Black Roster Burma\
01/07/2025
👉ကြက်တစ်ကောင်စပြင်လို့ရေတိုက်နည်း အမှားနှင့် ချင့်ချိန်မူ့👈
ကြက်တစ်ကောင်ပြင်လို့မနက်ရေတိုက်တာဟာ အပူထုတ်ခြင်းနှင့်ဝမ်းမှန်ပြီး အမောလုံအောင် ရေတိုက်ပေးခြင်းသဘောမျိုးပါ
မနက်ရေတိုက်တယ်ဆိုတာ အေးနေတဲ့အချိန်မှာ ရေတိုက်ရင်သတိထားရမှာက လည်ဆံတွေ အောက်ပါးရွဲတွေရေ စိုသွားရင် အအေးပတ်ချွဲကျတတ်ပါတယ်
ကြက်တွေမှာ လိုအပ်တဲ့ပမာဏထက် ရေဓာတ်များသွားရင် ကြက်ခွတ်လေးသွားတတ်ပါတယ်
ဘာလို့လဲဆိုတော့ ဝမ်းကလွဲလို့ ချွေးအဖြစ်ထွက်စရာ မွှေးညှင်းဂလင်းမရှိလို့ပါ
ပြီးတော့ ရေတိုက်တဲ့အခါ အသက်ရှုလမ်းကြောင်းကနေ ရေဝင်တဲ့အခါ အဆုတ်ထဲရေဝင်ပြီး ကြက်တွေအမောပိုလာတတ်ပါတယ်
ရေတိုက်တဲ့နေရာမှာ ဝမ်းသွားရုံ ရေချီးပါရုံလေးသာတိုက်ပေးသင့်ပါတယ်
ကိုယ့်ကြက်တစ်ကောင်ရဲ့ အနေအထားပေါ်မူတည်ပြီး လုပ်ဆောင်ပေးရမှာပါ
ရေဓာတ်လိုအပ်တဲ့ကြက်တွေမှာလဲ ကြက်ခွတ်ပျော့တာတွေ့ရပါလိမ့်မယ်
ကြက်က စလွှတ်ကတည်းကဟာတာတာနဲ့ အောက်တွေပျော့လာတတ်ပါတယ်
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါ
အရာအားလုံးကို ကြက်အနေအထားပေါ်မူတည်ပြီး ချင့်ချိန် လုပ်ပေးရပါမယ်
ကြက်တွေ ကို သဘာရှိတဲ့ ညီအကိုတွေက ကြက်ပဲရေတိုက်ပြပါဦးဆိုတဲ့ စကားဟာ အလကားစနောက်ရေးနေတာ မဟုတ်ပါဘူး
ရေတိုက်နည်းမမှန်ခဲ့ရင် အသက်ရှုလမ်းကြောင်းကနေအဆုတ်ထဲရေ ဝင်ပြီးမျက်နာတွေမဲသွားတတ်ပါတယ်
အဲ့လိုနေ့စဉ်ရက်ဆက် ရေတိုက်ခံရတဲ့ကြက်ဟာ ကြက်ခွတ်လုံးဝပျက်သွားတတ်ပါတယ်
အဆုတ်ထဲရေဝင်တဲ့အတွက် ကြက်ကမခွတ်နိူင်ပဲ အမောဖောက်လာပါတယ်
ဒါ့အပြင် ကြက်ခွတ်လေးပြီး ခွတ်လမ်းတွေပါပျက်သွားတတ်ပါတယ်
အရာအားလုံး စာအုပ်ကြီးမူနဲ့ လုပ်လို့မရတာကိုသတိထားကြပါ
ပြီးတော့ ကြက်တစ်ကောင်ရဲ့ ခွတ်နိူင်မယ့်ဝိတ် တမ်းကိုလဲ သဘောပေါက်နားလည်နေဖို့ လိုပါလိမ့်မယ်
ကျွန်တော်ရောင်းပေးဘူးတဲ့ကြက်တစ်ကောင်2.2kgကို 2.6kgထိကျွေးပြီး ကြက်မခွတ်ဘူးပြောခဲ့ဘူးတယ်
ကြက်ကိုအသားပြန်ချပြီး ဘယ်အတန်းမှာ ခွတ်ဖို့ထားလဲတော့မသိဘူး
တစ်ချို့ကြက်တွေဟာ
ကြက်ပေါက်ဘဝမှာချွန်းဆိုးပြိး နဂိုမူလအတိုင်း ခွတ်နိူင်တယ်ဆို အဲ့ကြက်ကိုဝအောင်ကျွေးပြီးတိုက်ရင်ကြက်ခွတ်ပျက်သွားပါလိမ့်မယ်
အရာအားလုံးကို ပုံသေတွက်ချက်လို့မရတဲ့ သဘောတရားတစ်ခုအဖြစ်ရေးပြပေးတာပါ
တဖြည်းဖြည်းချင်းတော့ စာဖတ်ရင်းလက်တွေ့လုပ်ကြည့်ရင်းနဲ့မှ သဘောပေါက်နားလည်လာပါလိမ့်မယ်
စာဖတ်ပြီး လက်တွေ့မလုပ်ကြည့်ရင်လဲ ချင့်ချိန်နိူင်ဖို့မလွယ်ကူပါဘူး
ကြက်ဝိုင်း မှာလက်တွေ့ ကြည့်
မသိရင်ကိုယ့်ထက်နားလည်သူ စီနီယာတွေကိုမေး
လက်တွေ့လုပ်ချင့်ချိန်ရင်းတတ်သွားပါလိမ့်မယ်
ကျွန်တော် ဒီစာတွေရေးပြနေရ ခြင်းက ကျွန်တော့်မှာဆရာမရှိခဲ့ဘူး
သင်ပေးမယ့်ရှင်းပြပေးမယ့်သူမရှိတော့
ကြားဆရာ မြင်ဆရာတွေနဲ့ ဆယ်စုနှစ်အထက်ကြာအောင် လေ့လာခဲ့ရတယ်
မိဘ အသိုင်းအဝိုင်းပါတ်ဝန်းကျင်ကလဲ မအပ်စပ်တာလဲပါတော့ ဝါသနာပါလွန်းလို့ လေ့လာမူ့ကြောင့်သာ ကြက်ပြင်ကြက်ကုလေး မတောက်တစ်ခေါက်တတ်လာတာပါ
ကျွန်တော်လို အချိန်အကြာကြီး မဖြစ်ရလေအောင် သိသလောက်ကလေး ရေးပြရင်း
စေတနာဖြင့်
#ရိုးရာတိုက်ကြက်
#ယိုးဒယားကြက်
#တိုက်ကြက်ဖကောင်းများ
#ဒေသကြက်
#မြန်မာတိုက်ကြက်
#ထိုင်းကြက်
#တိုက်ကြက်
#ကြက်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Mae Sot