HS Cargo
25/12/2025
“𝐖𝐫𝐚𝐩𝐩𝐞𝐝 𝐈𝐧 𝐋𝐨𝐯𝐞 𝐚𝐧𝐝 𝐭𝐢𝐞𝐝 𝐰𝐢𝐭𝐡 𝐣𝐨𝐲 , 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 🤍❄️
ဒီဇင်ဘာရဲ့အေးမြတဲ့လေညှင်းလေးနဲ့အတူ ဒီကနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့လေးမှာ…
ချစ်ရတဲ့ ကာစတန်မာများအားလုံး တစ်နှစ်တာပင်ပန်းခဲ့ရသမျှတွေကို ခဏဘေးဖယ်ထားပြီး.. 🍃
မိသားစု ၊ သူငယ်ချင်း ၊ ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို အတူဖန်တီးပြီး နွေးထွေးချစ်ခင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏🏻💜
#𝐇𝐒𝐜𝐚𝐫𝐠𝐨
#𝐪𝐮𝐢𝐜𝐤𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 #𝐜𝐚𝐫𝐠𝐨
#𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨
#𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫𝐟𝐢𝐫𝐬𝐭𝐜𝐚𝐫𝐠𝐨
23/12/2025
📣𝐇𝐒 𝐂𝐚𝐫𝐠𝐨 ၏နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်း📣
မင်္ဂလာပါခင်ဗျာ🙏🏻
ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 ကို ၂၀၂၅ တစ်နှစ်တာလုံး ယုံကြည်စိတ်ချစွာ အသုံးပြုအားပေးခဲ့ကြသော 𝐇𝐒 𝐂𝐚𝐫𝐠𝐨 ရဲ့ မိတ်ဟောင်း၊မိတ်သစ် ကာကာများခင်ဗျာ…
မကြာခင်အချိန်အတွင်းမှာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မှာဖြစ်တဲ့အတွက်
ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 ၏နှစ်သစ်ကူးရုံးပိတ်ရက်များကို ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များသိရှိစေရန် ကြေညာပေးလိုက်ရပါတယ်ခင်ဗျာ🥰
▫️𝐇𝐒 𝐂𝐚𝐫𝐠𝐨 ၏ မြန်မာဘက်ခြမ်းမှ ရန်ကုန်ရုံးချုပ်နှင့် ထိုင်းဘက်ခြမ်းမှ ဘန်ကောက်ရုံး ( 𝐌𝐚𝐢𝐧 𝐎𝐟𝐟𝐢𝐜𝐞 ) ၊ 𝐁𝐫𝐚𝐧𝐜𝐡 𝟐 𝐨𝐟𝐟𝐢𝐜𝐞 များကို -
✅𝟑𝟏.𝟏𝟐.𝟐𝟎𝟐𝟓 မှ 𝟐.𝟏.𝟐𝟎𝟐𝟔 ထိ သုံးရက်တိတိ ပိတ်ထားမည်ဖြစ်ပြီး
ရုံးပိတ်ရက်အချိန်အတွင်းတွင် 𝐏𝐚𝐠𝐞 𝐑𝐞𝐩𝐥𝐲 များ ၊ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 အဝင်ဖြေဆိုခြင်းများ ၊ မြန်မာဘက်ခြမ်းရုံးများ ပစ္စည်းပို့ဆောင်ခြင်းများ ၊ ထိုင်းဘက်ခြမ်းရုံးများ ပစ္စည်းလက်ခံခြင်းများအားလုံးကိုလည်း ရပ်နားထားမည်ဖြစ်ပါတယ်ခင်ဗျာ🙏🏻💜
✅𝟑.𝟏.𝟐𝟎𝟐𝟔 ရက်နေ့မှသာ ရုံးများပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း ချစ်ရတဲ့ကာကာတို့ကို အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။
၂၀၂၅ တစ်နှစ်တာလုံး 𝐇𝐒 𝐂𝐚𝐫𝐠𝐨 နှင့်အတူ ယုံကြည်စိတ်ချစွာ ပစ္စည်းပို့ဆောင်ခဲ့ကြသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးလည်း …
နှစ်ဟောင်းမှာ အဆိုး၊အညံ့တွေ ပြေပျောက်ပြီး နှစ်သစ်ကို စိတ်သစ်၊လူသစ်နဲ့ အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ🙏🏻💜
#𝐇𝐒𝐂𝐚𝐫𝐠𝐨
#𝐪𝐮𝐢𝐜𝐤𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 #𝐜𝐚𝐫𝐠𝐨
#𝐧𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨
#𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫𝐟𝐢𝐫𝐬𝐭𝐜𝐚𝐫𝐠𝐨
06/10/2025
ဗုဒ္ဓဘာသာဝင်တိုင်းအတွက် တန်ဖိုးရှိတဲ့သီတင်းကျွတ်လပြည့်နေ့ ✨🌕
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် ၊ ခရစ်နှစ် ၂၀၂၅ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှာ ကျရောက်သောသီတင်းကျွတ်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင်၏ဂုဏ်တော်ကို အောက်မေ့ပူဇော်သော မီးထွန်းပွဲတော်၊ အဘိဓမ္မာတရားတော် ပေါ်ထွန်းရာ အဘိဓမ္မာအခါတော်နေ့နှင့် သက်ကြီးဝါကြီးသူတွေကို ဂါရဝပြုတဲ့ ရိုးရာဓလေ့ စတဲ့အနှစ်သာရတွေနဲ့ ပြည့်နှက်နေပြီး ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်းအတွက် တန်ဖိုးရှိတဲ့နေ့တစ်နေ့လည်း ဖြစ်ပါတယ်ခင်ဗျာ 🪔🤍
ဒီလို ဗုဒ္ဓဘာသာဝင်တိုင်းအတွက် တန်ဖိုးရှိတဲ့နေ့ထူးနေ့မြတ်သီတင်းကျွတ်လပြည့်နေ့လေးမှာ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 ရဲ့ ချစ်ရတဲ့မိတ်ဟောင်း၊မိတ်သစ်ကာစတန်မာများ အားလုံးလည်း မွန်မြတ်တဲ့ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကို ပြုလုပ်နိုင်ပြီး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် စီးပွားလာဘ်လာဘတွေလည်း ဒီရေအလားတိုးတက်နိုင်ကြပါစေကြောင်း ကျွန်တော်တို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ🥰💜
#𝐇𝐒𝐂𝐚𝐫𝐠𝐨
#𝐍𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨
#𝐪𝐮𝐢𝐜𝐤𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 #𝐜𝐚𝐫𝐠𝐨
#𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭𝐟𝐮𝐥𝐥𝐦𝐨𝐨𝐧𝐝𝐚𝐲
26/09/2025
သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း📣
မင်္ဂလာပါခင်ဗျာ🙏🏻
𝐇𝐒 𝐂𝐚𝐫𝐠𝐨 ၏ မြန်မာဘက်ခြမ်းရုံးများကို 𝟔.𝟏𝟎.𝟐𝟎𝟐𝟓 သီတင်းကျွတ်လပြည့်နေ့တစ်ရက် ပိတ်မည်ဖြစ်ပြီး ထိုင်းဘက်ခြမ်း ရုံးများကိုတော့ 𝟓.𝟏𝟎.𝟐𝟎𝟐𝟓 မှ 𝟔.𝟏𝟎.𝟐𝟎𝟐𝟓 ရက်နေ့အထိ နှစ်ရက်ပိတ်မည်ဖြစ်ပါတယ်ခင်ဗျာ။
ဒါ့ကြောင့် ရုံးပိတ်ရက်အချိန်အတွင်းတွင် 𝐏𝐚𝐠𝐞 𝐑𝐞𝐩𝐥𝐲 များ ၊ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 ဖြေဆိုခြင်းများ ၊ ထိုင်းဘက်ခြမ်းရုံးများ ပစ္စည်းအဝင်လက်ခံခြင်းများ ၊ မြန်မာဘက်ခြမ်းရုံးများ ပစ္စည်းပို့ဆောင်ခြင်းများ အားလုံးကို ရပ်နားထားမည်ဖြစ်ပါတယ်ခင်ဗျာ။
𝟕.𝟏𝟎.𝟐𝟎𝟐𝟓 ရက်နေ့မှသာ ပုံမှန်အတိုင်း ရုံးများပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များကို အသိပေးလိုက်ရပါတယ်ခင်ဗျာ🥰
𝐇𝐒 ရဲ့ ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံးလည်း သီတင်းကျွတ်ရက်မြတ်အချိန်ကာလမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စရာ ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐇𝐒 𝐂𝐚𝐫𝐠𝐨 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ🥰💜
#𝐇𝐒𝐂𝐚𝐫𝐠𝐨
#𝐍𝐮𝐦𝐛𝐞𝐫𝐨𝐧𝐞𝐜𝐚𝐫𝐠𝐨
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
482 พัฒนาการ Krungthep Kreetha 11 Khwaeng Suan Luang, Khet Suan Luang, Krung Thep Maha Nakhon
Bangkok
10250