Waiyan Htut
အခုချိန် website ထဲ စပ်ဆော့ပြီး ဝင်ကြည့်ပြီး google အကောင့်နဲ့ ဝင်ဖွင့်ရင် လက်ဆောင်တွေရမှာနော်
13/05/2026
မလေးရှားနိုင်ငံရဲ့ထိပ်တန်း STEM တက္ကသိုလ် UMPSA က ဖိတ်လို့ undergraduate ကျောင်းသားတွေ (၁၀၀ ကျော်) ကို academic opinion essay ရေးနည်း ပို့ချခဲ့ပါတယ်။ ထုံးစံအတိုင်း gamer ဆရာကြီးဆိုတော့ game ကမပါမဖြစ်၊ ဒါနဲ့ ပထမပုံက မျက်နှာဘေးကိုပဲ ရှိုး 😂
09/05/2026
သင်သိပါသလား၊ သမိုင်းမှာ zero condition ဆိုတာ နောက်မှပေါက်တဲ့ ရွှေကြာပင်
သူတို့ကိစ္စကလဲ ထူးဆန်းတယ်။ if+ sub+ v1, sub+ v1 ဆိုတာ grammar pattern တွေမှာ နောက်ဆုံးမှ 0 conditional ဆိုပြီး အတင်းကပ်ထည့်မိတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။
၂၀ ရာစုအစ ဂွမ်မာ သမိုင်းကိုကြည့်ရင် open or reject ၆ မျိုး statement, question, commands, request, exclamation, response forms ဆိုပြီး စခဲ့တယ်။ ထွေထူး နက်နဲတာမျိုး မရှိ။ တဖြည်းဖြည်းနဲ့ Hornby လက်ထက်မှာ verb pattern, sentence structure, practical usage တွေ ဆိုပြီး စနစ်တကျ စဖြစ်လာတယ်၊ အဲ့စာအုပ်ဟာ ELT grammar ရဲ့ အုတ်မြစ်ဖြစ်လာလိမ်မယ် A guide to patterns and Usage in English ဆိုတဲ့ ရှေးစာအုပ်။ အဲ့စာအုပ်ထဲမှာလဲ type 1 2 ဘာညာဆိုပြီး မသုံးသေးပါ။
၁၉၆၀ လောက်မှာမှ if နဲ့ မတူညီတဲ့ clause ဆက်တဲ့စာကြောင်း ၃ မျိုးကို timeline ပေါ်သက်ရောက်တဲ့ ပုံစံအတိုင်း Type 1 2 3 ဆိုပြီး စခွဲကြတယ်။ "The Conditional" လို့ ခေါင်းစဉ်တပ်တယ်။ ဒီမှာ ကြားဖြတ်အနေနဲ့ 1st conditional 2nd conditional ဆိုပြီး မသုံးဘဲ type 1 2 ဆိုပြီးလို့သာ သုံးတယ်။ ဒါကို Raymond Murphy ရဲ့ ခေတ်အဆက်ဆက် Eng grammar in use စာအုပ်တွေမှာလဲ အဲ့လို 1st 2nd ဆိုပြီး မတွေ့ရတာကို ဖတ်မိလိမ့်ပါမယ်။
ပြဿနာက zero conditional ဆိုပြီး စလိုက်တဲ့စာအုပ်ကို ခြေရာခံ မမိတာပါပဲ။ Headway စာအုပ်တွဲကြောင့်လို့တော့ ထင်ကြေးပေးကြတယ်။ အဲ့ 0 ဖြစ်နေတဲ့ကိစ္စဟာ သိပ်မကြာသေးတဲ့ ၂၀၂၄ ကြမှ Oxford ELT journal မှာ တယောက်က ထောက်ပြမှ ကျတော်တို့လဲ အဲ့ 0 ကိစ္စကို ပြန်အာရုံစိုက်မိကြတာလို့ ဆိုတယ်။ ဘာလို့ ၁-၄ ထိ မရှိဘဲ၊ ၀-၃ ဖြစ်နေပြီး mixed ဆိုတာကလဲ ထပ်ရှိနေရသေးတာလဲပေါ့။ အဲ့တာကို ဘယ်သူမှ တကယ်သတိမထားမိတာလား၊ ဖာသိဖာသာနေကြတာလား စသဖြင့်ပေါ့။
ကျတော်တို့သိထားသလို ၁-၂-၃ ဟာ timeline ပေါ်မှာ if clause ရှိတဲ့ အစဉ်အတိုင်း စီထားတာကြောင့် ၂ ဖက်လုံးရဲ့ present မှာ true ဖြစ်တဲ့ အဲ့ type ကို ၄ လို့ ထားရမယ့်အစား ၁ ရဲ့အရှေ့ ၀ ဆိုပြီး အရှေ့က ဖတ်စာအုပ်တွေကို မပြင်ချင်တာနဲ့ပဲ ကပ်သပ်ထားမိကြတာ ဖြစ်ပါတယ်။
Mixed တွေ ပေါ်လာရခြင်းကလဲ ဒီသဘောပါပဲ။ ပြင်သစ်ကျောင်းသူတယောက်က ဖတ်စာအုပ်ထဲက လုပ်နေရတဲ့ if grammar တွေက သူကြည့်နေတဲ့ TV series က ဟာတွေနဲ့မတူလို့ ဆရာကို စောဒကတက်တဲ့ကိစ္စက စပါတယ်။ ဒီလိုနဲ့ လေ့လာပြုစုရင်း ELT ဂုရု Scott Thornbury က type 1 2 3 ထဲမှာမပါတဲ့ ပုံစံတွေကို ထောက်ပြခဲ့ပြီး၊ Maule က ၁၉၈၈ မှာ type 1 2 3 4 5 6 သုံးမယ့်အစား
non-past past
Real real non-past real past
Unreal unreal non-past unreal past
ပြောချင်တာက Clause ၂ ခု ရှိရင်
If clause က Real /unreal
main clause က past / non- past ဆိုတဲ့ 2x2 matrix နဲ့ သင်တာက EFL တွေအတွက် အဆင်ပြေတယ်ဆိုတာမျိုး ထောက်ပြခဲ့တယ်။ အဲ့စနစ်ကို တော်တော်များများက စသဘောတူလာကြတယ်။
ဒါဆို zero conditional ကလဲ conditional type 1 နည်းတူ real + non-past ဆိုပြီး အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။ ခက်တာက zero conditional သည်ပင်လျှင် when whenever တို့နဲ့ အစားထိုးလိုက်ရင် ရနေသေးတာပဲလေ။
Cambridge တက္ကသိုလ်က ပညာရှင်တယောက်ကတော့ ELT က conditional တွေဟာ ဖတ်စာအုပ်နဲ့ ပြင်ပလောက ကီးမကိုက်တာတွေ တခြားနေရာထက် ပိုများလို့ ပြန်လည်သုံးသပ် သုတေသနလုပ်သင့်တဲ့ grammar တွေပါ ဆိုတာကို ဖတ်စာအုပ် ထုတ်ဝေသူတွေကို အတိုက်အခံလုပ်ပြီး ရေးပြထားတာတွေ ရှိတယ်။ ဖတ်စာအုပ် ထုတ်ဝေသူတွေအတွက်က ဖတ်စာအုပ်ရဲ့ unit 5 6 7 8 9 ဟာ conditional 0 1 2 3 mixed ဆိုပြီး ထည့်လို့အဆင်ပြေတဲ့ ကိစ္စဖြစ်နေတာကိုး။
အဆုံးသတ်မှာ Type 0 1 2 3 4 5 ဆိုတာ form အလေးပြု formula အခြေပြုသပ်သပ်သာပြီး အနက်အလေးပြုတာမဟုတ်ပါ။
2x2 matrix ကတော့ အနက်အလေးပြု ပြောသူပေါ် အခြေပြုပြီး စကားအနက်ဖွဲ့စည်းမှုကို အခြေခံတာပါ။
ဒါဆိုရင် 0 conditional ဘာလို့ ဖြစ်လာရလဲဆိုတာ ရှင်းမယ် ထင်ပါတယ်။
ဒါနဲ့ ပုံထဲက စာကြောင်းဟာ သင့်အတွက် ခေါင်းစဉ်တပ်မယ်ဆို
Type 0 1 2 3... က ပိုလွယ်မလား
Maule ရဲ့
non-past past
Real real non-past real past
Unreal unreal non-past unreal past
2x2 matrix က ပိုလွယ်မလား။
07/05/2026
ထိုင်းမှာ IELTS နဲ့ TOEIC ဖြေချင်ရင် ဘယ်ဆက်သွယ်ရမှန်းမသိသူများအတွက် LINE account များချပေးထားပါတယ်။ comment က link မှာ ရရယူပါ
06/05/2026
OPEN US online Scholarship for teachers in Myanmar ⚠️ May 10 Deadline ⚠️
ဘယ်လက်မှတ် ဘယ်မှာအသိမှတ်ပြုတယ်ဆိုတာထက် စာတကယ်လုပ်ချင်တာကို စိတ်ဝင်စားရင် ဒါကိုလျှောက်ကြည့်ပါ။
ဘာလို့လဲဆိုရင် OPEN (အရင်က US E-Teacher Scholarship) လူတိုင်းကိုလဲ မခေါ်ဘူး၊ LMS နဲ့အစအဆုံးသင်ရပြီး ပညာသင်ဆုပုံစံမျိုးပေးတာပါ။ ကိုဗစ်မတိုင်ခင်ကဆိုရင် ဖောင်တင်ပြီးတာနဲ့ ဖုန်းအင်တာဗျူးဆိုပြီး သံရုံးကနေလှမ်းဗျူးပါသေးတယ်။ အခုကတော့ ဖောင်တင်ပြီးတာနဲ့ ပါတာ မပါတာ တန်းသိရပါတယ်။ ဖောင်ကိုဒေါင်း၊ recommendation letter ကို ကိုယ့်ကိုသိတဲ့ အထက်အကြီးအကဲ or ဆရာမကို ရေးခိုင်းလို့ ရပါတယ်။
ဒီလက်မှတ်က နိုင်ငံတကာမှာ အသုံးဝင်လားဆိုတဲ့ မေးခွန်းမျိုးရပါတယ်။ ဒါကို နားလည်မိသလောက် SEA ထဲက ထိုင်း ကမ္ဘောဒီယား၊ ဗီယက်နမ်တို့မှာ ဒါနဲ့ အလုပ်လျှောက်လို့ရလား ဆိုတာမျိုး မေးတယ်လို့ ယူဆတယ်။ ပြောချင်တာက ထိုင်းမှာဆိုရင် ဘာ TEFL, TESOL ဖြစ်ဖြစ် နာရီ ၁၂၀ ဆိုပြီး ပြောထားတယ်။ ခဗျားက လိုင်းပေါ်က ဒေါ်လာပေးတက်၊ screenshot ရိုက်ပြီး AI မှာမေးလို့ရတဲ့ဟာတွေ နာရီ ၁၂၀ စာကို ၂ ရက်နဲ့ပြီးတဲ့ဟာတွေ ယူထားလဲ ရတယ်။ အဲ့တာတွေက အဖြူတွေ မူဝါဒအရပြစားဖို့ ဖွင့်ထားတာတွေ၊ ဒါတွေကို တပြပြနဲ့ အလုပ်လိုက်လျှောက်တာဟာ အလုပ်က wp ပေးဖို့ သပ်သပ်ပဲလို့ ယူဆပြီး တကယ့် CPD အစစ်လို့ ကျတော် မယူဆပါ။
CPD အစစ်ကိုင်ချင်ရင်တော့ အခမဲ့ထဲဆို ဒါမျိုး OPEN ကို ကြိုးစားကြည့်စေချင်တယ်။ အဆုံးမှာ ကိုယ်ရခဲ့တဲ့လက်မှတ် ကိုယ်တကယ် exploratory reading လုပ်ဖြစ်ခဲ့လား၊ တကယ်ကိုယ့်လက်ကိုယ့်ခြေ TP လုပ်ခဲ့ရလား၊ assignment ရေးခဲ့ရလားဆိုတာကပဲ ကိုယ့် CPD ကို သတ်မှတ်ပေးတာပါ။
အပေါ်က အမေးခံရတဲ့မေးခွန်းအရ နိုင်ငံခြားမှာ အသုံးဝင်လားဆိုရာမှာ accreditation အရရော ဥရောပအလုပ်ခေါ်စာတွေမှာဆို တင်းပြည့်ကျပ်ပြည့် MA TESOL, DELTA, TESOL *from Trinity College London*, CELTA ဒါတွေပဲ အသုံးများလိမ့်မယ်။ ဒါကြောင့်
တကယ်စာလုပ်ချင်တယ်၊ assignment ရေးချင်တယ်၊ မတူညီတဲ့ နိုင်ငံသားတွေနဲ့ discussion ဝင်ချင်တယ်၊ practical+report လုပ်ချင်တယ်ဆို OPEN ကို စမ်းကြည့်ကြပါ။
Essay နဲ့ recommendation ပုံစံ (အရင်ဟာ ပြန်တင်ပေးတာ)
OPEN Scholarship အတွက် Essay ၃ ခုကို ဖြေဆိုဖို့ ပထမဆုံး နားလည်ထားရမှာက အနေနဲ့ မေးခွန်း ၃ ခုက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေရပါမယ်။ ပြီးတော့ ၃ ခုဟာ မတူညီတဲ့ ကာလ ၃ ခုကိုမေးတာ ဖြစ်ပါတယ်။ ဒါကို မေ့လို့ မရပါဘူး။
⚡️Essay 1: Personal History (အတိတ်)
"Tell us about a recent opportunity for professional development. What did you learn? How did you use your learning experience in your English language teaching?"
⚡️Essay 2: Reflection (လက်ရှိ)
"Why did you choose the OPEN global online courses you selected? How do these courses meet your needs for professional development right now?"
⚡️Essay 3: Application (အနာဂတ်)
"How do you plan to use the knowledge you acquire in the OPEN global online courses you selected?"
ဒါကြောင့် ပထမဆုံးအနေနဲ့ tense အခင်းအကျင်းကို သတိကြီးကြီးထားပြီး ရေးလို့ ရပါတယ်။
⚡️ပထမအပုဒ်မှာတော့ ကိုယ်လုပ်ခဲ့တာကို သက်သေပြ
⚡️ဒုတိယမှာတော့ ကိုယ့်လိုအပ်ချက်ကို ချိတ်ဆက်ပြပြီးတာနဲ့
⚡️နောက်ဆုံးမှာတော့ ကိုယ်ပြန်လုပ်ပေးမယ့် "Impact" ကို ကတိပေးဖို့ပါပဲ။
❗️စာရေးရာမှာ ပထမဆုံးအနေနဲ့ ရိုးသားဖို့ လိုပါတယ်။ စာဖတ်သူတွေက ရာနဲ့ချီနဲ့ အပ်ကြောင်းထပ်နေတဲ့စာတွေကို ဖတ်ထားတာမို့ ဂျင်းလား မဂျင်းလားဆိုတာ သိပါတယ်။ ကျတော်တို့ မူလတန်းကလေးစာကို ကြည့်ရင်း ချက်ချင်းသိနိုင်သလိုပါ။
❗️ဒုတိယအနေနဲ့ကတော့ AI သုံးထားတာကို submit မလုပ်ဖို့ ပြောထားပါတယ်။ သေသေချာချာလေး ကိုယ့်ဘာသာရေးပေးရပါမယ်။ (ပေးထားတဲ့ဖိုင်ထဲမှာပဲ page ခွဲထုတ်လို့ ရပါတယ်)။
recommendation မှာတော့ ဒါတွေပါသင့်တယ်။
ထိပ်မှာ
📌The U.S. Embassy, Rangoon
110 University Ave, Kamayut Township
Yangon, Myanmar
Phone: (95)-(1) 753-6509
📌1. အဖွင့် (Opening Section)
Purpose Statement: ဘာလို့ ဒီစာကို ရေးတာလဲ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်။
📌2. Relationship Disclosure: ဒါက အရေးကြီးဆုံးပဲ။ ရေးတဲ့သူက လျှောက်တဲ့သူနဲ့ ဘယ်လိုပတ်သက်လဲ။ ဘယ်လောက်ကြာကြာ သိလဲ။
📌3. စာကိုယ်အပိုင်း (Body Paragraphs) - သက်သတွေ ချပြမယ်
📌4. အပိတ်အပိုင်း (Closing Section) - ဒါကြောင့် သူ့ကိုရွေးပါ၊ ရေးပေးသူကိုဆက်သွယ်လို့ရမယ့် email, phone no ထည့်ပေးပါ။ လက်မှတ်ထိုးပေးပါ။
Comment မှာ လျှောက်ဖို့ website link ချပေးထားပါတယ်။
အောက်ကပုံကတော့ ၂၀၁၉ တုန်းက OPEN ရဲ့ assignment_ final project မှာ identity ကို AC အသစ်ရဲ့ Freedom Hall စစဖွင့်တဲ့ရက် Day 1 မှာ RCC မှာ workshop ကိုင်ရင်း ပထမဆုံး Hall မှာ လူ ၁၀၀ ကျော်ကို public speaking+workshop လုပ်ခွင့်ရခဲ့စဉ်ကပေါ့။ 😎🔥
05/05/2026
လွန်ခဲ့တဲ့လက MA assignment consultation တခုမှာ ဆွေးနွေးဖြစ်ကြတဲ့ မေးခွန်းနှစ်ခုပါ။ ဆရာ ဆရာမတို့ ဒါဟာကို အနည်းဆုံး AI မှာဖြစ်ဖြစ် မေးကြည့်ကြဖူးလားခဗျ။ အကောင်းဆုံးကတော့ စာကျပေကျ နာရီဝက်လောက် အချိန်ပေးဖတ်စေချင်ပါတယ်။ စိတ်ဝင်စားရင်း နက်နက်နဲနဲ လိုက်ဖတ်ရင် TESOL assignment တွေ၊ MA course တွေမှာ အသုံးဝင်နိုင်ပါတယ်။
💀 What exactly is the standard English language?
💀 Is standard English based on dictionaries?
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ โรงเรียนนี้
เว็บไซต์
ที่อยู่
Chiang Rai
57100