LABORWORK

LABORWORK

แชร์

🔹ရွှေ့ပြောင်းလုပ်သား စာရွက်စာတမ်းအမျိုးမျိုး
🔹ဗီဇာ သက်တမ်းတိုးခြင်း (Visa Renewal)
🔹အလုပ်လုပ်ကိုင်ခွင့် (Work Permit)
🔹ရက် ၉၀ သတင်းပို့ခြင်း (90 Days Report)
🔹MOU စနစ်ဖြင့် လုပ်သားတင်သွင်းခြင်း
" မှန်ကန်၊ မြန်ဆန်၊ စိတ်ချရသော တရားဝင်ကုမ္ပဏီ။"

23/05/2026

"အလုပ်သမားတစ်ယောက်မှာ ကျန့်အော် မလိုပဲ အလုပ်ရှင်ပြောင်းခွင့် တစ်ကြိမ်ရှိပါတယ်။"

#ထိုင်း #ထိုင်းရောက်မြန်မာ #ကျန့်အောကျန့်ခေါက်

Photos from LABORWORK's post 16/05/2026

🏆 VICTORY ON THE ONE STAGE 🥊
Another proud moment for Team LABORWORK.

ขอแสดงความยินดีกับ Tun Min Naing นักกีฬาภายใต้การสนับสนุนจาก LABORWORK ที่สามารถคว้าชัยชนะบนเวที ONE Championship ได้อย่างยิ่งใหญ่ หลังเอาชนะคู่ต่อสู้จากประเทศสเปนด้วยหมัด Power อันหนักหน่วงและแม่นยำ สร้างความประทับใจให้กับแฟนกีฬาทั่วทั้งสนาม

ชัยชนะครั้งนี้ไม่ได้เกิดจากพรสวรรค์เพียงอย่างเดียว แต่เกิดจากวินัย ความทุ่มเท และการฝึกฝนอย่างหนักในทุกวัน ซึ่งสะท้อนให้เห็นถึงหัวใจของนักสู้ตัวจริง

LABORWORK รู้สึกเป็นเกียรติอย่างยิ่งที่ได้ร่วมสนับสนุนเส้นทางแห่งความสำเร็จของนักกีฬา และเราจะยังคงเดินเคียงข้างเพื่อผลักดันทุกก้าวสู่ความสำเร็จที่ยิ่งใหญ่ยิ่งขึ้นในอนาคต

Congratulations Sulaiman! 👑

━━━━━━━━━━━━━━

🏆 ONE Championship စင်မြင့်ထက်က ဂုဏ်ယူဖွယ် အောင်ပွဲ 🥊

ကျွန်တော်တို့ LABORWORK မှ Sponsor ပေးထားသော ကစားသမား Min Naing ဟာ ONE Championship 154 ပွဲစဉ်တွင် စပိန်နိုင်ငံမှ ပြိုင်ဘက်ကစားသမားကို အားပြင်းထန်ပြီး တိကျလှတဲ့ Power လက်သီးချက်များဖြင့် အနိုင်ယူကာ အောင်ပွဲကြီးတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ Talent တစ်ခုတည်းကြောင့် မဟုတ်ဘဲ နေ့စဉ်မပျက် လေ့ကျင့်ခဲ့တဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ မလျှော့သော ဇွဲလုံ့လတို့ရဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။
စစ်မှန်တဲ့ Fighter တစ်ယောက်ရဲ့ နှလုံးသားကို ဒီပွဲက သက်သေပြခဲ့ပါတယ်။

LABORWORK အနေနဲ့ ဒီအောင်မြင်မှုခရီးစဉ်မှာ အတူတကွ လက်တွဲခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပြီး ရှေ့ဆက်မယ့် အောင်ပွဲတိုင်းမှာလည်း အမြဲတမ်း အားပေးထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ် 💙

10/03/2026

📣 သတင်းထူး!

ဒီနေ့ မတ်လ ၁၀ ရက် (2026) မှာ ထိုင်းအစိုးရအဖွဲ့အစည်း Cabinet of Thailand (ครม.) အစည်းအဝေးကနေမြန်မာ 🇲🇲၊ လာအို 🇱🇦၊ ဗီယက်နမ် 🇻🇳 အလုပ်သမားတွေ အတွက် သတင်းကောင်းတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ၃ နိုင်ငံ အလုပ်သမား စုစုပေါင်း ၃.၇ သိန်းကျော် ကို ဝပ်ပါမစ် (Work Permit) သက်တမ်း ထပ်တိုးပေးဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

📌 အဓိက အချက်တွေက ဘာတွေလဲ?

✅ Work Permit သက်တမ်း ထပ်တိုး

ယခင် သတ်မှတ်ထားတာက

📅 ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက် မှာ ကုန်ဆုံးမယ်ဆိုပေမယ့်

ယခု တိုးမြင့်ပေးလိုက်တာက
📅 ၂၀၂၆ မတ်လ ၃၁ ရက်အထိ ထပ်တိုးပေးလိုက်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေ အနေနဲ့ လက်ဗွေနှိပ်ခြင်း၊ ဝပ်ပါမစ်ကြေးသွင်းခြင်း၊ ပကန်ဝယ်ခြင်း စတာတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် အချိန်ပို ရက်ပေါင်း ၂၀ ကျော် ရရှိသွားပါတယ်။

✅ Passport / CI / Visa လုပ်ငန်းစဉ်များ

ပတ်စ်ပို့အသစ်လုပ်ခြင်း၊ပတ်စ်ပို့အစား အသုံးပြုတဲ့ CI စာရွက်စာတမ်း ပြုလုပ်ခြင်း၊ဗီဇာတုံးထုခြင်း စတဲ့ လုပ်ငန်းစဉ်တွေကိုတော့အရင်သတ်မှတ်ထားတဲ့
📅 ၂၀၂၆ ဇွန် ၂၄ ရက် ကနေ 📅 ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ ထပ်တိုးပေးလိုက်ပါတယ်။

💡 ဘာကြောင့် ရက်တိုးပေးတာလဲ?

ထိုင်းအလုပ်သမားဝန်ကြီး Trinuch Thienthong က ပြောကြားရာမှာ ဒီအလုပ်သမားတွေ စနစ်ထဲကနေ လွတ်သွားပြီး တရားမဝင် အလုပ်သမား ဖြစ်သွားတာမျိုး မဖြစ်စေဖို့ရန် နဲ့နိုင်ငံရဲ့ စီးပွားရေး လှုပ်ရှားမှုတွေကို မထိခိုက်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရက်တိုးပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

⚠️ အလုပ်သမားတွေ သတိထားရမယ့် အချက်

အချိန်ထပ်ရပြီဆိုပြီး နောက်ဆုံးရက်အထိ မစောင့်ပါနဲ့။

စာရွက်စာတမ်းတွေကို အခုလို အချိန်ရတုန်းမှာ အပြီးအစီး လုပ်ထားတာ အကောင်းဆုံးပါ။

စာရွက်စာတမ်းတွေ ဘယ်ကစလုပ်ရမှန်း မသိဘူးလား? ရက်တိုးပေးလိုက်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ ကိုယ်က ဘယ်အုပ်စုလဲဆိုတာ ဝေခွဲမရဖြစ်နေလား?
LaborWork ကိုသာ အမြန်ဆုံး လှမ်းလာခဲ့လိုက်ပါ။ LABORWORK က ကုမ္ပဏီကြီးဖြစ်တဲ့အတွက် အပြောင်းအလဲရှိသမျှ ဥပဒေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အလုပ်သမားတွေအတွက် အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။

📍 LaborWork ရုံးချုပ် (Head Office)
304/6-8 Prachauthit Road, Tungkru Market (New) အနီး။
☎️ ဆက်သွယ်ရန် - 099-179-8701 (သို့မဟုတ်) Messenger မှာလည်း အခမဲ့ မေးမြန်းနိုင်ပါတယ်။

#ထိုင်းရောက်မြန်မာများ #သက်တမ်းတိုး #သတင်းထူး #မြန်မာလုပ်သား #ဗီဇာသက်တမ်းတိုး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง การปฏิบัติตามกฎหมาย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


304/6-8 Prachauthit Road, Bangmot
Bangkok
10140

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00