Su Mon

Su Mon

แชร์

15/04/2026

ကဲ.. ဒီနေ့ ဆုမွန်နဲ့ ငြိမ်းချမ်းကိုကိုတို့ တာဝန်ယူတင်ဆက်ခဲ့တဲ့ The Original Summer Fest ရဲ့ အကြတ်နေ့အစီအစဉ်တွေကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ.. 🤗

မနက်ဖြန် နောက်ဆုံးအတက်နေ့မှာ အပီဖြုတ်ဖို့ရယ်ဒီပဲမလား… ??? 🧐

ဒါဆိုစောစောအိပ်ကြတော့နော့..Good Night ပါရှင့် 💫🤗🎇

Photos from Su Mon's post 07/04/2026

Happy Belated Birthday to Myself 💫🎂

အသက် ၁ နှစ်ကြီးသွားပြီ
ဒါပေမဲ့ အလုပ်တွေပိုလုပ်ဖြစိပြီး ပိုလှလာတာတော့ ငြင်းမရဘူး 😝

Hair & Makeup - Phyo Thit
Dress - Thwe
Photo- Moment at AY

17/03/2026

မရတော့ဘူး ဖာဖာ့ Trend Join မိပြီ 🤣

#သကြင်္န်သီချင်း #ဆုမွန်

24/02/2026

ဆုမွန်က ပင်လယ်ပြင်နဲ့ အနီးဆုံးဒေသမှာမွေးတဲ့သူမို့ ပင်လယ်ကြီးကို အရမ်းချစ်ပါတယ် 🌊

သဘာဝ ပါတ်ဝန်းကျင်ထိန်းသိမ်းခြင်းဟာလဲ လူသားတွေရဲ့ ကျန်းမာသက်ရှည်ခြင်းကိုစောင့်ရှောက်ခြင်းဖြစ်ကြောင်းလဲ ထပ်ရှင်းပြပါဦးမယ်

အထူးသဖြင့် ဒီကမ္ဘာမြေကြီးပေါ် အန္တရာယ်များလှတဲ့ မဆွေးမြေ့နိုင်တဲ့ ပလပ်စတစ်တွေ လျှော့ချဖို့ ခြေလှမ်းသေးသေးလေးတွေနဲ့ ကျွန်မတို့ စတင်ခဲ့ကြပါတယ်

ခြေလှမ်းသေးပေမဲ့ လူပေါင်းများစွာ ပေါင်းစပ်လိုက်တဲ့ အခါ ကျွန်မတို့ ခြေလှမ်းတွေဟာ ပိုပြီး မြန်မြန် လှမ်းနိုင်ကြပါတယ်

ရေအောက်သတ္တဝါတွေ မလိုအပ်ပဲ ဆုံးရှုံးမှု
သန္တာကျောက်တန်း ပျက်စီး မှုတွေကိုတစ်ဖက်တစ်လမ်းက ကျွန်မတို့စောင့်ရှောက်ကြပါတယ်

ဒီ Post လေး ဖတ်မိသူတစ်ယောက်အနေနဲ့ ၂ ခုလောက်ပဲ Request လုပ်ပါရစေ

၁- ပလပ်စတစ်တွေလျှော့သုံးဖို့
၂- အမှိုက်တွေကြုံရာ မပစ်ဖို့ပါပဲ

ဒီလိုသာဆို 2027 မှာ ကျွန်မတို့ လမ်းပေါ်က ကောက်သိမ်းရတဲ့ အမှိုက်တွေက ဒီ့ထက် အများကြီး နည်းသွားမှာပါ

လက်တွေ့ မြင်နိုင်တာက သန့်ရှင်းနေတဲ့ ပါတ်ဝန်းကျင်လေးသက်သက်ဆိုပေမဲ့

အနာဂါတ်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေကာကွယ်နိုင်ဖို့ တကယ်ခိုင်မာတဲ့ အုတ်မြစ်ဖြစ်လာမှာပါ

ဒါ့ကြောင့် လူကြီးမင်းတို့အားနဲ့ (အထူးသဖြင့် ပလပ်စတစ်သုံးစွဲမှု လျှော့ချပေးရုံနဲ့)
ကျွန်မတို့အားလုံး အတူတူ သာယာလှပတဲ့ အနာဂါတ်ဘဝလေးကို ပိုင်ဆိုင်နိုင်ကြမှာပါ ..

ဒီအခွင့်အရေးကို စတင်နိုင်ဖို့ ဖိတ်ကြားပေးတဲ့
Myanmar Underwater Federation နှင့်
Myanmar Dive Center-PADI-S25655 တို့ကိုလည်း တကယ်လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်လျှက်

ချစ်တဲ့
ဆုမွန်
TV Host

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Nichi ID Condo, Sukhumvit 113
Bangkok
10270