Han Gyi Knowledge Hub
မြန်မာနိုင်ငံရဲ့ လုပ်ငန်းအများစုက
👉 ဖောက်သည်ကို နားမလည်ကြပါဘူး
👉 အရောင်းနဲ့ မာကတ်တင်း နည်းလမ်းမှားနေပါတယ်
👉 Social Media တွေကို နားမလည်ပါဘူး
စျေးကွက်မှာ ရှင်သန်နိုင်ဖို့ အဖြေရှာချင်ရင်တော့
အခမဲ့ မိနစ် 20 ☎️ ဆွေးနွေးဖို့
📩မက်ဆေ့ကနေဆက်သွယ် စာရင်းပေးပါ။
23/05/2026
ကျတော်က မြုပ်တော့မယ့်သင်္ဘောဖြစ်နေပါပြီ...
ကျတော့်ဘဝမှာ
ဘယ်တော့မှ ပြန်မပြောချင်လောက်တဲ့
ဘယ်သူ့ကိုမှလည်း ပြန်မပြောချင်လောက်တဲ့
လဲပြိုမှု အကြီးကြီးတစ်ခုနဲ့ ကြုံခဲ့ရတဲ့အချိန်ပေါ့...
နေရာက
ဗိုလ်တစ်ထောင်ကမ်းနားမှာပေါ့
ဇင်ယော်တွေလည်းမရှိပါဘူး
အခုအခြေအနေလို အမှိုက်တွေနဲ့
ဈေးဆိုင်တန်းတွေလည်းမရှိပါဘူး...
ညနေလည်းစောင်းနေပြီ
မှတ်မှတ်ရရပါပဲ သူ့ဆီကအဖြေရခဲ့တဲ့နေရာ
ညာဘက်က စရေတွက်ရင်
၃ ခုမြောက်ကျောက်ခုံလေးမှာ
အတူထိုင်ရင်းနဲ့ ကျတော့်လက်တွေ မရှိတော့ဘူးလို့
ထင်ရလောက်အောင် အေးခဲလာတယ္...
တစ်နေ့ခင်းလုံးထိန်းထားခဲ့တဲ့ ကျတော်
မျက်ရည်တွေ အလိုလိုကျလာတယ်...
ချစ်ရတဲ့သူကို ဒီလောက်ဆိုးဝါးပြီး
ပျက်ကွက်မှုတွေများနေတဲ့ဘဝထဲ
ခေါ်မသွင်းချင်တော့ဘူး...
ကျတော်ကနစ်နေတဲ့ သင်္ဘောဖြစ်နေပါပြီ...
''သဲ... ကိုယ့်ကို ထားခဲ့လိုက်တော့နော်'' လို့
ကျတော် နာကျင်စွာနဲ့ ပြောခဲ့တယ်...
ကျတော်တို့ အရမ်းချစ်ကြပါတယ်...
သူ့ကို လေးစားသမှုနဲ့ပြောတာပါ
ကျတော်နေခဲ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ...
သူက ကျတော့်မျက်ရည်တွေ သုတ်ပေးရင်းနဲ့ပြောတယ်
''ဘာတွေပဲဖြစ်ဖြစ် အတူတူရင်ဆိုင်ကြမယ်လေ'' တဲ့...
ကျတော် အတည်ပြောနေတာကိုသူသိတယ်...
သူ အတည်ပြောနေတာကိုလည်း ကျတော်သိတယ်...
ကျတော်ဆုံးဖြတ်ခဲ့တယ်
ချစ်ရတဲ့သူက ကျတော့်လိုကောင်ကို
အားကိုးရဲတဲ့သတ္တိ
ယုံကြည်ရဲတဲ့ သတ္တိ ရှိနေမှတော့
ကျတော် ဘာလို့ ဦးမဆောင်ရဲရတာလဲ
ဘာလို့ ရင်မဆိုင်နိုင် ဖြစ်နေရမှာလဲ...
သားအကြီးဆုံးဖြစ်တဲ့ကျတော်
မိသားစုအပေါ်လည်း တာဝန်ကျေမယ်...
ချစ်ရတဲ့သူ့အပေါ်ကိုလည်း တာဝန်ကျေရမယ်...
ငါပိုကြိုးစားရမယ်ဆိုတဲ့ ခွန်အားတွေနဲ့
သူ့လက်ကိုကျတော်ဆွဲပြီး ရှေ့ဆက်လာခဲ့တာ
နောက်ထပ် လက်ပိစိလေး နှစ်စုံတိုးလာတဲ့အထိပါပဲ...
အဆိုးတွေအများကြီး အတူတူရင်ဆိုင်ဖူးတယ္
အကောင်းတွေအများကြီးလည်း အတူရင်ဆိုင်ဖူးတယ်
ချမ်းသာတဲ့အချိန် မချမ်းသာတဲ့အချိန်
ကျန်းမာတဲ့အချိန် အခုလို မကျန်းမာတဲ့အချိန်
အမြဲတမ်း ကျတော့အပေါ်ယုံကြည်မှုအပြည့်နဲ့
နားလည်ပေးမှုတွေနဲ့ အတူရှိနေပေးလို့
ခွန်အားတွေအများကြီး ရှိနေပါတယ်...
ဆူးတောထဲမှာ တွဲရဲခဲ့တဲ့လက်တွေကို
ကတ္တီပါလမ်းအထိရောက်အောင် ဆွဲခေါ်ခဲ့ပါမိတ်ဆွေ
မိသားစုများအားလုံး အေးချမ်းကြပါစေ...
#ဟန်ကြီး #အိမ်ထောင်ဦးစီး
မှတ်ချက် - ပုံမှာပါတဲ့ ကိုယ့်ဘေးကငတိတွေက ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေမို့ မျက်နှာမကွယ်တော့ဘူး ချစ်စနိုးနဲ့ အမှတ်တရတင်လိုက်ပြီ ယောက်ဖတို့ရေ... အားလုံးကိုသတိရနေပါတယ်ကွာ... မရှောသေးရင်လာမန့်ကြဉီး😁 ..
22/05/2026
ဒီနေ့ကျတော် AI နဲ့ Psychology ပိုင်းဆိုင်ရာ
အမေးအဖြေတွေလုပ်ဖြစ်တယ်…
ကျတော် AI ကိုမေးတာက…
ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာကို ရက်ပိုင်းအတွင်း သေဆုံးစေနေတဲ့ အလွန်ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါဆိုးကြီးတစ်ခု ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။ မင်းကတော့ အဲ့ဒီရောဂါကို အမြစ်ပြတ်ကုသနိုင်မယ့် "ဗိုင်းရပ်စ်သတ်ဆေး" ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော ထိပ်တန်းသိပ္ပံပညာရှင်ကြီး ဖြစ်တယ်...
ဒါပေမဲ့ ဆေးကို လက်တွေ့ထုတ်လုပ်ဖို့ လုပ်တဲ့အခါ အကြီးမားဆုံး ကံကြမ္မာအလှည့်အပြောင်းတစ်ခု ရှိလာတယ်...
တစ်ခုတည်းသော နည်းလမ်းက ဒီဆေးကို အောင်မြင်အောင် ဖော်စပ်ဖို့အတွက် နောက်ဆုံးအဆင့်မှာ ထူးခြားတဲ့ သွေးမော်လီကျူးပါဝင်တဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ် (Cells) တွေကို ထုတ်ယူဖို့ လိုအပ်ပါတယ်။ အဲ့ဒီဆဲလ်တွေကို ထုတ်ယူလိုက်တာနဲ့ အဲ့ဒီလူဟာ ချက်ချင်း သေဆုံးသွားမှာ ဖြစ်ပါတယ်။
ရက်စက်တဲ့ ကံကြမ္မာကတော့ ကမ္ဘာပေါ်မှာ အဲ့ဒီလို ထူးခြားတဲ့ သွေးပိုင်ရှင်ဆိုလို့ လိုက်လံရှာဖွေကြည့်လိုက်တဲ့အခါ မင်းရဲ့ အသက် ၇ နှစ်အရွယ် "တစ်ဦးတည်းသော သားသမီးလေး" ပဲ ရှိပါတော့တယ်။ တခြားဘယ်သူ့ဆီကမှ အစားထိုးလို့ မရပါဘူး။
ဗိုင်းရပ်စ်ပိုးက အချိန်နဲ့အမျှ ပုံစံပြောင်း နေတဲ့အတွက် မင်းမှာ အချိန် ၂၄ နာရီပဲ ရှိပါတယ်။ ၂၄ နာရီအတွင်း သင့်ကလေးဆီက ဆဲလ်ကို ထုတ်ပြီး ဆေးမဖော်စပ်နိုင်ရင် ဗိုင်းရပ်စ်က ပုံစံပြောင်းသွားမယ်… ကလေးကိုစတေးပြီးဆေးဖော်ရင်တောင် ဆေးက လုံးဝအသုံးမဝင်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ ကမ္ဘာပေါ်က လူဦးရေ တစ်ဝက်ကျော် (လူသန်းပေါင်းများစွာ) သေဆုံးသွားပါလိမ့်မယ်။
မင်းမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိပါတယ်
(၁) -- လူသားမျိုးနွယ်ကို ကယ်တင်မယ်
ကိုယ့်လက်နဲ့ ကိုယ့်ကလေးကို စင်မြင့်ပေါ်တင်ပြီး စတေးလိုက်မယ်။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ပြီး မင်းက ကမ္ဘာ့သူရဲကောင်း ဖြစ်သွားမယ်။ ဒါပေမဲ့ ကိုယ့်ကလေးကို ကာကွယ်ရမယ့်အစား ကိုယ့်လက်နဲ့ကိုယ် အဆုံးစီရင်လိုက်တဲ့ "ရက်စက်တဲ့မိဘ" အဖြစ် စိတ်ဒဏ်ရာနဲ့ တစ်သက်လုံးခံစားနေရမယ်။
(၂) -- မိဘမေတ္တာကို ရွေးချယ်မယ်
ဆေးဖော်စပ်မယ့် ပရောဂျက်ကို ဖျက်ဆီးပစ်ပြီး ကိုယ့်ကလေးကိုပဲ ပွေ့ဖက်ထားမယ်။ မင်းကလေး အသက်ရှင်လိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ဒီရွေးချယ်မှုကြောင့် အပြင်လောကမှာ တခြားမိဘပေါင်းများစွာရဲ့ ကလေးတွေအပါအဝင် လူသန်းပေါင်းများစွာ သေဆုံးသွားပါလိမ့်မယ်။ မင်းက သိသိကြီးနဲ့ ကမ္ဘာကြီးကို သေတွင်းထဲ ပစ်ချလိုက်တဲ့ "တရားခံ" ဖြစ်သွားပါလိမ့်မယ်။
မင်းဘာကိုရွေးမလဲ....
AI ကောင်က ဘာကိုရွေးတယ်ထင်လဲ...
သူကမိဘတွေရဲ့ခံစားချက်ကိုမခံစားဖူးတော့
ကမ္ဘာကြီးကိုကယ်တင်ဖို့ရွေးလိုက်တယ်...
ကျတော်ကတော့ ကိုယ့်ရင်သွေးလေးကိုပဲရွေးလိုက်တယ်....
တစ်ကယ့်ပေးချင်တဲ့မက်ဆေ့က ဒီမှာပါ...
AI က အရမ်းကြမ်းလာတယ်
နောက်ထပ်လည်းကြမ်းဉီးမှာပါပဲ...
ဒါပေမယ့် လူသားစစ်စစ်ရဲ့မေတ္တာတရားကိုတော့
ဘယ်လိုမှနားလည်လာမှာမဟုတ်ပါဘူး...
ဒီအခြေအနေမှာ
လူတိုင်းက ကမ္ဘာကြီးကိုပဲရွေးတာမှန်တယ်ဆိုပြီး ဆုံးဖြတ်ကြကြေးဆိုရင်...
ကမ္ဘာကြီးကိုတောင်စွန့်ပြီး
ကိုယ့်ရင်သွေးကိုထွေးပွေ့ထားမယ့်
မိဘမေတ္တာလိုမျိုး ချစ်ခြင်းတွေမရှိတော့တဲ့
အခွံကမ္ဘာကြီးအဖြစ်နဲ့
အဓိပ္ပယ် ဘယ်မှာရှိတော့မလဲဗျာ...
တွက်ချက်မှုတွေ၊ Logic တွေနဲ့ပဲ
အလုပ်လုပ်တဲ့ AI အတွက်တော့
တစ်ယောက်ကို စတေးပြီး
သန်းပေါင်းများစွာကို ကယ်တင်ခြင်းက
အမြတ်ဆုံးသီအိုရီ ဖြစ်နေလိမ့်မယ်။
တကယ်တော့
ကမ္ဘာကြီး သာယာလှပနေတာဟာ
စက်ရုပ်တွေလို
တိကျတဲ့ တွက်ချက်မှုတွေကြောင့် မဟုတ်ဘဲ
အကျိုးအမြတ်ကို မငဲ့ကွက်ဘဲ
တစ်ခါတစ်ရံမှာ
အဓိပ္ပာယ်မဲ့လောက်အောင်ကို နက်ရှိုင်းနေတတ်တဲ့
ချစ်ခြင်းမေတ္တာတွေကြောင့်ပဲ မဟုတ်လား။
#ဟန်ကြီး #ဗဟုသုတ #ရသစာပေ #မေတ္တာ
13/05/2026
၂၆ရက် အကြာမှာတော့
ကိုယ့်ရဲ့ ' ပထမဆုံး ထမင်းတစ်နပ် ' ပြန်စားနိုင်ပါပြီ
ကိုယ့်ဇနီးချောလေးရဲ့
စေတနာတွေအပြည့်ပါတာမို့
အားတွေအများကြီးရှိ ☺
ကျန်းမာရေးဂရုစိုက်ကြပါ မိတ်ဆွေများ
#ဟန်ကြီး #ကျန်းမာရေး
13/05/2026
စချင်နောက်ချင်တဲ့စိတ်က ထိန်းမရပါဘူးဆို
ဘာတွေလာမေးကြမှန်း မသိဘူး 🙃
အခု ရင်ဆိုင်ရတာ ခက်လှပြီထင်နေတာလား မိတ်ဆွေ...
#ဟန်ကြီး #ဗဟုသုတ
Batch 11 စပြီ 💪💪💪
#မာကတ်တင်းသင်တန်း #စီးပွားရေးသင်တန်း
ကိုယ်ပိုင်လုပ်ငန်း စမယ်ဆိုရင်
ဘာတွေလေ့လာရမလဲ...
#ဟန်ကြီး #စီးပွားရေးအကြံပေး
စီးပွားရေးတကယ်လုပ်ချင်တဲ့သူတွေပဲ ပျော်မယ့်အတန်း 😊
#ဟန်ကြီး #စီးပွားရေးလူငယ်များသို့
လုပ်ငန်းအောင်မြင်နေတဲ့သူတွေပဲ
သိတဲ့အရသာ
#ဟန်ကြီး #စီးပွားရေးအကြံပေး
ဘယ်လိုအခြေအနေမှာ
Page နှစ်ခုခွဲသင့်လဲ
#ဟန်ကြီး #ဗဟုသုတ
ကိုဟန်ကြီး ပြန်လာပြီ 💪💪💪
#ဟန်ကြီး #ကျန်းမာရေး #ဗဟုသုတ
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok
10100