God's Hand Forces
01/04/2026
ကျေးဇူးအထူးဥပကာရတင်ရှိခြင်း
ဖေဖော်ဝါရီ (၁) ကစခဲ့တဲ့ ကျွန်တော်တို့ရန်ကုန်ယူဂျီများရဲ့ ‘ရန်ကုန်မှာ နားထွင်း စစ်တပ်ကိုတအားဗျင်း’ ကမ်ပိန်းဟာ ဒီကနေ့ မတ် (၃၁) မှာ အဆုံးသတ်ပြီဖြစ်ပါတယ်။ ပဏာမအနေနဲ့ ကမ်ပိန်းမှာပါဝင်ပေးခဲ့သူ ပြည်သူတဦးချင်းစီကို အထူးပင်ကျေးဇူးတင်၊ လေးစား၊ ဦးညွတ်ပါကြောင်း ပြောလိုပါတယ်။ ပြည်သူတွေရဲ့ထည့်ဝင်မှုကြောင့် ကြပ်တည်းတဲ့ကာလဖြစ်လင့်ကစား မျှော်မှန်းပမာဏမပြည့်ခဲ့ပေမင့် ထက်ဝက်ကျော်ရရှိခဲ့ပါတယ်။ ဒါဟာ ငွေကြေးတန်ဖိုးထက်ပိုတဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှု တန်ဖိုးညွန်းကိန်းဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ရန်ကုန်ယူဂျီများအနေနဲ့ လေးနက်စွာ နှလုံးသွင်းပါတယ်။
ပြီးတော့ ၂ လတာ ကမ်ပိန်းကာလအတွင်း ယုံကြည်စွာမေတ္တာဖြင့်ပံ့ပိုးပေးခဲ့ပါသော ယူဂျီရဲဘော်များ၊ PDF တပ်ရင်းတပ်ဖွဲ့များ၊ သရုပ်ဆောင်များ၊ ကဗျာဆရာများ၊ Artist များ၊ ကိုယ်စားလှယ်များ နှင့် RCS ရဲဘော်များ ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ဒါ့အပြင် ဂရက်ဖစ်ဒီဇိုင်နာများ၊ ဗီဒီယိုတည်းဖြတ်သူများအပါအဝင် ကမ်ပိန်း ဖြစ်မြောက်ရေးအတွက် နောက်ကွယ်မှကူညီပေးခဲ့သူများ၊ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်းဖြင့်ပါဝင်ပေးခဲ့သူ အားလုံး ကိုလည်း ရန်ကုန်ယူဂျီများမှ မမေ့မလျော့ ကျေးဇူးတင်နေပါတယ်။
ဒီကမ်ပိန်းဟာ ၂ လတာကမ်ပိန်းသာဖြစ်ပေမဲ့ ရန်ကုန်ယူဂျီများကို ပံ့ပိုးကူညီလိုသူ ပြည်သူများအနေနဲ့ ဒီစာမျက်နှာမှတဆင့်ဖြစ်စေ၊ God’s Hand Forces တပ်ဖွဲ့စာမျက်နှာမှဖြစ်စေ သက်ဆိုင်ရာ အဖွဲ့များ၏ စာမျက်နှာများမှ ဖြစ်စေဆက်သွယ်ပံ့ပိုးနိုင်ပါ တယ်။
အာဏာသိမ်းမှု ၅ နှစ်ကျော်ပါပြီ။ နိုင်ငံရေးအခင်းအကျင်းများစွာလည်း ဖြစ်ထွန်းပေါ်ပေါက်ပြီးပါပြီ။ အခင်းအကျင်းသစ်များလည်း အလားအလာမြင်နေရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဖက်ဒရယ် ဒီမိုကရယ်စီနိုင်ငံပေါ်ပေါက်ရေး၊ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးခရီးတွင် ရည်မှန်းချက် မပြည့်မချင်း ကျွန်တော်တို့ရန်ကုန်ယူဂျီတွေအနေနဲ့ ပါဝင်နိုင်တဲ့နည်းနာအားလုံးမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ မစ်ရှင်မပြီးမချင်း ‘ယူဂျီ’ အလုပ်ကို ဆက်လုပ်နေပါမယ်။
မြဲမြံခိုင်ကျည်သော တော်လှန်ရေးသစ္စာဖြင့်။
#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#မြို့ပြပြောက်ကျား
#ချစ်သောရန်ကုန်
ရန်ကုန်မြို့ထဲက ဗိုလ်မှူးတွေ ဗိုလ်ချုပ်တွေ ထိတ်လန့်ခဲ့ရတဲ့ အထိအစွမ်းတွေ ပြခဲ့ကြတဲ့ ရန်ကုန် မြို့ပြပြောက်ကျားတွေ အတွက် ကဗျာ ဆရာပန်တော်ဆက်က ကဗျာတပုဒ် ရွတ်ပြထားပါတယ် ။
ကဗျာ နာမည်က “ ငါတို့ လိပ်ပြာလုံခဲ့တယ်” ဖြစ်ပါတယ်။
တော်လှန်မိဘပြည်သူများ အတူနားဆင်ခံစားကြရအောင်ပါ။
#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#ကဗျာဆရာပန်တော်ဆက်
#ကဗျာ
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း
God Hand Forces ရဲဘော် ပီဆိုင်း ပြောပြတဲ့ ယူဂျီ တစ်ယောက်ရဲ့ ထောင်တွင်းဖြတ်သန်းမှု၊ အကျဉ်းကျနေသူတို့ မျှော်လင့်ချက် တွေအကြောင်း
“ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း” ကမ်ပိန်း ပြီးဆုံးဖို့၃ ရက် သာလိုပါတော့တယ်။
လက်ရှိ အချိန်ထိ ကမ်ပိန်း ရံပုံ ငွေ ထက်ဝက်ကျော်ရရှိပြီးပေမယ့် ဆက်လက်လိုအပ်နေဆဲ ဖြစ်ပါတယ်။
ပြည်သူများ ဆက်လက် ဝန်းရံ အားပေး ဖို့တိုက်တွန်းပါရစေ ခင်ဗျာ။
#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#ကဗျာဆရာပီဆိုင်း
#ကဗျာ
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ရန်ကုန်
#မြို့ပြပြောက်ကျား
#ကမ်ပိန်း
“ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း”
#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#မြို့ပြပြောက်ကျား
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ကမ်ပိန်း
“ကျွန်တော်တို့က သွေးဆာနေတာမဟုတ်ဘူး၊ တွေ့တဲ့ လူလိုက်လုပ်နေတာ မဟုတ်ဘူး ပြည်သူတွေကို တော်တော်လေးမှ ဒုက္ခပေးနေတဲ့ ကောင်တွေ ကိုသာ ကျွန်တော်တို့ လုပ်တာ”
“ချစ်သော ရန်ကုန်” Podcast လေးကို အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေတို့မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
ရန်ကုန် မြို့ပြ ယူဂျီ ၅ ဖွဲ့ စုပေါ
င်း လုပ်ကြတဲ့ "ရန်ကုန်မှာ နားထွင်းမယ် “ ကမ်ပိန်းအတွက် အားဖြည့်ဆွေးနွေး ပေးကြမယ့် မသဇင်ညွန့်အောင် နဲ့ ရန်ကုန်မြို့ပြရဲဘော်တဦးတို့ရဲ့ “ ချစ်သောရန်ကုန် “ စကားဝိုင်း လေးရဲ့ အပိုင်း၆ ကို နားဆင်ပေးကြပါအုံး။
#ရန်ကုန်မှာနားထွင်းစစ်တပ်ကိုတအားဗျင်း
#ရန်ကုန်
#ချစ်သောရန်ကုန်
#စစ်အာဏာရှင်အမြစ်ပြတ်ရေး
#ဆရာကျောင်းGHF
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ องค์กรนั้น
เว็บไซต์
ที่อยู่
Bkk