Shwe Phoo

Shwe Phoo

แชร์

26/10/2025
24/10/2025
23/10/2025

ချစ်စရာသမီးလေး

23/10/2025
08/10/2025

သမီးလေးကိုကြည့်ရင်း ကျွန်မတွေးမိတယ်။
"သမီးက ပါးပါးနဲ့ဘဲတူတာလား"
"ဒါမှမဟုတ် မားမားရဲ့ ကိုယ်ပွားလေးပဲလား"
တကယ်တော့ ကိုယ်ပတ်ဝန်းကျင်မှာ အမြဲကြားနေရတာက ဒီစကားနှစ်ခွန်းလုံးဘဲလေ

တချို့ကပြောတယ်၊ သမီးလေးဟာ နှာတံ၊ သူ့ဒမျက်ခုံး ပြီးတော့ အမူအရာလေးတွေကအစ သူ့ပါးပါးနဲ့တူနေတာ မသင်ပေးဘဲနဲ့ကို တူနေတော့ချစ်ရတဲ့ အမျိုးသားရဲ့ ပုံစံငယ်လေးကို ပြန်မြင်နေရသလိုပါပဲ။
ဒါပေမဲ့ ကျွန်မရဲ့ ကလေးဘဝ ဓာတ်ပုံတွေကို ပြန်ကြည့်တော့ ဒီဖောင်းကားနေတဲ့ ပါးဖောင်းဖောင်းလေးတွေ၊ နို့နှစ်ရောင်အသားအရေ နဲ့ ဒီနှုတ်ခမ်းလေးတွေဟာကျွန်မနဲ့ အတူတူပဲ။
အဲ့ဒီ့တုန်းက ကောင်မလေးရဲ့ မျက်နှာလေးဟာ
အခုတော့ သမီးလေးရဲ့ မျက်နှာမှာ ပြန်မြင်နေရပြန်ကော။
သမီးလေးကို ကိုယ်ဝန်ဆောင်ထားတုန်းက
ကျွန်မတို့ ညတိုင်း ဗိုက်လေးကို ပွတ်ပြီး စကားပြောကြတယ်။
သမီးလေးရေ ပါးပါးနဲ့ မားမားက
"ကလေးလေးရေ၊ ပါးပါးနဲ့ မားမားရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကို ယူပါကွယ်။
အဓိကကတော့ ကြင်နာတတ်မှုနဲ့၊ ပျော်ရွှင်ခြင်းတွေပေါ့။
အကောင်းတွေကို ယူပြီး အဆိုးတွေကိုတော့ ထားခဲ့ပါကွယ်" လို့ တိုးတိုးလေး ပြောခဲ့ကြတယ်။
သမီးလေးက ကြားခဲ့တယ် ထင်ပါရဲ့။
ဘာလို့လဲဆိုတော့ အခုဆို
သူ့မျက်နှာမှာ ကျွန်မတို့နှစ်ယောက်စလုံးရဲ့ ပုံစံတွေကို မြင်နေရတာမဟုတ်ဘဲ၊
ကျွန်မတို့နှစ်ယောက်စလုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားတဲ့
အလင်းရောင်တွေနဲ့ ပြည့်နေတဲ့ ပြုံးပျော်နေတဲ့မျက်နှာထားပိုင်ရှင် ကောင်မလေးတစ်ယောက်ကို မြင်နေရလို့ပါပဲ။
ဒီတော့ သမီးလေးက ဘယ်သူ့ကို ပိုတူလဲဆိုရင်
တချို့နေ့တွေမှာ ပါးပါးနဲ့ တူတယ်။
တချို့နေ့တွေမှာ မားမားနဲ့ တူတယ်။
ဒါပေမဲ့ နေ့ရက်တိုင်းမှာတော့
သူဟာ ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေပီး ပျော်ရွှင်နေပါတယ်။
#သမီးလေး

Photos from Shwe Phoo  's post 07/10/2025

လုပ်ချင်တာတွေ လုပ်နေရရင် ရုပ်ကအဲ့လိုပါဆို 😍
#သမီးလေး
#သီတင်းကျွတ်

04/10/2025

သီတင်းကျွတ်အခါသမယ မှာ အဝေးမှာရှိတဲ့ ဖိုးဖိုး၊ဘွားဘွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ တွေကို သမီးက ကန့်တော့ပါတယ်နော်🙏🙏🙏
#သီတင်းကျွတ်

Photos from Shwe Phoo  's post 02/10/2025

သမီးက ဘယ်သူနဲ့တူလဲရှင့် 😍

Photos from Shwe Phoo  's post 01/10/2025

အမွှာသားလေး လားမမေးရဘူးနော် 😍

30/09/2025

လူကြည့်တော့ ပိစိကွေးလေးဘဲရှိသေးတာကို ဖုန်းကိုကြည့်ချင်လို့တဲ့

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


7 Ramkhamhaeng 185 Yaek 1, Minburi, Min Buri
Bangkok
10510