Spring Film Academy
03/04/2026
April 7, 2026
Spring Film Academy
Batch 4 Students Fresher welcome and Thingyan Festival.
See you soon.
🎥🎥🎥🎥🎥
25/01/2026
#နွေဦးရုပ်ရှင်ကျောင်း
🎥🎥🎥🎥🎥
အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ SFSI-B3-07 မင်းပိုင်ပဲ ဖြစ်ပါတယ်။
✍️✍️✍️
ဒီကနေ့(24.1.2026)ကတော့ ကျွန်တော့်အတွက် ပျော်စရာအတိဖုံးလွှမ်းနေတဲ့ နေ့လေးတစ်နေ့ပေါ့။ ဘာလို့လဲဆိုတော့ နွေဦးရုပ်ရှင်ကျောင်းဆိုတဲ့ ပန်းဥယျာဉ်ကြီးကနေ ဒီပလိုမာဆိုတဲ့ ပန်းလေးတစ်ပွင့်ကို ခူးဆွတ်နမ်းရှိုက်ခွင့် ရခဲ့လို့ပဲဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ဒီပလိုမာရရှိခဲ့ပါသော အတန်းသူအတန်းသားများအားလုံးကို လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်ဆိုတဲ့အကြောင်း ပြောကြားပါရစေ။
💝💝💝💝💝
ရုပ်ရှင်နယ်ပယ်နဲ့ပတ်သက်ရင် အသိမကြွယ် လူမမယ်လေးတွေ ဖြစ်တဲ့ကျွန်တော်တို့ကို အပြုံးချိုချို တေးဆိုသကဲ့သို့ သင်ကြားပေးပါသော ဆရာကြီး ဆရာမကြီးတို့ကို ကျွန်တော်တို့ရင်ထဲမှာ သံမှိုရိုက်ထားသကဲ့သို့ အစဥ်အမြဲ အမှတ်ရနေမှာပါ။ ဒီလို ရုပ်ရှင်ပညာများကို တစ်ပြားတစ်ချပ်မှ မကုန်ဘဲ သင်ကြားခွင့်ရခဲ့မယ်ဆိုတာ စိတ်ကူးယဉ်အိပ်မက်မက်ဖို့ မပြောပါနဲ့ အတွေးထဲတောင် ဝင်လာခြင်းမရှိခဲ့ပါဘူး။ ဒီလိုအတွေးတွေကို ယူဆောင်ပေးလာတာကတော့ တော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ နွေဦးရုပ်ရှင်ကျောင်းသာဖြစ်ပါတယ်။ ရုပ်ရှင်ပညာကို မြည်းစမ်းခွင့်ရသည့်အပြင် အဓမ္မကို အနုပညာနဲ့ တော်လှန်ပြီး ပြည်သူလူထုကို အသိပညာပေးနိုင်ခွင့်တွေနဲ့ ကိုယ်ကိုယ်တိုင်အနုပညာတွေကို ဖန်တီးနိုင်ခွင့်တွေကိုပါ ပေးစွမ်းတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်မိပါတယ်။ ဘာသာရပ် ၁၂ ခုလုံးကို စတင်လျှောက်ထားစဉ်က ငါ လုပ်နိုင်ပါ့မလား ဆိုတဲ့အတွေးမျိုးဝင်ခဲ့ဖူးတာ မှန်ပေသိ၊ ထိုအတွေးကို ရိုက်ချိုးဖျက်ဆီးပေးသူများကတော့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့ပဲဖြစ်ပါတယ်။ ပညာသင်ကာလ နှစ်ခုတွင် ဘာသာရပ်ကို ခွဲယူခွင့်ရသည်ဟုဆိုသောကြောင့်လည်း ငါ လုပ်နိုင်ပါတယ် ဆိုတဲ့အသိ ဝင်လာပါသည်။ သင်ကြားရေးနယ်ပယ်တွင် လုပ်သက်များ ရင့်သန်သည်သာမက အတွေ့အကြုံပိုင်းများနှင့် ယှဉ်ပြီး ပြောပြတတ်ကြသော ဆရာကြီး ဆရာမကြီးတို့၏ သင်ကြားမျှဝေမှုများကို သင်ယူခွင့်ရရှိခဲ့လို့လည်း အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီလို စေတနာပုံအောပြီး သင်ကြားပေးခဲ့ကြပါသော ဆရာကြီး ဆရာမကြီးတို့ကို ကျေးဇူးဥပါကာရ တင်ရှိပါတယ်။
🙏🙏🙏🙏🙏
နွေဦးတော်လှန်ရေးအစကနေ ယနေ့အထိ အဓမ္မကို မရရတဲ့နည်းနဲ့ တော်လှန်နေကြပြီး ဖက်ဆစ် စစ်တပ်ကပေးတဲ့ အခက်အခဲ အကြပ်အတည်းတွေ၊ မျှော်လင့်မထားတဲ့စိန်ခေါ်မှုတွေ၊ ပြဿနာတွေ စတဲ့ အရာတွေကို ခါးစီးရင်ကော့ပြီး ပညာ့နိုရည်ကို တိုက်ကျွေးနေကြတဲ့ ဆရာကြီး ဆရာမကြီးတို့ကို ဒီတစ်သက်မေ့နိုင်ဖိုဆိုတာ မဖြစ်နိုင်တော့ပါဘူး။ တူညီနှိုင်းဆို တောင်မြင့်မိုရ်နှင့် ကျေးဇူးတော်ရှင် ဆရာကြီးဆရာမကြီးတို့၏ သင်ကြားလမ်းညွှန် ဆုံးမပဲ့ပြင်ပေးခဲ့ခြင်းကြောင့် ကျွန်တော်တိုသည် ရုပ်ရှင်အသိပညာ အတတ်ပညာများကို လေ့လာသင်ကြားခွင့်ရခဲ့ပါတယ်။ ဆရာကြီး ဆရာမကြီးတို့ပေးတဲ့ အသိပညာ အတတ်ပညာတွေကိုစွဲကိုင်ရင်း နွေဦးတော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေဦးမည်ဟု ကတိပြုလိုက်ရပါတယ်ခင်ဗျ။
🌹🙏🙏🙏🙏🙏🌹
လေးစားချစ်ခင်လျက်
မင်းပိုင် - SFSI-B3-07 (He/Him)
🎥 🎥 🎥 🎥 🎥
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
No. 734 Moo 7, Mae Pa Subdistrict, Mae Sot District, Tak Province
Mae Sot
63110