SEINT Magazine

SEINT Magazine

แชร์

13/05/2026

အမြင်အာရုံမသန်စွမ်းကလေးတွေဟာ ပညာသင်ကြားဖို့ လိုအပ်လား?
campaign လေးတခုလောက် စိမ့် wall မှာ လုပ်ချင်ပါတယ်...
ဒီ video လေးက မူလတန်းအကြို စာ နဲ့ ထိတွေ့ဖို့ကြိုးစားနေကြသလို သူတို့ကို နားလည်စေဖို့ သင်ပေးနိုင်မယ့် နည်းပညာ နဲ့ နှလုံးသားရော ဦးနှောက်ပါကြီးတဲ့ ဆရာ ဆရာမတွေ လိုအပ်ပါတယ်....
အသိတရား နဲ့ ဆက်စပ်တွေးခေါ်မှူ ညဏ်အားကောင်းစေမှ အသက်မွေး ဝမ်းကျောင်းရာမှာ အထောက်အပံ့ဖြစ်စေမှာပါ....
ဒီ လိုအပ်ချက်တွေဟာ မသန်စွမ်းကလေးတယောက်ကို ပိုင်ဆိုင်ထားရတဲ့ မိဘ တွေအပေါ်အများကြီး မူတည်ပါတယ်...
မိမိ သားသမီး မသန်စွမ်း အဖြစ် လူ့လောကထဲ ရောက်လာတာကို မရှက်ဖို့ အားမငယ်ဖို့ နဲ့ မိဘ ကိုယ်တိုင် သန်မာနေဖို့ လိုပါတယ်...
မသန်စွမ်းဆိုတာ မွေးရာပါအပြင် ဘယ်အချိန်အခါ မဆို အကြောင်းကြောင်းတွေကြောင့် ဖြစ်သွားနိုင်တာမျိုးပါပဲ....

ဖြစ်လာ ကြုံလာတဲ့ အပေါ် လမ်းမပျောက်ဖို့ မသန်စွမ်း ကျောင်းတွေဆီ အရောက်ပို့ဖို့ မသန်စွမ်းကလေးတွေရဲ့ မိဘတွေအတွက် အထူးတိုက်တွန်း လိုက်ပါရစေ.....💪🩷🫡

02/04/2026

ဒီသီချင်းလေးက အမှတ်တရပါပဲ....
အမြင်အာရုံမသန်စွမ်း အဆိုတော် ညီမငယ် ဝေဖူးသန့်ဇင် အတွက် စိမ့် ရေးထားပေးဖြစ်ခဲ့ပြီး အမြင်အာရုံမသန်စဇွမ်းမောင်လေး တိုးတိုးလင်း က တပုဒ်လုံးကို mixing အထိ တာဝန်ယူ တီးပေးခဲ့တာ ....
အရည်အချင်းပြည့်ဝတဲ့ ပညာတတ်မသန်စွမ်းတွေ ကို ဘယ်သူတွေက ပံ့ပိုးပေးနေကြတာလဲ....
သူတို့ရဲ့ မာကျောပြီး သင်ယူချင်တဲ့ အရှုံးမပေးသော စိတ်ဓာတ်က အဓိကပံ့ပိုးပါတယ်...
အဲ့လို စိတ်ဓာတ်တွေ နဲ့ မသန်စွမ်းတွေကို လမ်းပြဖော်ဆောင်ပေးနိုင်မယ့် အခွင့်အရေးကောင်းတွေလည်း လိုအပ်ပါတယ်...

27/02/2026

ကြွေပါတယ် အချစ်ရေ😁💜💙🩷

ချစ်ညီမ ချမ်းမြေ့မောင်ချို နဲ့ လိုက်ဖက်အောင် ရေးထားဖြစ်ခဲ့တဲ့ King လို့ နာမည်ပေးထားတဲ့ သီချင်းလေးကို စိမ့် ရဲ့ မှတ်တိုင်လေးတွေ အနေနဲ့ version အသစ်နဲ့ ပြန်လည် promote လုပ်ဖြစ်ပါတယ်

စိမ့်ကိုယ်တိုင်လည်း ကြိုက်နေတာ......




#ကြွေပါတယ်အချစ်ရေ

#မြန်မာသီချင်း #သီချင်းအသစ် #သီချင်းကောင်းများ

01/02/2026

30.01.2026 မှာ ကျရောက်ခဲ့တဲ့စိမ့် မွေးနေ့အမှတ်တရ 🎂💫 အဖြစ်“ပြော” ဆိုတဲ့ သီချင်းလေးကို 🎵စိမ့်ကိုယ်တိုင် ရေးသားခဲ့ပြီး ✍️စိမ့်ကိုယ်တိုင် ပြန်လည် သီဆိုထားတာကို 🎤🤍မိတ်ဆွေများ နားဆင်စေချင်တဲ့ စိတ်လေးနဲ့ 🎧တင်ပေးလိုက်ပါတယ် …သီချင်းတွေ မရေးဖြစ်၊ မဆိုဖြစ်တာ ⏳5 နှစ်ကျော်ကြာသွားခဲ့ပေမဲ့ 😌ဒီသီချင်းလေးတွေ အတွက်စိမ့် အားနာမိသလို 🙏အမြဲ နွေးထွေးစွာ အားပေးလာကြတဲ့မေတ္တာများစွာအတွက် 💞ခွန်အားတွေကတော့ အခုထိ ပြည့်နေဆဲပါ 💪✨ #စောမနိုင်း #ပြော

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bangkok
11061