Flash News
20/08/2022
ရုရှားကျောက်မီးသွေး တရုတ်တိုးဝယ် တရုတ်က ရုရှားရဲ့ကျောက်မီးသွေးတွေကို မနှစ်ကထက် ၁၄% တိုးပြီး လျှော့ဈေးနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ ၅ နှစ်လောက်အတွ.....
13/05/2022
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းသည် (ဒေါ်) ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဝါရှင်တန်မြို့တော်တွင် ယနေ့ တွေ့ဆုံခဲ့ပါသည်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏ ခိုင်ခိုင်မာမာအားပေးထောက်ခံမှုနှင့် မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို အလေးပေး ပြောကြားခဲ့ပါသည်။ အာဆီယံခေါင်းဆောင်အများစုသည် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေကြသည်ဖြစ်ရာမြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် အမေရိကန်ပြည်ထောင်စုသည် အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက်လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အလေးထား ပြောကြားခဲ့ပါသည်။ သူတို့နှစ်ဦးသည် အာဏာရှင်အဖွဲ့က အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ၄င်း၏ အကျိုးဆက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းဖြစ်ပေါ်လာရခြင်းကို ရှုတ်ချခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းမှ အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများအကန့်အသတ်အတားအဆီးမရှိရောက်ရှိနိုင်ရေး ကို တောင်းဆိုခဲ့ကြပါသည်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် (ဒေါ်)ဇင်မာအောင်ကို မြန်မာပြည်သူများအပေါ် ထားရှိသည့် သူရသတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုတို့အတွက် ကျေးဇူးတင်ရှိခဲ့ပြီး အားလုံးအတွက် အားလုံးပါဝင်ခွင့်ရှိပြီး ငြိမ်းချမ်း၍ စည်ပင်ဝပြောသည့် ဒီမိုကရေစီစနစ်တစ်ခုအတွက် အမေရိကန်ပြည်ထောင်စုအားပေးထောက်ခံမည်ဟု အဆိုပြုခဲ့ပါသည်။
သတင်းထုတ်ပြန်ချက် အပြည့်အစုံ go.usa.gov/xuH93
Deputy Secretary Sherman met today in Washington with NUG representatives, including Zin Mar Aung. The Deputy Secretary underscored robust U.S. support for the people of Burma in the face of the regime’s brutal crackdown and pledged to continue providing support to all those working peacefully toward the restoration of Burma’s path to inclusive democracy. Noting the many Southeast Asian leaders in Washington for the U.S.-ASEAN Special Summit, the Deputy Secretary highlighted that the United States would continue to work closely with ASEAN and other partners in pressing for a just and peaceful resolution to the crisis in Burma. They also condemned the escalating regime violence that has led to a humanitarian crisis and called for unhindered humanitarian access to assist all those in need in Burma. The Deputy Secretary thanked Zin Mar Aung for her courage and dedication to the people of Burma and offered U.S. support for an inclusive, peaceful, and prosperous democracy for all.
Press release: go.usa.gov/xuH93
06/02/2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်စီစဥ်နေ
DMG ၊ ဖေဖော်ဝါရီ ၅
မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်အတွက် စနစ်တကျစီစဥ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက DMG သို့ပြောသည်။
ပြန်လည်လက်ခံရေးအစီအစဥ်ကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်စီစဥ်နေခြင်းဖြစ်ပြီး ရေကြောင်းမှ ပြန်လည် ဝင်ရောက်လာသူများကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် ကုန်းကြောင်းမှပြန်လည်ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲစခန်းတွင် လက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ပြည်ထောင်စုအဆင့်ကလုပ်တာပေါ့နော်။ တော်တော်လေး စနစ်တကျ လုပ်ထားတာလို့ ငါတို့လည်း ကြားရတယ်။ ရေကြောင်းကလာလို့ရှိရင် ငါးခူရစခန်း ကလက်ခံမှာဖြစ်ပြီး ကုန်းကြောင်းကလာလို့ရှိရင် တောင်ပြိုလက်ဝဲ ကလက်ခံမှာဖြစ်တယ်။ အဲဒီစခန်းနှစ်ခုက လက်ခံပြီးတဲ့လူတွေကို လှဖိုးခေါင်စခန်းကိုပို့မှာ” ဟု ဦးလှသိန်းက ပြောသည်။
သို့သော် မည်သည့်နေ့ရက်တွင် ပြန်လည်လက်ခံမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် Covid 19 ရောဂါ ကင်းရှင်းကြောင်း ခိုင်လုံသည့်အထောက်အထားများ ယူဆောင်လာရမည်ဖြစ်ကာ ရောက်ရှိလျှင် Covid 19 ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးမှသာလျှင် လက်ခံမည်ဟု ဦးလှသိန်းက ပြောသည်။
“ပိုးတွေ့ရင် မဝင်ခိုင်းဘူး။ ပိုးမတွေ့တဲ့လူကို လှဖိုးခေါင်စခန်းကိုပို့မယ်။ လှဖိုးခေါင်စခန်းကို ပို့ပြီးမှ သူတို့ကို ဆက်လက်နေရာချထားမယ်။ အဲဒီအသေးစိတ်ကိုတော့ မသိရသေးဘူး။ ဘယ်နေ့လက်ခံမယ်ဆိုတာလည်း မသိရသေးဘူး”ဟု ဦးလှသိန်းက ပြောသည်။
အဆိုပါ ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း နေပြည်တော်တွင် စစ်ကောင်စီလက်ခံအောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စသူတို့က ဆွေးနွေးခဲ့ကြသည်။
တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား Covid 19 ဖြစ်ပွား မှု အခြေအနေအပေါ် မူတည်ကာ လိုအပ်သောစိစစ်မှုများ ဆောင်ရွက်ပြီးမှသာ ပြန်လည်လက်ခံရေးအတွက် တင်ပြ ဆောင်ရွက်သွားရန် စီစဥ်ထားရှိမှု ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသော ပြန်လည်ဝင်ရောက်လိုသူ စာရင်း များအနက် ကနဦးစမ်းသပ် အစီအစဉ်ဖြင့် ဆောင် ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မွတ်ဆလင်ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်ပြီး မောင် တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၊ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင်ပြန်လည် လက်ခံရေးစခန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
၂၀၁၇ ခုနှစ် မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ ဝင်များသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။ထို့ကြောင့် မြန်မာစစ်တပ်က ပြန်လည်လက်တုန့်ပြန်ရာတွင် မွတ်ဆလင် (၇) သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုထား သည်။
ပုံစာ - ၂၀၁၈ နှစ်ဆန်းပိုင်းက မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြသော မွတ်ဆလင်များအား တွေ့ရစဉ်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/re-receive-msl.html
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok