Miss Shin
လူလတ်ပိုင်းအရွယ်မှာ
ကိုယ်ကြိုက်နှစ်သက်တဲ့လူ တွေ့ရင်
သူငယ်ချင်းပဲ လုပ်ဖို့ အကြံပြုပါတယ်။
စကား စမြည်ပြောကြ၊ ရယ်မောကြမယ်။
ဘယ်တော့မှ မချစ်မိ၊
မတွယ်တာမိပါစေနဲ့။
မနီး မဝေးကနေပြီး ကြိုက်နှစ်သက်လို့၊
သဘောကျလို့ ရတယ်။
နီးစပ်ဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။
လူဟာ တပ်မက်မှု ရှိလာတာနဲ့
ဆုံးရှုံးမှုလည်း ရှိလာပါတယ်။
တချို့ရှုခင်းက ကြိုက်နှစ်သက်လို့ပဲ ရတယ်။
သိမ်းထားလို့ မရပါဘူး။
လူတချို့ကလည်း တွေ့ဆုံဖို့ပဲ သင့်တော်တာပါ။
လက်တွဲလို့ မဖြစ်ပါဘူး။
အချစ်ဆိုတာ သိပ်အစွန်းရောက်လွန်းတဲ့ အရာပါ။
တစ်သက်တာ ဟုတ်ရင်ဟုတ်
မဟုတ်ရင် သူစိမ်းဖြစ်သွားနိုင်ပါတယ်။
#နိုင်းနိုင်းစနေ
လောကမှာ အဆင်းရဲဆုံး အလုပ်အကိုင်က အိမ်မှာပဲနေပြီး အိမ်မှုကိစ္စလုပ်တဲ့ အိမ်ရှင်မအလုပ်ဖြစ်တယ်။
မင်္ဂလာဆောင်တဲ့အခါ " မင်းကို ငါရှာကျွေးမယ်" လို့ ယောက်ျားက စကားတစ်ခွန်းပြောပြီး ကိုယ့်ကို အရာရာ စွန့်လွှတ်ပြီး သူ့နောက်လိုက်ဖို့ ဆွဲဆောင်တယ်။
ကွာရှင်းပြတ်စဲတဲ့အခါ "မင်းကို ငါပဲ ရှာကျွေးခဲ့တာ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဆင်းရဲလွန်းလို့ သိက္ခာတောင် နင်းခြေခံရတယ်။
တစ်လောက သူငယ်ချင်းတစ်ယောက်က သူ့ယောက်ျား ကွာရှင်းခွင့်တောင်းတယ်လို့ ပြောပြတယ်။
သူက သိပ်သစ္စာရှိတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ အိမ်ထောင်မှု နိုင်နင်းသလို အချက်အပြုတ်လည်း ကောင်းသူပါ။ ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်တတ်သလို ဝေယျာဝစ္စအားလုံး သေချာ စီမံခန့်ခွဲတတ်သူပါ။
ဒါကြောင့် သူ့ယောက်ျား ကွာရှင်းချင်တာကို သူ လက်မခံနိုင်ဖြစ်တယ်။
အိမ်ထောင်မပြုခင်က သူက လူဝင်ဆန့်သူတစ်ယောက်၊ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။
အိမ်ထောင်ကျပြီးနောက် သူဟာ ဆံပင် ရှုပ်ပွပွ၊ ခန္ဓာကိုယ်အချိုးအစား ပြောင်းသွားပြီး အသားဖြူဖျော့ဖျော့နဲ့ အဝတ်အစားလည်း လိုက်ဖက်မှု မရှိတော့ဘူး။
အမျိုးသမီးတွေ နားလည်ထားရမှာ တစ်ခုရှိပါတယ်။
ယောက်ျားတစ်ယောက် မိန်းမယူတယ်ဆိုတာ အိမ်ဖော်တစ်ယောက်ကို အိမ်ခေါ်ပြန်လာတာ မဟုတ်ပါဘူး။
ကိုယ့်အိမ်က ကြမ်းပြင်တွေကို ကိုယ့်မျက်နှာထက် ပိုတောက်ပြောင်အောင် မတိုက်ပါနဲ့။ ကိုယ့်ယောက်ျားက ကိုယ့်ပါးကို နမ်းချင်တာပါ... ကြမ်းပြင်ကို နမ်းချင်တာ မဟုတ်ဘူး မဟုတ်လား။
ဒီလောကမှာ လူတိုင်းဟာ အမြင်အာရုံပါတဲ့ သတ္တဝါတွေပါ။ မပြောင်းလဲတဲ့ လူသားဆန်မှုဆိုတာ မရှိပါဘူး။
"ဒီပုံနဲ့လည်း မင်းက လှနေပြီးသားပါ"
"မင်း ဘာမှ မလိမ်းလည်း လှပြီးသား"
"အသားအရေတွေ ဘာမှ ပြုပြင်ထိန်းသိမ်းစရာ မလိုဘူး"လို့ ပြောတဲ့ ယောက်ျားစကားကို မယုံပါနဲ့။
မင်းကို ငါတစ်သက်လုံး ရှာကျွေးမယ်ဆိုတဲ့ စကားကို ပိုတောင် မယုံပါနဲ့။
လက်တွေ့ဆန်တဲ့ လောကကြီးက ရက်စက် ကြမ်းကြုတ်ပါတယ်။ ထာဝရပျော်ရွှင်တဲ့ မင်းသား၊ မင်းသမီးဆိုတာ မရှိပါဘူး။
ဒါကြောင့် ဘဝကို ကောင်းကောင်းဖြတ်သန်းပါ။
ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
ပိုလှအောင် ကြိုးစားပါ။
တခြားသူအပေါ် မျှော်လင့်ချက်နဲ့ လောင်းကြေး မထပ်ပါနဲ့။
အနည်းဆုံးတော့ အခြေခံ လေးစားမှုနဲ့ ပြောဆိုပိုင်ခွင့် ရှိတဲ့ ငွေရေးကြေးရေးအရ လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေ။
((( ကျွန်မဖတ်ဖို့ .. ဖတ်ချင်သူတွေ ဝင်ဖတ်နိုင်တယ် 😄 )))
💌
#နိုင်းနိုင်းစနေ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
Bangkok