Yangon Book Store
27/01/2025
အကြာဆုံးစစ်ပွဲ မြန်မာပြည် (၁၉၄၁ - ၁၉၄၅)
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်
မြင်ကွင်းကျယ် စစ်သမိုင်းကျမ်းကြီး။ သမိုင်းကျမ်းဟု ဆိုငြား ရသမြောက်ဝတ္ထုတပုဒ်နှယ် စွဲမက်ဖွယ် တင်ပြချက်။
မူရင်းစာရေးသူ လူဝီအယ်လင်က စစ်ဆိုတာ ဘယ်လိုရှိတယ်လို့ ပြောချင်တာကြောင့်
ရေးရပါတယ်လို့ ဆိုထားတဲ့ စာအုပ်။
ဆရာမြသန်းတင့်က သူ ဖတ်ဖူးသမျှ မြန်မာပြည်
စစ်ပွဲအကြောင်းရေးတဲ့ စာအုပ်တွေထဲမှာ
ဒီစာအုပ်က အစုံလင်ဆုံးပဲလို့ ညွှန်းထားတဲ့ စာအုပ်။
၄ နှစ်မျှသာ ကြာသော မြန်မာပြည်တိုက်ပွဲသည်
ဘာကြောင့် အင်္ဂလိပ်တို့အတွက် အကြာဆုံးစစ်ပွဲဟု
ဆိုရပါသလဲ။
ဂျပန်တို့ကရော သူတို့အတွက် အပျော်ဆုံးစစ်မြေပြင်က ဂျာဗားကျွန်းဖြစ်ပြီး၊ အဆိုးဆုံးစစ်မြေပြင်က မြန်မာပြည် ဖြစ်ပါသည်ဟု
ဘာကြောင့် ပြောရသလဲ။
ထိုအကြောင်းကို ဘက်စုံထောင့်စုံ ရှုထောင့်စုံကနေ
အသေးစိတ် ရေးပြထားတဲ့ စာအုပ်။
အကြာဆုံးစစ်ပွဲ မြန်မာပြည် စာအုပ်ကို ၄၇၀ ဘတ်နဲ့ Rangoon Book Store မှာ ဝယ်ယူရရှိနိုင်ပါတယ်။
27/01/2025
မောင်နဲ့ ပေါင်းဆုံဖို့ ကိုယ့်ဘက်ကနေ
ခြေလှမ်း တစ်လှမ်းခြင်း
လှမ်းလာတဲ့အချိန်မှာ မောင့်ဘက်က
ခြေလှမ်း ဘယ်နှစ်လှမ်း လှမ်းလာခဲ့လို့လဲ ?
ချစ်သူကို ပြုစုယုယတယ်ဆိုတာ
ကျွန်တယောက်က သခင်တယောက်ကို
ပြုစုသလိုမျိုး မဟုတ်ဘူးမောင်။
မိခင်က သားကို အမက မောင်ကို
ပြုစုယုယသလိုမျိုးယုယတာ
အဲ့ဒီလိုမျိုးပြုစုတာ အဲ့ဒါကျိုးနွံမှု့ မဟုတ်ဘူး
အဲ့ဒါ အချစ် . .
မိန်းမတယောက်က ယောက်ကျားတယောက်အပေါ်
သူ့အသက်မက ချစ်မြတ်နိုးရင် တပြိုင်နက်တည်းမှာဘဲ
နာကျည်းစွာ မုန်းတီးနိုင်တယ် . .
ကမ္ဘာပေါ်မှာ ကိုယ်အမုန်းဆုံး ယောက်ကျားတယောက်က
မောင်လို့ပြောရင် မောင် သံသယ ကင်းကင်းနဲ့
ယုံလိုက်ပါ မောင်...
ဆရာမဂျူးရဲ့ အကောင်းဆုံး စာအုပ်တွေထဲက အကောင်းဆုံး စာအုပ်တအုပ်လို့ ပြောလို့ရပါတယ်။ ကျနော် ဂျူးစာအုပ်တွေ မဖတ်ဖြစ်ပါဘူး၊ ကြိုက်လည်း မကြိုက်ပါဘူး။ ဒါပေမဲ့ ဖွင့်ဟဝန်ခံချက် ဆိုတဲ့ နာမည်ကြားရင်တော့ ကျနော့ရင်ထဲမှာ တခုခု စွဲစွဲမြဲမြဲကျန်နေပါတယ်။ သေချာတာ တခုကတော့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်လို့ ပြောရင် ပိုင်ဖြိုးသူ ကိုတော့ ပြေးမြင်မိကြမယ် ထင်ပါတယ်။
ဂျူးစာအုပ်တွေ အသစ်ရောက်တာတွေ ရှိပါတယ်။ လိုချင်တဲ့ စာအုပ်တွေရှိရင် order တင်ထားလို့ ရပါတယ်။ ဆိုင်မှာ ကိုယ်တိုင်လာကြည့်ချင်သူတွေအနေနဲ့လည်း မဲဆောက်မြို့၊ ၃၃ မီးပွိုင့်ဘေး၊ The Nail Art and Spa အရှေ့မှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။
ဒီစာအုပ်ရဲ့ စျေးနှုန်းကတော့ ၁၄၀ ဘတ်ပါ ခင်ဗျ။
06/01/2025
ဒီတစ်ခါမှာတော့ ဆရာမြသန်းတင့်ရဲ့ “လူလေးသို့ပေးစာများ”ဆိုတဲ့ဘာသာပြန်စာအုပ်လေးကိုညွှန်းချင်ပါတယ်ခင်ဗျ။
ဖခင်တစ်ယောက်ကသားဖြစ်သူကို လူ့လောကအလယ်
မှာ လူတစ်လုံး၊သူတစ်လုံးဖြစ်စေရန် လူတစ်ယောက်ရဲ့
အသက်ရှင်သန်နေစဉ်အတွင်းမလွဲမသေကြုံတွေ့ရမဲ့ “
နေထိုင်မှု၊စားသောက်မှု၊ပြောဆိုမှု၊ပေါင်းသင်းမှု၊ဆက်ဆံမှု၊ပညာရှာမှီးမှု၊အပန်းဖြေပျော်ရွှင်မှုနှင့်စိတ်ထားတတ်မှု “တို့ကိုအသေးစိတ်ဖော်ပြထားတဲ့စာအုပ်လေးဘဲဖြစ်ပါတယ်ခင်ဗျ။မိဘတွေအနေနဲ့လဲသားသမီးတွေကိုပေးဖတ်ကြည့်သင့်တဲ့စာအုပ်အမျိုးအစားဖြစ်သလို၊လူငယ် လူရွယ်များအနေဖြစ်လဲဖတ်ကြည့်သင့်တဲ့စာအုပ်လေးဆိုလဲမမှားပါဘူးခင်ဗျ။အများကြီးတော့ မညွှန်းဆိုတော့ပါဘူးခင်ဗျ စာဖတ်ချစ်သူတို့ အရသာပျက်မှာစိုးရိမ်တဲ့အတွက်ဒီလောက်ဘဲညွှန်းဆိုပါရစေခင်ဗျ။
ဆရာမြသန်းတင့်ရဲ့ “လူလေးသို့ပေးစာများ” စာအုပ်ကို
ကျွန်တော်တို့ Book Storeမှာ 60Bahtဖြင့်ဝယ်ယူအားပေးနိုင်သလို “အခြားသုတ၊ရသ၊ကဗျာ၊နိုင်ငံရေး”စတဲ့စာအုပ်မျိုးစုံကိုလဲထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးနေပါတယ်ခင်ဗျ။
Book Store
Sot
03/01/2025
ဆရာသုခမိန်လှိုင်ရဲ့ “ဘဏ်ဓားမြ” စာအုပ်ကဆိုရင် ကဗျာချစ်သူ
တွေအတွက် “မြန်မာလိုရော၊Englishလိုရော” နှစ်မျိုးခံစားလို့ရမဲ့
ကဗျာချစ်သူတွေအတွက် ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးဖြစ်
ကြောင်းညွှန်းပေးပရစေခင်ဗျာ။ “ဘဏ်ဓားမြ” စာအုပ်ထဲမှ
“သံစဉ်” ဆိုတဲ့ကဗျာလေးကို “မြန်မာလိုရော၊Englishလို” ရော
တင်ဆက်ပေးလိုက်ပါတယ်။
“သံစဉ်”
ငါ့ကို
စိတ်ဆိုးမာန်ဆိုး ဖြစ်စေမဲ့ နေ့ကလေးကိုပေးတော့
ငါ့မှာ
ချော့မြှူရတယ်
ပွတ်သပ်ရတယ်
ပြီးမှ
သီချင်းလုပ်ပြီး ဆိုခဲ့ရတယ်။
“Melody”
Since I was given
a day that causes me to lose my temper,
I
had to soothe it
to stroke it
and then
make it into a song to sign.
ဒါလေးကတော့ ဆရာသုခမိန်လှိုင်ရဲ့ “ဘဏ်ဓားမြ” စာအုပ်ထဲမှ
ကဗျာလေးပါခင်ဗျ။
ဆရာသုခမိန်လှိုင်ရဲ့ “ဘဏ်ဓားမြ” စာအုပ်ကိုကျွန်တော်တို့ book storeတွင် #160 bahtနဲ့ဝယ်ယူအားပေးနိုင်
ပါတယ်ခင်ဗျ။အခြား သုတ၊ရသ၊ကဗျာ၊နိုင်ငံရေးအစရှိတဲ့စာအုပ်
များလဲမှာယူနိုင်ပြီးထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးနေပါတယ်ခင်ဗျ။
Book Store
Sot
17/12/2024
မြသန်းတင့်ရဲ့စာအုပ်တွေမှာနိုင်ငံရေးအငွေ့အသက်တွေစွက်နေတယ်။ ဆရာမြသန်းတင့်ကို နိုင်ငံရးသမားလို့လည်းပြောကြသလို၊ စာရေးဆရာတစ်ယောက်လို့လည်းပြောကြတယ်။ သေချာတာကတော့ မြသန်းတင့်ရဲ့စာအုပ်တွေဟာ စာဖတ်သူအနေနဲ့ ဖတ်ရှူတဲ့အမြင် မတူရင် မတူသလောက်ကို ကွဲပြားတဲ့ သုတရသမျိုးစုံပေးနိုင်တဲ့ လက်ရာမြောက်တဲ့အနုပညာတွေလို့ပြောနိုင်တယ်။
သုခမြို့တော်ဟာလည်း ငရဲနဲ့နိဗ္ဗာန်တည်ရှိရာလို့ပြောကြတဲ့ အိန္ဒိယနိုင်ငံရဲ့ လူမှုဘဝအကြောင်းကို ကွက်ကွက်ကွင်းကွင်းရေးဖွဲ့ထားတဲ့စာအုပ်ဖြစ်တယ်။ လူမှုလူတန်းစားအမြင်အရဘဲကြည့်မလား၊ ရသစာပေအနေနဲ့ဘဲခံစားမလား၊ အိန္ဒိယနိုင်ငံရဲ့သမိုင်းရုပ်ပုံလွှာတပိုင်းတစကိုဘဲ တူးဆွမလား။ သုခမြို့တော် ဟာ ဒါတွေအားလုံးနဲ့ပြည့်စုံနေတဲ့စာအုပ်လို့ညွှန်းဆိုပါရစေ။
#ဆရာမြသန်းတင့်ရဲ့ “သုခမြို့တော်”စာအုပ်ကိုYangon book storeမှာ မှာယူနိုင်ပါပီခင်ဗျ။
Book Store
Sot
#🌐 ဆိုင်လိပ်စာ ၃၃ မီးပွိုင့်အနီး (The Nail Art& Spa အရှေ့) မဲဆောက်မြို့တွင်လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျ။
16/12/2024
ဖော်ဝေးဆိုတာ ကဗျာဆရာဖြစ်ဖို့ကို အသွေးထဲအသားထဲကနေမွေးဖွားလာတဲ့သူလို့ပြောရမယ်။
" ဘဝမှာ အနိမ့်ဆုံးကတော့
ကဗျာဆရာဖြစ်ချင်တယ်။
အမြင့်ဆုံးကလည်း
ကဗျာဆရာပဲဖြစ်ချင်တယ်။
- ဖော်ဝေး -
အောင်ချိမ့်နဲ့ဖော်ဝေးဆိုတာ မြန်မာ့မော်ဒန်ကဗျာလောကရဲ့ ထိုးဖောက်သူကဗျာဆရာတွေလို့လည်းပြောလို့ရမယ်။ ဖော်ဝေးလို အနုပညာသည် တစ်ယောက်ရဲ့ဘဝနေဝင်ချိန်ဟာ အရမ်းစောခဲ့တယ်လို့ဆိုရမယ်။အသက် ၃၂ မှာကွယ်လွန်သွားခဲ့တယ်။ ဒါပေမယ့် သူ့ကဗျာတွေ အနုပညာတွေကတော့ ကျန်ခဲ့ဆဲ။ ကဗျာဆရာဘဝကိုဘဲရူးသွပ်ခုံမင်ခဲ့တဲ့သူ၊ အသက်ရှင်နေစဉ်ကာလအတွင်းမှာ သူရဲ့စိတ္တဇ နောက်ကို တစူးတစိုက်လိုက်ခဲ့တဲ့သူ။
ဒီလူ....တနည်းအားဖြင့် အမည်နာမတပ်ပြောရရင် ကဗျာဆရာဖော်ဝေး။
သူ့ကဗျာ၊သူ့အနုပညာ၊သူ့စိတ္တဇကို ဖမ်းဆုပ်မိတဲ့အခါ အသေစောလိုက်တာလို့ နှမြောတသတွေးမိလိမ့်မယ်။ နောက်ပြီး သူ့ကို ယောင်ယမ်းတမ်းတမိလိမ့်မယ်။
#ဖော်ဝေးဒိုင်ယာရီစာအုပ်ကိုကျွန်တော်တို့ Book Storeတွင်မှာယူဖတ်ရှူ့နိုင်ပါပြီခင်ဗျ။
#မဲဆောက်မြို့အတွင်းအိမ်ရောက်ငွေချေရပါတယ်ခင်ဗျ။
#ထိုင်းနိုင်ငံအနှံ့လဲပို့ဆောင်ပေးပါတယ်ခင်ဗျ။
Book Store
#🌐 ဆိုင်လိပ်စာ ၃၃ မီးပွိုင့်အနီး (The Nail Art& Spa အရှေ့) မဲဆောက်မြို့တွင်လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျ။
23/11/2024
၁၈ ရာစု၊ အမေရိကန်ပြည်မှာ မြေယာသစ်ရှာဖွေ နေထိုင်တဲ့ ဇနီးမောင်နှံကို အခြေပြုပြီး ရေးသားထားတဲ့ ဆရာမကြည်အေးရဲ့ တောတောင်ရေမြေ ဆိုတဲ့ ဘာညာပြန် စာအုပ်လေးအကြောင်းကို ညွှန်းပေးချင်ပါတယ်။ မူရင်းစာအုပ်နာမည်က Look to The Mountain ဖြစ်ပြီး LeGrand Cannon,Jr ရေးသားထားတာဖြစ်ပါတယ်။ ဆရာမကြည်အေးက တောတောင်ရေမြေကို စကားလုံး နုနုရွရွလေးတွေနဲ့ လှလှပပလေး ဖန်တီးပုံဖော်ထားတာကတော့ လက်ရာမြောက်လွန်းပါတယ်။
တောင်သည် တိမ်တိုက်များ အကြားမှ ထွက်လာသည်။ တစ်ခါတုန်းက မြင်ခဲ့ဖူးသလိုပင် မိုးကို ထိုး၍ နေရောင်မှာ လင်းနေသည်။ သစ်ကိုင်း အထပ်အထပ်၊ သစ်ရွက်အချပ်ချပ်အောက် ရောက်နေသည်မို့ နေလုံးကို မမြင်ရဘဲ တောင်ပေါ်သာ နေကွက်၍ လင်းသလို ထင်ရသည်။ သူ၏ ပါးလွှာသော နှုတ်ခမ်းများလည်း ပွင့်ဟလာခါ ....
ကြည်အေး
တောတောင်ရေမြေ (ဘာသာပြန်)
Look to the mountain by Le Grand Cannon,Jr.
Book Store
Sot
#ထိုင်းနိုင်ငံအနှံ့ပို့ပေးသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot