Excel Apex Logistic
24/12/2025
ရုံးပိတ်ရက် ကြေငြာခြင်း။
ကျွန်တော်တို့ Excel Apex Logistic ရဲ့ Bkk, Ygn, Mdy ရုံးများနှင့် Page အား
- Christmas Day ဖြစ်တဲ့ 25th Dec နှင့်
- နှစ်ဟောင်းနောက်ဆုံးရက် 31st Dec
၂ရက်တွင် ရုံးလုပ်ငန်းလုပ်ဆောင်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အခြားရက်များတွင် ပုံမှန်အတိုင်း ရုံးဖွင့်ပါမယ် ခင်ဗျာ။
ပျော်ရွှင်စရာ Christmas ကာလဖြစ်ပါစေကြောင်း နှင့် ကျန်းမာပျော်ရွှင်အောင်မြင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Excel Apex Logistic မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။ 🎄🥰
အရင်ဆုံး Land Cargo တင်ထားတဲ့ပစ္စည်းများ အရမ်းကြာနေတဲ့အတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ် ခင်ဗျာ။ ဒီလောက်ထိကြာအောင် လမ်းပိတ်တာမျိုး လွန်ခဲ့တဲ့နှစ်တွေမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အရင်အကြာဆုံးပိတ်ခဲ့ဖူးတာ ၁လကျော်လောက်ပါ။ အခုကတော့ စံချိန်တင်ပါပဲ။
လက်ရှိ ကားလမ်းအခြေအနေ - ပိတ်နေတုန်းပါပဲ။ အဖမ်းအဆီးလဲ အရမ်းကြမ်းသလို ပြန်ပွင့်ဖို့အခြေအနေလဲ မမြင်ရသေးပါဘူး။ အထုပ်အသေးလေးတွေကိုသာ ၁ပတ်ကို အထုပ်ရေ နည်းနည်းစီ တင်လို့ရတဲ့ လမ်းကြောင်းတစ်ခုသာ ရှိပါတယ်။ ကျွန်တော်တို့ ဆက်တိုက်တင်နေတာ ကြာပါပြီ။ ဝင်ပြီးတဲ့ customer များကိုလဲ အကြောင်းကြားထားပြီးပါပြီ။
ဒါပေမယ့် July ၁လစာမှာ ၈သုတ်၊ ၁သုတ်မှာ အထုပ်အရေအတွက် ထောင်ကျော်ရှိပြီး ဝင်တာက ၁ပတ်ကို ၃၀ - ၄၀ လောက်ပဲ ဝင်နိုင်တာကြောင့် ပစ္စည်းလေးတွေ အခုအထိ အစုံမဝင်နိုင်သေးတာ ဖြစ်ပါတယ်။ အဲလောက်နည်းနည်းကိုတောင် အတော်လေး ခက်ခက်ခဲခဲ သယ်နေရပြီး ကုန်ကျစရိတ်လဲ အရမ်းများပါတယ်။ အရင်ထပ် ၃-၄ ဆနီးပါးလောက် ပိုကျပါတယ်။ အဲလိုပိုပေးရလို့ များများသယ်လို့လဲ မရပြန်ပါဘူး။ 🥲
ကျွန်တော်တို့ ပစ္စည်းများကို ၂သုတ်ခွဲပြီး စီစဥ်ထားရှိပါတယ်။
1. July ရှေ့ပိုင်း အသုတ်များ (15 July) အထိ - ပစ္စည်းများအားလုံး လမ်းကြောင်းပေါ်မှာဖြစ်ပြီး အဲဒီပစ္စည်းလေးတွေကတော့ ဘာမှ အပြောင်းအလဲလုပ်လို့မရတော့ပါဘူး ခင်ဗျာ။ ရန်ကုန်ဝင်တာကိုပဲ စောင့်ပေးပါနော်။
2. 15 July နောက်ပိုင်းအသုတ်တွေကတော့ လောလောဆယ်အထိ ဂိုထောင်မှာပဲ keep လုပ်ထားပြီး ရှေ့ပစ္စည်းလေးတွေ ရန်ကုန်ရောက်တာနဲ့ ဆက်တိုက်ထပ်တင်ပေးမှာပါ။
ဒါပေမယ့် အကြောင်းကြောင်းကြောင့် bkk အိမ်ကို return ပြန်ယူချင်တာ/ bkk ပြန်ယူပြီး Air နဲ့ ပြောင်းတင်ချင်တာ/ လူကြုံရှိတာမျိုးရှိရင်တော့ bkk ကို return ပြန်ယူပေးပါတယ်။ ကားနဲ့ဆက်ပို့တာကိုပဲ ဆက်စောင့်လို့လဲ ရပါတယ်။ အချို့ customer လေးတွေက ဖြစ်နိုင်ရင် ပြောင်းလဲယူချင်တာလေးတွေရှိတာမို့ ဒီလို option လေးတွေရှိကြောင်း ပြောပြပေးတာပါ ခင်ဗျာ။
(ပစ္စည်းလေးတွေ ပို့ဆောင်ရာမှာ ကုန်ကျစရိတ်အဆမတန်မြင့်သွားတာကြောင့် ကျွန်တော်တို့ဘက်က တတ်နိုင်သလောက်စိုက်ထုတ်ပေမယ့် အားလုံး cover ဖြစ်ဖို့ မဖြစ်နိုင်တဲ့အတွက် ပစ္စည်းလေးတွေရောက်လာတဲ့အခါ amount တစ်ခုတော့ ထပ်တိုးကောက်ခံခွင့်ပြုပါခင်ဗျာ။ ကျွန်တော်တို့ တတ်နိုင်သလောက် အနည်းဆုံးပမာဏကိုသာ ထပ်တိုးကောက်ခံပါမယ်။ အမြတ်လုံးဝမယူထားပါဘူး။ 🙏)
မမျှော်လင့်တဲ့ အခြေအနေများကြောင့် ဖြစ်ပေါ်လာတဲ့ ကြာမြင့်မှုများအတွက် အဆင်မပြေတဲ့ကြားက နားလည်ခွင့်လွှတ်ပေးကြတဲ့ customer များကို ကျေးဇူးအများကြီး တင်ရှိပါတယ် ခင်ဗျာ။ ကျွန်တော်တို့ဘက်မှလဲ တတ်နိုင်သလောက် အမြန်ဆုံးရောက်နိုင်အောင် အမြဲတမ်းကြိုးစားလျက်ရှိပါတယ်။ 🙏
(ပို့ဆောင်ထားတဲ့ customer များကို cbမှ update အခြေအနေများ ရှင်းပြထားပြီး ဖြစ်ပါတယ်။ post လေးလဲ တင်ပေးပါတောင်းဆိုကြလို့ တင်ပေးတာပါ ခင်ဗျာ။ ထပ်ပြီးသိချင်တာရှိရင်လဲ အချိန်မရွေး လာမေးလို့ရပါတယ် ခင်ဗျာ။ cb ကနေ အမြဲဖြေပေးနေပါတယ်။)
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 🙏
*ပစ္စည်းလေးတွေ ရုံးကို မပို့ခင်/ မမှာယူခင် ပစ္စည်းအမျိုးအစားလေး အရင်ပြောပြပြီး ပို့လို့ရမရမေးပြီးမှ ပို့ဆောင်မှာယူပေးပါ ခင်ဗျာ။*
*ပစ္စည်းပို့လို့ ရမရ အခြေအနေနဲ့ ပို့ခလေးတွေ နေ့စဥ်နှင့်အမျှ ပြောင်းလဲမှုတွေ ရှိနိုင်လို့ ဖြစ်ပါတယ်။*
လောလောဆယ် Air Cargo Lot ပြည့်နေတဲ့အတွက် ပစ္စည်းအသစ်လက်ခံတာကိုတော့ Sept လဆန်းအထိ ခေတ္တရပ်နားထားပါမယ် ခင်ဗျာ။
မှာပြီးသား Self Order အထုပ်လေးတွေအတွက်တော့ kg မများရင် + ပို့မရတဲ့/ ပို့ရခက်တဲ့ပစ္စည်းလေးတွေ မဟုတ်ရင် ကြားထဲတင်ပေးလို့ရအောင် ကြိုးစားစီစဥ်ပေးကြည့်ပါမယ် ခင်ဗျာ။ Order အသစ်တော့ မတင်သေးဖို့ request လုပ်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
13/08/2025
Land Cargo Update
မတင်ပေးတာရက်နည်းနည်းကြာသွားလို့ အခြေအနေ သိချင်ကြမယ့် customer လေးတွေများနေမယ်ထင်လို့ တင်ပေးတာပါ ခင်ဗျာ။ မတင်ပေးဖြစ်တာက update မရှိသေးလို့ပါ။ ကျွန်တော်တို့ နေ့စဥ်နဲ့အမျှနည်းလမ်းရှာဖွေချိတ်ဆက်နေပေမယ့် အခုအထိတော့ သေချာအဆင်ပြေနိုင်မယ့်အခြေအနေ မတွေ့ရသေးလို့ပါ။ 😔
ကျွန်တော်တို့ ပစ္စည်းအသစ် လက်မခံသေးပါဘူး။ ပို့ထားပြီးသားတွေကိုဘဲ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကားသေးနဲ့ခွဲဆင်းဖို့ကလဲ အရင်လို လွယ်လွယ်ကူကူ စီစဥ်လို့ မရတာကြောင့်ပါ။ ပစ္စည်းလေးတွေ Safe ဖြစ်ဖို့နဲ့ အမြန်ဆုံးရောက်နိုင်ဖို့ကို ချိန်ဆပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားစီစဥ်နေပါတယ် ခင်ဗျာ။ သတင်းကောင်းလေး ပြောနိုင်မယ့်အချိန်ကျရင် ဆက်သွယ်ပေးပါမယ်။
ကျွန်တော်တို့လဲ customer များနဲ့ ထပ်တူ နေ့စဥ်နဲ့အမျှ ဘယ်လိုရောက်အောင် ပို့လို့ရမလဲဆိုတာကိုဘဲ စီစဥ်နေတယ်ဆိုတာလေးကို အသိပေးချင်တာပါ ခင်ဗျာ။ update လေးရှိတာနဲ့ ပြောပေးပါမယ်နော်။ အမြန်ဆုံးဖြစ်နိုင်အောင် ကြိုးစားနေပါတယ် ခင်ဗျ။ 🙏
"အမှုန့်လုံးဝ မပို့ပေးတော့ပါ။"
အရင်လဲ ပြောဖူးပေမယ့် အခုတစ်လော အမှုန့်အထုပ်၊ အမှုန့်ဘူးတွေထဲကို မူလအမှုန့်တွေအစား တရားဥပဒေနဲ့မလွတ်ကင်းတဲ့ အမှုန့်ထည့်ပို့တဲ့ case တွေ များတဲ့အတွက်၊ စစ်ဆေးဖို့လဲ အဆင်မပြေတာကြောင့် Thai - MM အမှုန့်များ သယ်ယူပေးခြင်းအား Air/ Land ၂မျိုးလုံးအတွက် ရပ်နားပါမယ်။
ပါလာခဲ့ရင် မိတဲ့အချိန်သယ်ပေးတဲ့ဝန်ထမ်း ထောင်ကျ၊ လျော်ကြေးအလွန်များမယ့်အပြင် အတူပို့တဲ့ပစ္စည်းတွေအားလုံးပါ ပြသနာတက်မှာမို့ပါ။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။ 🙏
ပစ္စည်းများကိုလဲ ဘယ်ပစ္စည်းမဆို ဥပဒေနဲ့ မကင်းလွတ်သော ပစ္စည်းပါမပါ ဖောက်စစ်ပါမယ်။ ဖောက်စစ်လို့ အဆင်ပြေမှသာ ပို့ပေးကြဖို့ request လုပ်ပါတယ် ခင်ဗျာ။
ဒီနေ့ည Page Reply လေး တစ်နာရီစောပြီး ထိုင်းအချိန် ၉နာရီကနေ စနားပါမယ်။
မနက်ဖြန်မနက် ၉နာရီကစပြီး reply လေးတွေ ပြန်ပေးပါမယ် ခင်ဗျာ။ 🙏
Land Cargo Update: ကားလမ်းကြောင်းပေါ်က အခြေအနေတွေက ကိစ္စကြီး ၃-၄ခုနဲ့ ရှုပ်ထွေးနေပြီး ကြာမယ့်ဘက်ကို ဦးတည်လာပါတယ်။ ရက်အနည်းငယ်နဲ့တော့ ပြန်ပွင့်ဖို့မရှိသေးဘဲ လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။ လောလောဆယ်တော့ ဘယ်လိုမှဆင်းမရတဲ့ အနေအထားပါ။ ကျွန်တော်တို့ပစ္စည်းတွေအားလုံး သေချာသိမ်းဆည်းထားပါတယ်။
နောက်တစ်ခုက အရင်လို လမ်းကြောင်း ၂ခု/ ၃ခု မရှိတော့တဲ့အတွက် လမ်းကြောင်းပြောင်းပို့လို့လဲ မရဘဲ အခုလမ်းပြန်ပွင့်တာကိုဘဲ စောင့်ရုံကလွဲပြီး အခြားမရှိပါဘူး။ တတ်နိုင်သလောက် လမ်းကြောင်း/ နည်းလမ်း ရှာဖွေနေပါတယ်။
လောလောဆယ် ၁ပတ်လောက်တော့ အခြေအနေစောင့်ကြည့်ရဦးမှာဖြစ်ပြီး bkk ရုံးကို ပို့ထားတဲ့ ပစ္စည်းများကိုလဲ bkk မှာဘဲ keep လုပ်ထားပါဦးမယ်။ နောက်အပတ်ထဲတော့ ကားပြန်ထွက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
Cargo အားလုံးအတူတူ ကြုံရတဲ့ မလွှဲမရှောင်သာ အခြေအနေမို့ ပစ္စည်းအပ်ကြတဲ့ customer များ အဆင်မပြေတာကို သိပေမယ့် ကျွန်တော်တို့ကိုလဲ နားလည်ပေးပါလို့ မျက်နှာပူပူနဲ့ဘဲ request လုပ်ပါတယ် ခင်ဗျာ။ 🙏
Update ရှိတာနဲ့ post ထပ် တင်ပေးပါမယ်။
28/07/2025
🤧
Land Cargo အခြေအနေ Update 😔
Customers တို့လဲ သတင်းလေးတွေ ကြားမိကြမယ် ထင်ပါတယ်။ တစ်ခုတည်းသောကျန်တဲ့လမ်းမှာ မိုးကြီးလို ရေကျော်ပြီး သွားမရတာအပြင် ပြီးခဲ့တဲ့အပတ်က ပြသနာလေးတွေ တော်တော်ဖြစ်ထားတဲ့အတွက် ပစ္စည်းတွေဘယ်လိုမှ ဆက်ဆင်းလို့မရတဲ့ အခြေအနေရှိပါတယ်။
အဲဒီအခြေအနေလေးတွေကြောင့် ပစ္စည်းလေးတွေက ပုံမှန်ကြာချိန် 2-3 weeks ထက် ၁ပတ် - ၂ပတ်ဝန်းကျင်လောက် ပိုပြီးထပ်ကြာနိုင်ခြေ ရှိပါတယ်။
Land Cargo ကတော့ လမ်းကြောင်းအခြေအနေအပေါ်မူတည်ပြီး အခုလိုကြာချိန်အပြောင်းအလဲအမြဲတမ်းဖြစ်နိုင်တာမို့ အခုလိုလမ်းကြောင်းအခြေအနေမကောင်းချိန်မှာ မြန်မြန်လိုချင်တယ်ဆိုရင်တော့ Air Cargo နဲ့ ပြောင်းလဲပို့ဆောင်ဖို့ အကြံပြုပါတယ်။
အဆင်မပြေတဲ့ကြားက အမြန်ဆုံးသယ်နိုင်အောင်တော့ အမြဲကြိုးစားနေပါတယ်။ အခြေအနေ ပြန်အဆင်ပြေသွားပြီ၊ မြန်သွားပြီဆိုရင် post ထပ်တင်ပေးပါမယ်။ လောလောဆယ်တော့ ကြာချိန် ၁လဝန်းကျင်လောက်လို့ မှတ်ယူထားပေးပါ ခင်ဗျာ။ update လေးရှိတာနဲ့ ထပ်တင်ပေးပါမယ်။
27/07/2025
ကျွန်တော်တို့ရဲ့ Package Label လေး အကြောင်း။
Thai to MM ပို့တဲဲ့အခါ ကျွန်တော်တို့ ပစ္စည်းတင်ပြီးပြီဆိုတာနဲ့ Label နဲ့ Voucher လေး ပို့ပေးပါတယ်။
Label ပို့တဲ့အခါ label မှာ ပါတဲ့ info လေးတွေကို တစ်ချက်စစ်ပေးပြီး မှားနေရင် ပြန်ပြောပေးပါနော်။ ပြန်ပြင်ပေးပါမယ် ခင်ဗျ။
ပစ္စည်းလေးတွေ Ygn/ Mdy ရုံးရောက်တဲ့အခါ Label မှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး label ပါ လိပ်စာအတိုင်း ရုံးထုတ်/ ပို့ပေးပါတယ်။
တကယ်လို့ အကြောင်းကြောင်းကြောင့် ရုံးမှာလာထုတ်ချင်တာဘဲ ဖြစ်ဖြစ်၊ လိပ်စာပြောင်းချင်တာမျိုးဖြစ်ဖြစ် ရှိခဲ့ရင် ဖုန်းဆက်အကြောင်းကြားတဲ့အချိန်မှာ တစ်ခါတည်းပြောပေးလို့ ရပါတယ်။
တတ်နိုင်သလောက်တော့ ပစ္စည်းအပ်တဲ့အချိန်မှာ ကိုယ်ပို့ချင်တဲ့ info လေးတွေကို တစ်ခါတည်းပြောပေးဖို့နဲ့ မဖြစ်မနေပြောင်းလဲဖို့ လိုအပ်လာရင် သက်ဆိုင်ရာပစ္စည်း Received လုပ်တဲ့ရုံးတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးဖို့ request လုပ်ပါတယ်။
ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးဖို့ အဆင်မပြေတာလေးတွေကတော့
- ပေးထားတဲ့ ဖုန်းနံပါတ်ကို မဆက်သွယ်တော့ဖို့ ပြောတာ၊ အဲလိုမျိုးတော့ မရပါဘူး။ ပေးထားတဲ့ဖုန်းနံပါတ်ကိုတော့ အရင်ဆက်သွယ်ပါလိမ့်မယ်။
- page ကနေ info change တာ။
page ကနေ ပြန်ပြောတဲ့အခါ ၂ဆင့်ဖြစ်နေတာမို့ changes လေးတွေ လွတ်နိုင်တဲ့အတွက် Ygn/ Mdy ရုံးကို တိုက်ရိုက်ဆက်သွယ်ပေးတာ ပိုအဆင်ပြေပါတယ်။
- ပစ္စည်းအမျိုးအစား မရေးခိုင်းတာ။
Air Cargo မှာတော့ ပစ္စည်းအမျိုးအစား တိတိကျကျ ရေးပေးရပါတယ်။ အထည်၊ အိတ်၊ ဖိနပ်၊ ဖုန်း cover စသဖြင့်။ label မှာ ရေးထားတာနဲ့ အထဲမှာပါတာ မတူရင် hold အလုပ်ခံရပြီး ပိုကြာတာ၊ ဒဏ်ကြေးတောင်းတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ပစ္စည်းအမျိုးအစားလေးတွေကို သေချာလေးပြောပေးဖို့ လိုအပ်သလို မရေးပေးလို့လဲ မရပါဘူး။
ဒါလေးတွေကတော့ Label နဲ့ ပတ်သတ်တဲ့ အချို့အချက်လေးတွေပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
မနက်ဖြန် ထိုင်းဘုရင်မွေးနေ့ အစိုးရရုံးပိတ်ရက်လေး ဖြစ်တာကြောင့် Air Cargo ရုံးပိတ်တဲ့အတွက် မနက်ဖြန် Monday Cut Off Date အစား Tuesday Cut Off အဖြစ် ပြောင်းလဲလက်ခံပေးပါမယ် ခင်ဗျာ။
ပုံမှန် Monday တင်ပေးနေကျအသုတ် ပုံမှန်ထက် တစ်ရက်နောက်ကျပြီးမှ တင်ဖြစ်ပါမယ်။
Excel Apex Bkk ရုံး ဖွင့်ပါတယ်။
ကျေးဇူးပါ ခင်ဗျာ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10250
เวลาทำการ
| จันทร์ | 09:00 - 18:00 |
| อังคาร | 09:00 - 18:00 |
| พุธ | 09:00 - 18:00 |
| พฤหัสบดี | 09:00 - 18:00 |
| ศุกร์ | 09:00 - 18:00 |
| เสาร์ | 09:00 - 18:00 |