Phyo Lin
26/05/2026
သိသူတွေသိတယ်နော်
#သတင်းထူးသတင်းဦး
26/05/2026
ရွှေသွားရှာကြတဲ့ လူငယ် 7ဦး ပိတ်မိနေတဲ့ ဂူအတွင်းမှာ ဥမင်လမ်းကြောင်းတွေ အများကြီးရှိနေပြီး အောက်ဆီဂျင်မလုံလောက်တဲ့ အခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရှာဖွေမှုကို ယာယီရပ်နားကာ ပြန်ထွက်လာခဲ့ရပါတယ်။ 😔
---------------------------
လာအိုနိုင်ငံမှာ မေလ 17 ရက်နေ့က လူငယ် 10ဦး ရွှေသွားတူးရာမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဂူပေါက်ပိတ်သွားတာကြောင့် 3ဦးသာ လွတ်မြောက်လာနိုင်ခဲ့ကာ ကျန် 7ဦးမှာ ဂူအတွင်း ပိတ်မိနေဆဲ ဖြစ်ပါတယ်။
လာအိုကယ်ဆယ်ရေးအဖွဲ့တွေက 17ရက်နေ့မှ 23ရက်နေ့အထိ ရှာဖွေခဲ့ပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။
ထို့နောက် ထိုင်းနိုင်ငံထံ အကူအညီတောင်းခံခဲ့ပြီး 24ရက်နေ့မှာ ထိုင်းကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ကူညီခဲ့ကြပါတယ်။ 25ရက်နေ့မှာတော့ ရေငုပ်ကျွမ်းကျင်သူ ဆရာနှစ်ဦးလည်း လာအိုနိုင်ငံသို့ ရောက်ရှိလာကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဂူအတွင်းပိုင်းမှာ ရေအနက် 5မီတာခန့်ရှိပြီး ဂူလမ်းကြောင်းများ အလွန်ကျဉ်းမြောင်းနေသလို၊ တချို့နေရာများမှာ မှောက်လျက်တွားသွားရတဲ့အထိ ခက်ခဲကြမ်းတမ်းနေတယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ အောက်ဆီဂျင် မလုံလောက်တော့တဲ့ အခြေအနေကြောင့် ရေငုပ်ရှာဖွေရေးအဖွဲ့များ ပြန်လည်ထွက်ခွာခဲ့ရပေမယ့် လူငယ် 7ဦး ရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ ဂူအခန်းကျယ်တစ်ခုကို တွေ့ရှိနိုင်ဖို့ မျှော်လင့်ချက်များ ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ 26ရက်နေ့တွင် အခြေအနေအသစ်များကို ထပ်မံထုတ်ပြန်ပေးမယ်လို့ သိရပြီး လူငယ် 7ဦးလုံး ဘေးကင်းစွာ ကယ်တင်နိုင်ပါစေလို့ လူအများက ဆုတောင်းပေးနေကြပါတယ် 🙏
#ขอบคุณ #ประเทศไทย #ထိုင်းသတင်း
26/05/2026
သူတို့ဘက်က သီချင်းတင်မိဆိုမိရင်တော့
ခွင့်မတောင်းရကောင်းလားလို့ တရားစွဲမှာတွေဘာတွေနဲ့ ခုတော့ မမပန်ပြောသလိုဘဲ ဖြစ်နေပြီ သူမကိုလေးစားပြီးကြိုက်ရတဲ့ အဓိကအကြောင်းရင်းက တိကျမှန်ကန်ပြီဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပွင့်လင်းစွာ ပြောရဲတာကိုပေါ့
゚viralシ
#ပန်ဆယ်လို #ပြည်သူ့ဘက်တော်သား
26/05/2026
ထိုင်းရုပ်သံလိုင်း Channel 3 Thailand ရဲ့ နာမည်ကြီး မင်းသမီးချော Lingling Kwong ဟာ ပြင်သစ်နိုင်ငံကို ခရီးသွားရောက်နေစဉ်အတွင်း ပရိသတ်အချို့ရဲ့ အလွန်အကျွံ ခြေရာခံလိုက်ခြင်းနဲ့ ပုဂ္ဂိုလ်ရေးသီးသန့်နေရာများအထိ လိုက်လံနှောင့်ယှက်ခံရမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
---------------------
ဒီဖြစ်ရပ်ကြောင့် မိခင်အေဂျင်စီဖြစ်တဲ့ Channel 3 Thailand ဘက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး “အနုပညာရှင်တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို လေးစားပေးကြဖို့” အလေးအနက် တောင်းဆိုထားပါတယ်။
အထူးသဖြင့် ခွင့်ပြုချက်မရှိဘဲ နောက်ကနေ တကောက်ကောက်လိုက်ခြင်း၊ တည်းခိုနေရာများအထိ ကျူးကျော်ဝင်ရောက်ခြင်း၊ သီးသန့်အချိန်တွေကို နှောင့်ယှက်ခြင်းတို့ဟာ အနုပညာရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေနိုင်တာကြောင့် ဒီလိုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ အေဂျင်စီဘက်က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နောင်မှာ အလားတူဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာမယ်ဆိုရင် Channel 3 Thailand အနေနဲ့ မိမိတို့အနုပညာရှင်ရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။
ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့ Lingling Kwong ရဲ့ ပရိသတ်အများအပြားက “ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ပါစေ” ဆိုတဲ့ အားပေးစကားတွေ ရေးသားပေးနေကြသလို အနုပညာရှင်တွေရဲ့ Private Life ကို လေးစားပေးကြဖို့လည်း အချင်းချင်း တိုက်တွန်းနေကြပါတယ်။
#သတင်းထူးသတင်းဦး ゚viralシ #ထိုင်းအနုပညာရှင်သတင်း .
คลิกที่นี่เพื่อเป็นสมาชิก?
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot
63110