အဖုအပိန့်
14/05/2026
📢📢📢
📍တုတ်ကွေး ကာကွယ်ဆေး💉
📍ဦးစားပေး အုပ်စု (၇) စု
📍အခမဲ့
01/05/2026
မဲဆောက်ဆေးရုံသည် ကမ္ဘာ့ကာကွယ်ဆေးထိုးရက်သတ္တပတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
..
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ ကြာသပတေးနေ့၊ နံနက် ၉:၃၀ နာရီတွင် မဲဆောက်ခရိုင်ရုံးခန်းမ၌ တာ့ခ်ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးသည် မဲဆောက်ဆေးရုံနှင့် တာ့ခ်ပြည်နယ်နယ်စပ်ဆေးဘက်ဆိုင်ရာနှင့်ပြည်သူ့ကျန်းမာရေးသင်ယူရေးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးရက်သတ္တပတ်ပွဲကို "လူအားလုံး၊ လူမျိုးအားလုံးအကျုံးဝင်သော အသက်အရွယ်အားလုံးအတွက် ကာကွယ်ဆေးများ" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ တာ့ခ်ပြည်နယ်ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာ နာကာရင် ဆိုမာဘူတာက ဖွင့်ပွဲအခမ်းအနားကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
မဲဆောက်ဆေးရုံညွှန်ကြားရေးမှူးနှင့် သင်ယူရေးဌာန၏ ယာယီညွှန်ကြားရေးမှူး တွဲဖက်ပါမောက္ခ (အထူး) ဒေါက်တာ ရာမက်စ် ဝေါင်ဝီလိုင်ရတ်က ပွဲ၏ရည်ရွယ်ချက်များကို တင်ပြခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ထိုင်းနိုင်ငံ) ၏ ကိုယ်စားလှယ် မစ္စ အာရီ မောင်ဆွတ်ချာရွန်က ပွဲအား ပံ့ပိုးကူညီရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။
ပွဲ၏ရည်ရွယ်ချက်မှာ အသက်အရွယ်မရွေး၊ လူမျိုးမရွေး ပစ်မှတ်ထားအုပ်စုများအား ကာကွယ်ဆေးများရရှိစေရန်နှင့် အခွင့်အလမ်းများ ဖန်းတီးပေးရန်ဖြစ်သည်။
မဲဆောက်မြူနီစီပယ်၊ မဲဆောက်ခရိုင်ပြည်သူ့ကျန်းမာရေးရုံး၊ ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO Thailand) ၊ မိတ်ဖက်ကွန်ရက်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
23/04/2026
📢 မဲဆောက်ရှိ ဒေသခံအားလုံးအတွက် သတင်းကောင်း!!
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဌာနသည် မဲဆောက်ဆေးရုံကြီး၊ တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးရုံး၏ လူထုဆေးခန်းများ၊ မိတ်ဖက်ကွန်ရက်များနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား အသက်အရွယ်မရွေး နိုင်ငံသားအားလုံးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ နံနက် ၈:၃၀ မှ မွန်းတည့် ၁၂:၀၀ နာရီအထိ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပမည့် "၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုရက်သတ္တပတ်" တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
လှုပ်ရှားမှုများတွင်
❤️အသက်အရွယ်မရွေးလူမျိုးမရွေး အခမဲ့ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေးပညာပေးခြင်း၊
❤️အပန်းဖြေလှုပ်ရှားမှုများနှင့် ဆုများစွာရရှိရန် အခွင့်အရေးတို့ ပါဝင်သည်။
ရရှိနိုင်သော 💉 ကာကွယ်ဆေးများတွင် အောက်ပါတို့ ပါဝင်သည်-
၁။ အသက် ၅ နှစ်အောက် ကလေးများအတွက် ကာကွယ်ဆေးများ🤱🙋♀️🙋♂️
၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကာကွယ်ဆေးများ🫃🫄( ကိုယ်၀န်စောင့်ရှောက်မှု စာအုပ် ရှိပါက ယူလာပေးပါ)
၃။ အများပြည်သူအတွက် တုပ်ကွေးကာကွယ်ဆေး 👨👩👧👦👨🦼👨🦯🧓👵(၂၅၀၀ ဦး ရရှိနိုင်ပါသည်။
🎉ဤပွဲသည် အားလုံးအတွက် တန်းတူညီမျှပြီး ဘေးကင်းလုံခြုံသော ကာကွယ်ဆေးများ ရရှိစေခြင်း၊ လူတိုင်းအတွက် ကိုယ်ခံအားတည်ဆောက်ခြင်း၊ လူမှုအသိုင်းအဝိုင်းဘေးကင်းရေးကို သေချာစေရန် ရည်ရွယ်ပါသည်။
🎊လာရောက်ပြီး ကာကွယ်ဆေးထိုးရန်ဖိတ်ခေါ်ပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ การปฏิบัติ
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
15/45 ซอยหมู่บ้านถุงทอง
Mae Sot
63110
เวลาทำการ
| จันทร์ | 08:00 - 16:00 |
| อังคาร | 08:00 - 16:00 |
| พุธ | 08:00 - 16:00 |
| พฤหัสบดี | 08:00 - 16:00 |
| ศุกร์ | 08:00 - 12:00 |