RISE Center

RISE Center

แชร์

15/06/2026

🌾 မင်္ဂလာပါ ခင်ဗျာ။

🌾 ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၁၈.၆.၂၀၂၆) မှာ " 𝗧𝗵𝗲 𝗠𝗮𝗽 𝘁𝗼 𝗢𝘂𝗿 𝗛𝗶𝗱𝗱𝗲𝗻 𝗗𝗲𝘀𝗶𝗿𝗲𝘀" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

💌 ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကို ရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နားထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

💌 ဒီ support session လေးကို RISE CENTER ရဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽, 𝗧𝗢𝗧 နဲ့ 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗖𝗼𝘂𝗿𝘀𝗲 𝗜𝗻 𝗖𝗼𝘂𝗻𝘀𝗲lling 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 ပြီးမြောက်ထားတဲ့ ဆရာ/ဆရာမ များက ဦးဆောင်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

⭐ Social Media ပေါ်မှာ ကိုယ့်ရဲ့ Batch friend တစ်ယောက်၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အောင်မြင်မှု Post တွေကို ကြည့်ပြီး အပြင်ပန်းက ပြုံးပြဝမ်းသာပေးပေမဲ့... ရင်ထဲမှာ စူးခနဲနဲ့ အားငယ်စိတ်၊ အားကျမနာလိုစိတ်မျိုး ခံစားဖူးပါသလား။

တကယ်တော့ ဒီ "မနာလိုစိတ်" (Envy & Jealousy) ဆိုတာ သင်ဟာ စိတ်နေစိတ်ထားမကောင်းတဲ့ လူတစ်ယောက်မို့လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါဟာ သင့်နှလုံးသားထဲမှာ မြှုပ်နှံထားတဲ့ "ငါလည်း ဒါကို တကယ်လိုချင်နေတာပဲ" ဆိုတဲ့ လျှို့ဝှက်ဆန္ဒတွေကို လှမ်းပြနေတဲ့ "လမ်းညွှန်အိမ်မြှောင် (Compass)" တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီခံစားချက်ကို မကောင်းတဲ့အရာတခုလိုမှတ်ယူပြီး ဖိသိပ်ဖုံးကွယ်ထားမိတဲ့အခါ သတိမထားမိဘဲ ဒေါသ၊ အဆိုးမြင်မှု စတဲ့အမူအကျင့် တခုခုဖြင့် ပုံစံပြောင်းပြီးထွက်လာတတ်ပါတယ်..

ငယ်စဉ်ကတည်းက ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ နှိုင်းယှဉ်မှုတွေ၊ ပြိုင်ဆိုင်မှုအခြေခံ ပညာရေးစနစ်တွေကြားထဲက ရုန်းထွက်ပြီး မိမိကိုယ်ကို ပြန်လည်နားလည်ဖို့အတွက် "𝗧𝗵𝗲 𝗠𝗮𝗽 𝘁𝗼 𝗢𝘂𝗿 𝗛𝗶𝗱𝗱𝗲𝗻 𝗗𝗲𝘀𝗶𝗿𝗲𝘀" အမည်ရ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆွေးနွေးပွဲ (Psychological Support Session) လေးတစ်ခု ပြုလုပ်သွားဖို့ ရှိပါတယ်။

ဒီ Session မှာ ဘာတွေ ဆွေးနွေးကြမလဲ?
ခံစားချက်တွေကို စိတ်ပညာအရ အဓိပ္ပါယ်ဖွင့်ဆိုခြင်း။
မနာလိုစိတ်နောက်ကွယ်က ကိုယ့်ရဲ့ "လျှို့ဝှက်ဆန္ဒ" တွေကို ဓါတ်မှန်ရိုက်သလို ဖော်ထုတ်ခြင်း။
နာကျင်မှု အားငယ်မှုတွေကို ကို တွန်းအားအဖြစ် ပြောင်းလဲပြီး မိမိကိုယ်ကို ပြန်လည်အားပေးကြမယ်။

ပြိုင်ဆိုင်မှုတွေကြားထဲမှာ ပင်ပန်းနေတဲ့ စိတ်ကလေးကို အနားပေးပြီး၊ လုံခြုံစိတ်ချရတဲ့ Safe Space တစ်ခုမှာ ပွင့်ပွင့်လင်းလင်း အတူတူရင်ဖွင့် ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🌾 ဒီ Workshop ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

👉 စာရင်းပေးသွင်းရန် -
https://forms.gle/UDN2mVk4oD63HVoKA

(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

🌵 နေ့ရက် - ၁၈/ ဇွန်လ/ ၂၀၂၆ (ကြာသပတေးနေ့)

🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်

🌵 အချိန် - မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ

15/06/2026

𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 & 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺

🔔 အားလုံးပဲမင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗘𝗡𝗧𝗘𝗥 ကနေပြီးတော့ 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 & 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 (𝗕𝗮𝘁𝗰𝗵 𝟯) ကိုစတင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

🔔 အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း 𝗥𝗜𝗦𝗘 𝗖𝗘𝗡𝗧𝗘𝗥 ဟာဆိုလျှင် မြန်မာနဲ့ထိုင်းနယ်စပ်တစ်လျှောက်ရှိ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ကျန်းမာရေးအတွက် မှန်ကန်တိကျပြီး
သင့်‌‌လျော်ထိရောက်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ အကူအညီ အထောက်အပံ့တွေကို ပံ့ပိုးပေးနေတဲ့ Center တစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။

🔔 စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို လူထုကြားပိုမိုရောက်မှုရှိစေဖို့ မိမိတို့ကိုယ်တိုင် လူထုကြား ပညာပေးအစီစဥ်များ စဥ်ဆက်မပြတ်ပြုလုပ်ပေးလျှက်ရှိသလို စိတ်ပညာ နှင့် စိတ်ကျန်းမာရေးကိုစိတ်ဝင်စားပြီး လူထုကိုအကျိုးပြုလိုတဲ့ 𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 များအတွက်လည်း 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴𝘀 များစွာပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။

🔔 ဒီတစ်ခေါက်မှာတော့ စိတ်ကျန်းမာရေးနှင့် စိတ်ပညာဆိုင်ရာ အခြေခံဗဟုသုတတွေ၊ လူထုကြားမှာ အတွေ့ရများတဲ့ စိတ်ကျန်းမာ‌ဆိုင်ရာ ပြဿနာများအကြောင်း၊ ပညာရှင်တွေရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ အလုပ်လုပ်ပုံတွေကို အချိန်ပေးပြီး စနစ်တကျလေ့လာချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကိုဖွင့်လှစ်လိုက်ပါတယ်။

🔔 ဒီ 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 & 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 တက်ပြီးသွားတဲ့အခါ
📌စိတ်ပညာဆိုင်ရာ သီအိုရီတွေကို အခြေခံအားဖြင့် နားလည်သွားမယ်
📌စိတ်ပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်သွားမယ်
📌စိတ်ကျန်းမာရေးနှင့် စိတ်ပညာနယ်ပယ်အတွင်းမှ ကျွမ်းကျင်ပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်ပုံများ၊ ပညာရပ်အပေါ် ထားရှိသော သဘောတရားများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာစောင့်ထိန်းပုံတွေကို သိရှိသွားမယ်
📌စိတ်ပညာနဲ့ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာများ၊ အချက်အလက်များကို မှန်ကန်စွာအသုံးပြုပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်ကိုသော်လည်းကောင်း ကူညီဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

_________________________________________________

🔔 ဒီ program ကိုလျှောက်ထားနိုင်သူတွေက
📍အသက် ၁၆ နှစ်အထက် ဖြစ်ရပါမယ်။
📍June မှ September ထိ Internship ကာလ ၃ လ အတိလုပ်ကိုင်နိုင်ရပါမယ်။
📍သင်တန်းမှ ပေးသော Assignments, Presentations နှင့် Projects များကို ပြီးစီးအောင် လုပ်ဆောင်နိုင်ရမည်။
📍မည်သည့်ပညာရပ်ကို လေ့လာသူမဆို ပါဝင်နိုင်ပါတယ်။
📍စိတ်ပညာနှင့် စိတ်ကျန်းမာရေးကို ချစ်မြတ်နိုးသူ၊ တန်ဖိုးထားလေ့လာသင်ယူလိုသူ ဖြစ်ရပါမယ်။
📍သင်တန်းအချိန်များကို မပျက်မကွက်တက်ရောက်နိုင်ပြီး အသင်းအဖွဲ့နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရပါမယ်။
📍RISE Centre (မဲဆောက်) မှာ လူကိုယ်တိုင်လာရောက်တက်နိုင်သူဖြစ်ရပါမယ်။

🔔 စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ link မှာလျှောက်ထားနိုင်ပါတယ်။
https://forms.gle/Pk1wn2AGksdjX2TQ8

🎯🎯🎯
Application form ပါ သတိပြုရမည့်အချက်များကို သေချာဖတ်ပေးစေလိုပါတယ်။ ပြည့်စုံကိုက်ညီမှုမရှိသော form များကိုထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
ဥပမာ
- စာလုံးရေ ၁၅၀ မပြည့်ခြင်း။
(မြန်မာစာမှာ အဓိပ္ပာယ်ပြည့်စုံတဲ့ စကားလုံးတစ်လုံး ကို စာလုံးရေ ၁ လုံး လို့ သတ်မှတ်ပါတယ်။ ဥပမာ - "ကျွန်တော်" (၁ လုံး)၊ "ကျောင်း" (၁ လုံး)၊ "သွားသည်" (၁ လုံး)။ ​"ကျွန်တော် ကျောင်း သွားသည်" ဆိုလျှင် စုစုပေါင်း ၃ လုံး ဖြစ်ပါတယ်။

- ကိုယ်ရေးအကျဉ်းတွင် ဓာတ်ပုံ မပါခြင်း။
- ထောက်ခံပေးမည့်သူရဲ့ အမည်ပဲပါပြီး ဆက်သွယ်ရန် ဖုန်း၊ email မပါရှိခြင်း။

_________________________________________________

📣 Application form ပိတ်မည့်ရက်မှာ 𝗝𝘂𝗻𝗲 𝟭𝟱 ရက်နေ့ဖြစ်ပါတယ်။
လျှောက်လာသူအားလုံးထဲမှ 𝗦𝗵𝗼𝗿𝘁 𝗟𝗶𝘀𝘁 ရွေးချယ်ခံရသော သင်တန်းသားများကို 𝗝𝘂𝗻𝗲 𝟭𝟲 မှာအကြောင်းပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်။
𝗦𝗵𝗼𝗿𝘁 𝗟𝗶𝘀𝘁 ရွေးချယ်ခံကသူများအနေနဲ့ 𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 𝗦𝗲𝘀𝘀𝗶𝗼𝗻 ရှိပါမယ်ခင်ဗျ။

📣 သင်ဟာ စိတ်ပညာ၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ကိုမျှဝေကူညီချင်လို့ပဲ ဖြစ်ဖြစ်၊ စိတ်ပညာကို လက်တွေ့မှာ အသုံးပြုချင်လို့ တန်ဖိုးထားလေ့လာသင်ယူချင်တယ်ဆိုရင်တော့ အခုပဲလျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။

3 Months Internship Program
(23 June - 23 September)
2 days in a week (Tuesday & Wednesday)
Time: 9:30 am -12:30 pm
(9:30 am - 3:30 pm in presentation days)
Place: RISE Centre (In person)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တည်ရှိသည်။
မိမိအစီစဉ်ဖြင့် လာရောက်ရမည် ဖြစ်ပါသည်။

🎯 ရက်ရှည်သင်တန်းဖြစ်ပြီး လူဦးရေအနည်းငယ်သာ လက်ခံနိုင်တာမို့ သင်တန်းချိန်နှင့် သင်တန်းမှ
ပေးသော Assignment များကို (လုံး၀)မပျက်မကွက်
တက်‌ရောက်လုပ်ကိုင်နိုင်သူ၊ Psychology & Mental Health ကို အမှန်တကယ် Passionate ဖြစ်သူများသာ လျောက်ထားပေးစေလိုပါသည်။

12/06/2026

ด้วยสำนึกในพระกรุณาธิคุณอันหาที่สุดมิได้ สมเด็จพระเจ้าลูกเธอ เจ้าฟ้าพัชรกิติยาภา นเรนทิราเทพยวดี กรมหลวงราชสาริณีสิริพัชร มหาวัชรราชธิดา ธ สถิตในดวงใจตราบนิจนิรันดร์ ข้าพระพุทธเจ้า คณะผู้บริหารและพนักงาน

With profound gratitude for Her Royal Highness Princess Bajrakitiyabha Narendira Debyavadi, Krom Luang Rajasarinisiripatchara Mahavajrarajathida. Our sincere condolences go to the Royal Family and all those mourning this great loss. Her legacy of service and kindness will remain an inspiration to many.

From RISE members,

Photos from RISE Center's post 11/06/2026

🎨 အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။

​🎨 ဒီနေ့မှာတော့ ကျွန်တော်တို့ RISE Center ရဲ့ ၀န်ထမ်းများ နဲ့ Alumni တွေဟာ ဖိတ်ကြားထားတဲ့ Guest Artist နဲ့အတူတူ "Stress Relief Art Workshop" လေးကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။

🎨 မိမိတို့ရဲ့ စိတ်ဖိစီးမှုတွေကို အနုပညာရသနဲ့ တူတူဖြေဖျောက်ရင်း အမှတ်တရ ဖြစ်ရတဲ့ အချိန်လေးလည်း ဖြစ်ခဲ့ပါတယ်။

🎨 တစ်ဦးချင်းစီရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့၊ ကြည့်ရုံနဲ့တင် အံ့ဩသွားစေမယ့် "နိုင်ငံကျော် အနုပညာရှင်ကြီးများအလား" လက်ရာမြောက်လှတဲ့ ပန်းချီကားချပ်လေးတွေကိုလည်း အားလုံးပဲ ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 🥰 🎨

02/06/2026

🌾 မင်္ဂလာပါ ခင်ဗျာ။

​🌾 ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၄.၆.၂၀၂၆) မှာ "𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗥𝗲𝗰𝗵𝗮𝗿𝗴𝗲" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

​💌 ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကို ရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နားထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

​💌 ဒီ support session လေးကို 𝗥𝗜𝗦𝗘 𝗖𝗘𝗡𝗧𝗘𝗥 ရဲ့ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗲 ဖြစ်တဲ့ ဆရာမ 𝗡𝗮𝘆 𝗡𝘄𝗲 က ဦးဆောင်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

​ဒီ Session လေးမှာတော့ -

နှစ်အစက မိမိတို့ ချမှတ်ခဲ့တဲ့ Goals (ရည်မှန်းချက်) တွေနဲ့အတူ အခုလို နှစ်ဝက်ကာလကို ရောက်ရှိလာတဲ့အချိန်မှာ ဘယ်အရာတွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလဲ၊ ဘာတွေကတော့ လုပ်ဆောင်ဖို့ ကျန်ရှိနေသေးလဲ၊ ဘယ်လိုအရာတွေက အတားအဆီး ဖြစ်နေလဲဆိုတာကို ကိုယ့်ရဲ့စိတ်လေးကို အကြည်လင်ဆုံးထားပြီး ဓမ္မဓိဋ္ဌာန်ကျကျ အတူတကွ ပြန်လည်သုံးသပ်သွားကြမှာ ဖြစ်ပါတယ်။

​ဒါ့အပြင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရင်း ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ခွန်အားတွေကို အချင်းချင်း ဖေးမကူညီမှုတွေနဲ့အတူ ခဏတာအနားယူရင်း တစ်ဖန်ပြန်လည်ဖြည့်တင်း (Recharge) ပြီး ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။

​🌾 ဒီ Workshop ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

​👉 စာရင်းပေးသွင်းရန် -
https://forms.gle/zKi2PbmdzwSMTWqY8

​(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

​🌵 နေ့ရက် - ၄/ ဇွန်/ ၂၀၂၆ (ကြာသပတေးနေ့)

​🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်

​🌵 အချိန် - မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ





18/05/2026

🌾 မင်္ဂလာပါ ခင်ဗျာ။

🌾 ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၂၁.၅.၂၀၂၆) မှာ " 𝗕𝗲𝗵𝗶𝗻𝗱 𝘁𝗵𝗲 𝗦𝗰𝗿𝗲𝗲𝗻: 𝗟𝗼𝗻𝗲𝗹𝗶𝗻𝗲𝘀𝘀 & 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 / ထွန်းကားလာတဲ့ နည်းပညာခေတ်ရဲ့နောက်ကွယ်က အထီးကျန်ခြင်းနှင့် စိတ်ကျန်းမာရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

💌 ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကို ရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နားထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

💌 ဒီ support session လေးကို RISE CENTER ရဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽, 𝗧𝗢𝗧 နဲ့ 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗖𝗼𝘂𝗿𝘀𝗲 𝗜𝗻 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 ပြီးမြောက်ထားတဲ့ ဆရာ/ဆရာမ များက ဦးဆောင်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

ဒီ Session လေးမှာတော့-
• Online connection များကြား အထီးကျန်မှုများ အကြောင်း
• Social media နှင့် technology အသုံးပြုမှုက စိတ်ခံစားမှုအပေါ် ဘယ်လိုသက်ရောက်နေသလဲ
• Emotional wellbeing ကို ဘယ်လိုနည်းတွေနဲ့ ကာကွယ်နိုင်မလဲ
• လူသားချင်းချိတ်ဆက်မှု၏ အရေးပါမှုအကြောင်း တို့ကို အဓိကဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။

🌾 ဒီ Workshop ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

👉 စာရင်းပေးသွင်းရန် -
https://forms.gle/b87va3wZmx1HuRTy7

(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

🌵 နေ့ရက် - ၂၁/ မေလ/ ၂၀၂၆ (ကြာသပတေးနေ့)

🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်

🌵 အချိန် - မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ

13/05/2026

📣📣📣❤️❤️❤️❤️Gentle reminder for all❤️❤️❤️❤️📣📣📣

Apply Now for Youth Conference 2026: Harmony in Diversity 📢📢📢

[English/ Thai Version Below]

ပတ်၀န်းကျင်အသစ်တစ်ခုတွင် ကျင်လည်ရသည့်အခါ၌ စိန်ခေါ်မှုအများအပြား ကြုံတွေ့နိုင်ပါသည်။ ဘုံတူညီသော စိန်ခေါ်မှုများလည်းရှိနိုင်သလို ကွဲပြားခြားနားသော စိန်ခေါ်မှုမြောက်များစွာလည်းရှိနိုင်ပါသေးသည်။ အခုလို စိန်ခေါ်မှုတွေအကြောင်းကို အချင်းချင်းမျှဝေပြီး မတူညီတဲ့ ရှု့ထောင့်မှ ကျယ်ပြန့်စွာ ပြဿနာတစ်ခုကို ကြည့်ရှု့ကြရန်၊ အဓိပ္ပါယ်နှင့်ပြည့်၀သော ဆက်ဆံရေးများနှင့် ကွန်ယက်များ တည်ဆောက်ကာ စိတ်ဖိစီးမှုနည်းပါးပြီး အာရုံစူးစိုက်နိုင်စွမ်းများမြင့်မားသည့် ပတ်၀န်ကျင်းတစ်ခုတည်ဆောက်နိုင်ရန်အတွက် "Harmony in Diversity" ဆိုတဲ့ လူငယ်တွေ့ဆုံပွဲမှ လျှောက်လွှာများ လက်ခံနေပါပြီ။

အသေးစိတ်အချက်အလက်များ 📋📋📋

မဲဆောက်မြို့ရှိ RISE Center တွင် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့တိုင်အောင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားပါမည်။

အသက် ၁၈ နှစ်မှ ၂၈ နှစ်အတွင်း မဲဆောက်မြို့တွင် နေထိုင်နေသော လူငယ်များပါ၀င်နိုင်ပါသည်။

ယခုတွေ့ဆုံပွဲအား တက်ရောက်သောလူငယ်တိုင်းသည် ပွဲကာလအတွင်း မိမိတို့နှင့်သက်ဆိုင်ရာ ပတ်၀န်းကျင်နှင့် လူမှုအသိုင်းအ၀ိုင်းအား အကျိုးပြုစေမည့် ပရောဂျက်များအား အဖွဲ့လိုက်စီမံ၊ ပြင်ဆင်ကာ တင်ပြချက်ပြုရပါမည်။ ထိုသို့ တင်ပြချက်ပြုသော အဖွဲ့များထဲမှ အဖွဲ့ (၃) ဖွဲ့အား ရွေးချယ်ကာ ထိုအဖွဲ့များတင်ပြခဲ့သည့် ပရောဂျက်အား လက်တွေ့ပြုလုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေ ပေးအပ်သွားပါမည်။

ဤလူငယ်တွေ့ဆုံပွဲတွင်ပါ၀င်ခြင်းအားဖြင့် အနာဂါတ်အတွက်အခြေခံတည်ဆောက်ရာတွင် အရေးပါတဲ့အရာများဖြစ်တဲ့ ကျယ်ပြန့်စွာသင်ယူနိုင်သော စွမ်းရည်များ၊ လူငယ်ကွန်ယက်များချိတ်ဆက်ခြင်း၊ မိမိအားစိတ်သက်သာရာပေးသော ပတ်၀န်းကျင်တစ်ခုတည်ဆောက်ခြင်း စတဲ့ ကျွမ်းကျင်မှုများ တိုးတက်လာမှာပဲဖြစ်ပါတယ်။

ယခု လူငယ်တွေ့ဆုံပွဲအား တက်ရောက်လိုပါက အောက်တွင်ဖော်ပြထားသည့် လင့်ခ်မှတစ်ဆင့် (၁၄ ) ရက် ၅ လပိုင်း (၁၁ : ၅၉) နာရီ ထိုင်းစံတော်ချိန် နောက်ဆုံးထားပြီး လျှောက်ထားရပါမည်။ #မဲဆောက် #လူငယ် #တွေ့ဆုံပွဲ
လျှောက်ထားရန်လင့်ခ်: https://forms.gle/G7Cr3vKjKrcKMvzCA

[English Version]

We Are Now Accepting Applications!!!

When we are entering a new environment, we may encounter many challenges. While some challenges may be shared, there are also some that may differ from one another. Youth conference "Harmony in Diversity" is accepting applications to share the diverse challenges we face and explore multiple perspectives in understanding them, to build meaningful connections and networks, and to create an environment that could reduce stress and improve focus.

Details are provided below

The Youth Conference will be held at the RISE Center in Mae Sot from May 18–20, 9:00 AM to 5:00 PM each day.

Youths, aged between 18 to 28, residing in Mae Sot Area can apply.

All youth participants attending this conference will be required to work in teams to design, prepare, and present projects during the event. These projects should aim to benefit their respective environments and communities.
From the presented projects, three teams will be selected, and each team will be awarded funding to support the implementation of their proposed projects.

By participating in this youth conference, participants will develop essential skills that serve as a strong foundation for their future. These include the ability to learn broadly, build and connect with youth networks, and create supportive environments that promote well-being and comfort.

If you wish to be a part of our Youth Conference, please register through the link provided below by 14th May [11:59] P.M. ( Thailand Time).


Apply here: https://forms.gle/G7Cr3vKjKrcKMvzCA

ขอเชิญสมัครเข้าร่วมการประชุมเยาวชน ปี 2026 : รวมพลังความหลากหลาย สู่ความกลมเกลียว

เมื่อเราได้เข้าไปอยู่ในสภาพแวดล้อมใหม่ ๆ เราอาจต้องเผชิญกับความท้าทายมากมาย ทั้งความท้าทายที่มีร่วมกัน และความท้าทายที่แตกต่างกันออกไป การได้แบ่งปันประสบการณ์เหล่านี้ซึ่งกันและกัน จะช่วยให้เราได้มองเห็นปัญหาในมุมมองที่หลากหลายและกว้างขึ้น อีกทั้งยังเป็นโอกาสในการสร้างความสัมพันธ์และเครือข่ายที่มีความหมาย พร้อมทั้งร่วมกันสร้างสภาพแวดล้อมที่ลดความเครียดและส่งเสริมสมาธิ ขณะนี้ “Harmony in Diversity” งานพบปะเยาวชน ได้เปิดรับสมัครแล้ว
รายละเอียดเพิ่มเติม 👇🏼
📍 จัดขึ้นที่ RISE CENTER อำเภอแม่สอด ระหว่างวันที่ 18 – 20 พฤษภาคม เวลา 09.00 – 17.00 น.
📍 เปิดรับเยาวชนที่มีอายุระหว่าง 18 – 28 ปี และอาศัยอยู่ในอำเภอแม่สอดเข้าร่วมกิจกรรม
📍ผู้เข้าร่วมการประชุมเยาวชนในครั้งนี้ จะต้องร่วมกันทำงานเป็นกลุ่ม เพื่อออกแบบ วางแผน และนำเสนอ “โครงการ” ที่สามารถสร้างประโยชน์ต่อสภาพแวดล้อมและชุมชนของตนเองได้ ภายในระยะเวลาการจัดงาน โดยจะมีการคัดเลือกจำนวน 3 กลุ่ม จากการนำเสนอทั้งหมด เพื่อรับการสนับสนุนสำหรับนำโครงการที่เสนอไปดำเนินการให้เกิดขึ้นจริง
การเข้าร่วมเวทีเยาวชนครั้งนี้ จะช่วยพัฒนาทักษะสำคัญสำหรับอนาคต ไม่ว่าจะเป็นทักษะการเรียนรู้ที่หลากหลาย การสร้างเครือข่ายเยาวชน รวมถึงการสร้างสภาพแวดล้อมที่เอื้อต่อความสบายใจและการเติบโตของตนเอง

หากท่านสนใจเข้าร่วมเวทีเยาวชนครั้งนี้ กรุณาสมัครผ่านลิงก์ด้านล่าง ภายในวันที่ (14 ) พฤษภาคม เวลา ( 11: 59) น. ตามเวลาประเทศไทย
ลิงก์สำหรับสมัคร: https://forms.gle/G7Cr3vKjKrcKMvzCA
#แม่สอด #เยาวชน #เยาวชนไทย

ต้องการให้ธุรกิจของคุณ การปฏิบัติ ขึ้นเป็นอันดับหนึ่ง คลินิก ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


1276, Moo 3, Tumbon Mae Tao
Mae Sot
63110

เวลาทำการ

จันทร์ 10:00 - 17:00
อังคาร 10:00 - 17:00
พุธ 10:00 - 17:00
พฤหัสบดี 10:00 - 17:00
ศุกร์ 10:00 - 17:00