MM Store

MM Store

แชร์

02/04/2023

“ ရင့်ကျက်.....တိတ်ဆိတ်ခြင်းအနုပညာ”

လောက မှာ လူရယ်လို့ ဖြစ်လာရင်
ဒေါသ ဖြစ်စရာကြုံလာ တဲ့ အခါ
ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိနေတဲ့ ဒေါသကို ထုတ်မပြဘဲ
ထိန်းသိမ်းထားတာဟာ
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ...။

ဝမ်းနည်းစရာဖြစ်လာရင်
မျက်ရည်ကျတာ သဘာဝပဲ
ကျလာမယ့်မျက်ရည်ကို
မျက်တောင်ပုတ်ခပ်သိမ်းဆည်းပြီး
ဝမ်းနည်းရိပ်မပေါ်အောင်
ပြုံးရွှင်မျက်နှာထား နဲ့ နေနိုင်တာလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ။

လူတိုင်းမှာ ခံစားချက်တော့ ရှိကြတာပါပဲ
ခံစားချက်ကို မျက်နှာမှာမပေါ်အောင်
ထိန်းချုပ်နိုင်တာကလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ... ။

ဒေါသကိုထုတ်ပြရင်
ကိုယ် ဒေါသကြီးတာ လူ သိမယ်။

ခံစားချက်ကိုထုတ်ပြရင်
ကိုယ်အားနည်းချက်ကို လူသိမယ်။

ဝမ်းနည်းတာကိုထုတ်ပြရင်
ကိုယ်ပျော့ညံ့တာ လူသိမယ်။

ဒီတော့ ဒေါသကြီးတာ
ဝမ်းနည်းတက်တာ
ခံစားချက်ပြင်းထန်တာတွေကို
ထိန်းသိမ်းမြိုသိပ်တိတ်ဆိတ်နေခြင်းဟာ
ရင့်ကျက်....တိတ်ဆိတ်ခြင်း
အနုပညာတစ်မျိုးပါဘဲနော် ။

မေတ္တာဖြင့် "
ကျွန်မဖတ်ဖို့ ▪️▪️

credit 🙏

05/01/2023

ငွေဈေး
၁၂၇၀ ဘတ် 1 သိန်း
Kpay

29/12/2022

ဂျူး လူမျိုးတို့ရဲ့ စာသား
( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!
( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!
( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!
( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!
( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!
( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )
( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!
( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!
( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။
( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !
ီ_ဘာ_ဘာ

27/12/2022

Measure Tape-ပေဘူးနှင့် " မူး၊ မတ်၊ပဲ"အကြောင်း
============================
( Site တစ်ခုမှာ အငယ်တစ်ယောက်ကို
marking ပေးခိုင်းတုန်းက ပေဘူး မသုံးတတ်ပဲလုပ်လိုက်လို့
marking အကုန်ပီးသွားမှ အစကနေ ပြန်လုပ်ခဲ့ရဖူးတယ်။
ကိုယ်ကလည်း သူသိမယ်ထင်ပီး recheck ပြန်မလုပ်မိတာလည်းပါပါတယ်။ )
📚📚အဲ့တာကြောင့် မသိသေးတဲ့သူများအတွက် measure tape အကြောင်းလေး sharing လုပ်ပေးချင်ပါတယ်။
📚📚အရင်ဆုံး ထင်းထင်းရှားရှား မြင်ရမှာသည်
အပေါ်ဘက်မှာ ft ( ပေ )
အောက်ဘက်မှာ cm ပါ။
( အပေါ် - အောက် လို့ပဲ မှတ်ရလွယ်အောင်ပြောပါမည်။ )
🔻အပေါ်မှာ ဝိုင်းပြထားတဲ့ အနီလေးတွေက
1 ft , 2ft , 3 ft စသဖြင့် တွေ့ရပါမယ်။
ဒါဆို " ft-ပေ "တိုင်းလို့ရမယ်။ ✅✅✅
🔻အောက်က ဝိုင်းပြထားတဲ့ အနီက
10cm,20cm,30cm,40cm,50cmစသဖြင့်
cm တန်ဖိုးအနေနဲ့တွေ့ရပါမယ်။
ဒါဆို " cm "တိုင်းချင်တဲ့အခါ ရပါမယ်။ ✅✅✅
🔻အပေါ်က 1ft နေရာကို ပြန်ကြည့်ပါမယ်။
သူ့ရဲ့အောက်မှာ အမဲစာလုံးလေး 12 ရှိပါတယ်။
(မရေးထားပေမယ့်ပညာရှိမို့ အလိုလိုသိ 😁😜)
သူ့ရဲ့ အရှေ့နဲ့အနောက်မှာ 11 နဲ့ 13 တွေ့ရပါမယ်။
အဲ့တာတွေက လက်မတွေပါ။
ဒါဆို " inches "တိုင်းချင် တဲ့အခါ ရပါမယ်။ ✅✅✅
🔻အောက်က 10,20,30 ဆိုတာ cm လည်းဟုတ်သလို
သုည တစ်လုံးထည့်ပီး mm လည်းတိုင်းလို့ရပါတယ်။
သုညနှစ်လုံး ဖြုတ်ပီး m လည်းတိုင်းလို့ရပါတယ်။
10cm = 100 mm
100 cm = 1m
(marking ပေးတဲ့အခါမှာ mm နဲ့ဆို ပိုတိကျလို့ ဒါလည်းမှတ်ထားစေချင်ပါတယ်။)
ဒါဆို " mm "နဲ့ "m"တိုင်းချင်တဲ့အခါမှာ ရပါမယ်။ ✅✅✅
( ဘာနဲ့တိုင်းရမလဲ မိမိ Drawing ပေါ်မူတည်ပါတယ်။ )
တိုင်းရုံတင်မဟုတ်ဘဲတခြားလုပ်လို့ရတာတွေလည်းရှိပါသေးတယ်။
💞ပေဘူးရဲ့ထိပ်မှာခဲတံ တပ်ပီး စက်ဝိုင်းဆွဲလို့ရပါတယ်။
💞ပေးဘူးမှာပါတဲ့ ချိတ်ကလေးက marking မှတ်လို့ရပါတယ်။
အဲ့ချိတ်ရဲ့ အဟ က 1/16" ရှိပါတယ်။
မဟချင်လည်း တိုးလိုက် လို့ရပါတယ်။
💞Diamond or Tri ပုံလးက
16" , 32" , 48 " အလွယ်တိုင်းချင်တဲ့အခါ မြန်အောင်ထည့်ပေးထားပါတယ်။
မူး၊ မတ် ၊ ပဲ အကြောင်း
----------------------
အပေါ်ဘက်က inches 1 ကနေ 2 ကြားထဲမှာ
အစိတ် ၁၆ စိတ်ကိုတွေ့ရမှာပါ။
အဲ့၁၆ စိတ်ကို ပိုင်းထားတဲ့ မျဉ်းတွေကလည်း အတိုအရှည်မတူပါဘူး။
အရှည်ဆုံး မျဉ်းကို Inch Mark
ဒုတိယရှည်တာကို Half - inch( တဝက် )
တတိယရှည်တာကို Ouarter-Inch ( ၄ပုံ၁ပုံ)
စတုတ္ထရှည်တာကိုတော့ Eighths-inch ( ၈ပုံ၁ပုံ)
အတိုဆုံးကိုတော့ Sixteenth-inch ( ၁၆ပုံ ၁ပုံ)
16 စိတ်ကို အခြေခံထားတဲ့ သဘောပါ။
မြန်မာ မှာလည်း 16 စိတ်ကိုပဲ အခြေခံပါတယ်။
သူတို့လိုတော့ မရိုးရှင်းဘူးပေါ့နော်။
ပဲတွေမူးတွေ မတ်တွေ နဲ့ပါ။
( ရွေးတွေကတော့ မသိတော့ဘူး။
အမေတို့ကိုမေးရတာလည်းခဏခဏရှိပီ။
ဒါလည်းမမှတ်မိဘူး။မှတ်လည်းမမှတ်နိုင်တော့ဘူး။ 😪)
မူးတွေ မတ်တွေက ဒီနေ့ခေတ်မှာ မသုံးတော့ပေမယ့်
Aircon ကြေးပိုက် size တွေမှာတော့သုံးတာကိုတွေ့ရပါတယ်။
အဲ့တာကြောင့် မှတ်ချင်တဲ့သူများ မှတ်ကြပါနော်။
( အမ မှတ်တဲ့နည်းကတော့
ပိုင်းခြေမှာ ၁၆ ရှိရင် => ပဲ
ပိုင်းခြေမှာ ၈ ရှိရင် => မူး
ပိုင်းခြေမှာ ၄ ရှိရင် => မတ်
ဒါပေမယ့်အဲ့တာက တော်တော်များများမှန်ပေမယ့် တချို့နေရာ မမှန်ဘူး 😁
​ဒါက ယေဘုယျ ယူရတဲ့သဘော)
ဒါဆို စယူကြည့်ရအောင်
☘️1/16 => ၁ပဲ ( ပိုင်း​ ခြေ 16 )
☘️2/16 => ၂ပဲ (ပိုင်းခြေ 16 ဒါပေမယ့် ခြေလို့ရလို့ မူး)
1/ 8 => ၁ မူး ( ပိုင်းခြေ 8 ဆိုမူး)
☘️ 2/8 => ၂မူး ( ပိုင်းခြေ 8 ဒါပေမယ့် ခြေလို့ရ လို့မတ်)
1/4 => ၁မတ် ( ပိုင်းခြေ 4 ဆို မတ် )
ဒီအထိ အဆင်ပြေပါတယ်။ မှတ်ထားသလိုမှန်သေးတယ်။
☘️ 4/8 => ၄ မူး မယူပါ။ 1/2 မို့ ၅ မူး ယူရမည်။🙄
4/8 = 1/2 = ၅ မူး✅
☘️ 5/8 => ပိုင်းခြေ 8 ဆိုမူး ( ၅မူးမယူပါ။ အပေါ်မှာယူပီးပီမို့ သူက ၆ မူး
5/8 => ၆မူး ✅
☘️ 6/8 = 3/4 => ၃မတ် ( ပိုင်းခြေ 4 ) 😊
☘️ 7/8 => ၇ မူး ပြန်ယူလို့ရပါပီ။ ( ပိုင်းခြေ 8 ) 😊😊
note 📝
------
------
3/4 ကို တစ်ကျပ် ပြည့်ဖို့ ၁မတ် ( 1/4 ) လိုလို့
မတ်တင်း လို့ခေါ်ပါသည်။
7/8 ကို ၁မူးလိုလို့
မူးတင်းလို့ခေါ်ပါသည်။
📚 မျိုးဆက်သစ်အင်ယာများ အဆင်ပြေကြပါစေ📚
Credit: Htet Htet
BE (EP)

23/12/2022

ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....
ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...
မိဘ က သင့် ဘဝ ကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...
ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
တို့တတွေက ဖန်တီး လိုက်ကြတာပါ ...
ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ ...
သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ် ...
သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ ...
မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ် ...
စတောင်းပန်ရဲတဲ့ သူက
သတ္တိ အရှိ ဆုံးသူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ
အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ ..
- ဆရာ ဦးအောင်သင်း
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

22/12/2022

မိမိကိုယ်ကိုယ် တာဝန်ယူတက်တဲ့စိတ်
တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။
တာဝန်ယူခြင်းမှာ ကိုယ်ကျင့်တရားတွေ၊
မိမိကိုယ်ကိုယ် လေးစားခြင်းတွေနဲ့
တခြားသူတွေအပေါ် ထားတဲ့ မေတ္တာစိတ်တွေ
ပါဝင်နေတယ်။ဒါပေမယ့်
တာဝန်ယူမှုဟာ ဘယ်တော့မှ မျက်ကန်းတောတိုး
မဖြစ်သင့်ဘူး။
ကိုယ်လုပ်တာ၊ ကိုယ်ပြောတာတွေနဲ့ ကိုယ့်ခံစားချက်တွေဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ ကိုယ်သာ
ကိုင်တွယ်ရမယ်လို့ ဆုံးဖြတ်လိုက်တာက
ဖြောင့်မတ်မှန်ကန်တဲ့ အရည်အချင်းပါ။
သို့ပေမယ့် သူများအမှားကို ကိုယ့်အမှားလုပ်၊
သူတစ်ပါး အပြစ်ကို ကိုယ့်အပြစ်လို့ သတ်မှတ်နေတာကျတော့ ဒါဟာ တာဝန်ယူတာ မဟုတ်တော့ဘူး။
တုံးအတာ ဖြစ်သွားပြီ။
လောကမှာ တုံးအတဲ့ သူတွေက လူတွေသိပ်ကြိုက်
ကြတယ်။ရိုးရိုးအအ ဆိုသူတွေ၊မသိနားမလည်မှု များတဲ့သူတွေ၊စဥ်းစားဥာဏ်နည်းတဲ့သူတွေကို အသုံးချဖို့
စောင့်နေတဲ့သူတွေဆိုတာ သပ်သပ်ကို ရှိတယ်။
သူတို့ကလည်း သူတို့လုပ်သမျှကို
လွဲချလို့ရမယ့်သူတွေကိုပဲ ရှာနေတာ၊ သူတို့ပြောတာကို
ဟုတ်ကဲ့ လုပ်မယ့်သူတွေကို အမြဲလိုချင်နေတာ၊
အဲ့ဒါကို ကိုယ်က သူတို့အပြစ်တွေကို
အားနာနာနဲ့ အတင်းတွေတာဝန်ဝင်ယူနေရင်
အချီကြီး ခံသွားရမှာ ကိုယ်ပဲ။
သူများအမှားကို ကိုယ့်အမှားပါလို့
လုံးဝတာဝန်ယူပစ်လိုက်တာ အသိဥာဏ်နည်းရာ
ရောက်တယ်။ သူများအမှားကို ထောကျပွရမယျ။
သူနားလည်အောင် ရှင်းပြရမယ်။
ကိုယ်ကူညီနိုင်တာကို ကူညီပြီး
တက်နိုင်သလောက် ပူးပေါင်းဆောင်ရွှက်ပေးတာမျိုး
လုပ်ပေးတာက ဆက်ဆံရေးကို တိုးတက်စေနိုင်ပေမယ့်
ကိုယ်ချစ်တဲ့ သူတွေအပြစ်လုပ်ထားရင်တောင်
ကိုယ့်အနေနဲ့ သူတို့ကို မထိခိုက်စေချင်လို့
သူတို့အစား တာဝန်ဝင်ယူပေးနေရင် အဲ့လိုလုပ်တာက
ကြာရင် ဘယ်သူ့အတွက်မှ မကောင်းတာကို
သိလာလိမ့်မယ်။
လူတစ်ယောက်က သူ့တာဝန်သူယူလိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစိတ်ကို ခံစားရတယ်။
သူတစ်ပါးကို အပြစ်ပုံချတာ၊
ကံကြမ္မာနဲ့ အခြေအနေတွေကို မကောင်းပြောနေတာ
တွေက ခနတော့ စိတ်သက်သာသွားသလို
ရှိကောင်းရှိမယ်။ဒါပေမယ့် ကိုယ်စိုက်ပျိုးတာကို
ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားလိုပဲ။
နောက်ဆုံးကျတော့ ပြဿနာတွေကို
တကယ်ပြေလည်သွားစေမယ့် ရေရှည်ဖြေရှင်းနည်းက
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေလဲ ပြန်ကြည့်၊
ဘာတွေကို သင်ယူဖို့လိုနေပြီလဲ၊ ဘာတွေပြောင်းလဲရမလဲ၊ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်ဖို့
ဘယ်လို အလေ့အကျင့်တွေကို ကျင့်ရမလဲ
ဒါတွေကို စဥ်းစားတာကသာ အဖြေမှန်ကို ပေးနိုင်လိမ့်မယ်။
ကိုယ်အလုပ်မဖြစ်တာတွေ အတွက် ဘဝကို
ဆင်ခြေပေးလို့ရတယ်။ လက်ရှိအခြေအနေတွေက
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို
နှေးကွေးစေကြောင်းကို အကြောင်းပြဖို့က
ကျွန်တော်တို့ အတွက် သိပ်မခက်ဘူး။
ဒါပေမယ့် ဒီလိုလုပ်တာက နောက်ဆုံး
ကိုယ့်ကိုပဲ ကိုယ်လုပ်ချင်တာတွေကနေ
နောက်ကျကျနေစေခဲ့တာ မဟုတ်လား၊
ဆင်ခြေဆင်လက်ပေးခြင်းကနေ ဘာတွေများ
ကောင်းတာ ရလာနိုင်လို့လဲ။
အရင်တုန်းက ကိုယ်ကြောင့် အခုရှိနေတဲ့ ကိုယ်
ဖြစ်လာရတာပဲ။ Albert Einstein ကပြောဖူးတယ်။
"ပြဿနာတွေကို အဖြေရှာရာမှာ အဲ့ဒီပြဿနာတွေ
စဖြစ်တုန်းက အခြေအနေအနေတွေ အတိုင်းစဥ်းစား
လို့ မရတော့ဘူး"တဲ့။ ဆိုလိုတာက
လက်ရှိကိုယ့်အကျင့်တွေ၊ ကိုယ်ရဲ့ စီးပွားရေးအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင် ဒါတွေကို
လုံးဝချက်ချင်းပြောင်းဖို့ဆိုတာ မလွယ်ဘူး။ဒါပေမယ့်
အကြောင်းပြချက်တွေပေးနေရုံနဲ့လည်း
ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိမယ်။ အရေးကြီးတာ ကျွန်တော်တို့ ကိုယ်ကိုယ်
အပြည့်အဝ တာဝန်ယူပြီး ကိုယ်လုပ်နိုင်တာကို
မပျက်မပျက် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။
ဒီလိုလုပ်နိုင်ခြင်းသည်ပင် လူတစ်ယောက်ရဲ့
ကြီးမားတဲ့ အရည်အချင်းလို့ ပြောနိုင်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Sukhumvit
Bangkok
10400