Juu
Managed by Han Win and Muk Soppu, who co-manage the following pages:
Juu : https://www.facebook.com/mgforjuu
9han : https://www.facebook.com/9hanInfo
Han : https://www.facebook.com/HanCreator/
Han : https://www.facebook.com/hanvlog194/
9han News: https://www.facebook.com/profile.php?id=100064694785263
Myanmar News: https://www.facebook.com/profile.php?id=61571975093129
12/08/2025
သူငယ်ချင်းရဲ့ကလေးမွေးနေ့ပွဲကို သွားဖို့ရှိပါတယ်။ အသက်က ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျွန်မနဲ့ရွယ်တူ သူငယ်ချင်းတွေက ကလေးတွေပါ ခေါ်လာကြတော့မှာပါ။ ကျွန်မကတော့ အိမ်ထောင်ပြုဖို့နေနေသာသာ ရည်းစားတောင် အတည်တကျမရှိသေးပါဘူး။ ပွဲမှာ ကျွန်မကို ဝိုင်းမေးကြ၊ ဝိုင်းပြောကြတော့မှာကို စိုးရိမ်မိပါတယ်။ ဒါကို ဘယ်လိုပြန်ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာအတွက် အကြံဉာဏ်လေးတွေ လိုချင်ပါတယ်ရှင်။
ရင်ဖွင့်စာပေးပို့လိုပါက page message ( m.me/294583481158705 ) ကို ပို့ထားပေးပါ။
05/07/2025
ခိုင်နှင်းဝေ ဂေဟာဆောက်ရန် မြေလှူခဲ့တဲ့ အလှူရှင်ကွယ်လွန်၍ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေ ဂေဟာဆောက်ရန် မြေလှူခဲ့တဲ့ အလှူရှင်ကွယ်လွန်၍ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ
ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ သူမရဲ့ လက်ရှိ ရင်သွေးလေးများဂေဟာကို ဆောက်လုပ်ခဲ့တဲ့ မြေနေရာကို လှူဒါန်းပေးခဲ့တဲ့ အလှူရှင်အန်တီကြီး ဒေါ်မြင့်မြင့်အေး (အသက် ၇၁ နှစ်) ကွယ်လွန်သွားတာကြောင့် အလွန်စိတ်မကောင်းဖြစ်နေရတယ်လို့ ဖော်ပြလာပါတယ်။
ခိုင်နှင်းဝေရဲ့ ပြောပြချက်အရ အလှူရှင်ဒေါ်မြင့်မြင့်အေးဟာ လွန်ခဲ့တဲ့ ၈ နှစ်ခန့်ကတည်းက ဂေဟာဆောက်လုပ်မယ်ဆိုရင် သူမရဲ့မြေကွက်မှာပဲ ဆောက်ဖို့ တောင်းဆိုပြီး လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေကလည်း အန်တီဒေါ်မြင့်မြင့်အေးရဲ့ ဆန္ဒအတိုင်း အဲဒီမြေနေရာမှာ ဂေဟာကို ဆောက်လုပ်ခဲ့တာပါ။
ကွယ်လွန်သွားတဲ့ အန်တီဒေါ်မြင့်မြင့်အေးအတွက် တတ်နိုင်သမျှ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လှူဒါန်းပေးသွားမှာဖြစ်ပြီး၊ လူ့ဘုံ၊ နတ်ဘုံ၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အမြန်ဆုံးရရှိခံစားနိုင်ပါစေရန် ဆုတောင်းအမျှဝေသွားမယ်လို့ ခိုင်နှင်းဝေက ပြောကြားခဲ့ပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
262 Rong Rian Charuni Wit Alley, Thanon Phetchaburi, Ratchathewi
Bangkok
10400