UFF-Labour
14/06/2026
၂။ TM30 မရှိရင် ဘယ်လိုအပြစ်ရှိသလဲ (ဘာတွေအခက်အခဲဖြစ်မလဲ)။
အကယ်၍ မိမိ နေထိုင်တဲ့နေရာမှာ TM30 တိုင်ထားခြင်းမရှိရင် အောက်ပါ ဥပဒေကြောင်းအရ အပြစ်ပေးမှုတွေနဲ့ လက်တွေ့အခက်အခဲတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
ဥပဒေအရ ဒဏ်ငွေရိုက်ခြင်း
အိမ်ရှင် သို့မဟုတ် အလုပ်ရှင်က နိုင်ငံခြားသား နေထိုင်ကြောင်း သတင်းမပို့ထားရင် တစ်ဦးကို ဒဏ်ငွေ ဘတ် ၁,၀၀၀ မှ ဘတ် ၂,၀၀၀ အထိ (တစ်ခါတစ်ရံ ဥပဒေအရ ဘတ် ၁၀,၀၀၀ အထိ) ရိုက်ခံရနိုင်ပါတယ်။
လက်တွေ့မှာ အိမ်ရှင်က သတင်းမပို့ပေးလို့ ဖမ်းမိတဲ့အခါ အိမ်ငှားဖြစ်တဲ့ မြန်မာလုပ်သားကပဲ ဒဏ်ငွေ စိုက်ပေးလိုက်ရတာမျိုး ခဏခဏ ကြုံရတတ်ပါတယ်။
CI အလုပ်သမားများ ကြုံရမယ့် အကြီးမားဆုံး အခက်အခဲများ
ဒဏ်ငွေထက် ပိုဆိုးတာက ထိုင်းနိုင်ငံထဲမှာ ဆက်လက်နေထိုင်ဖို့ ကိစ္စတွေ လုပ်တဲ့အခါ အကုန်ပိတ်မိကုန်တာပါပဲ။ TM30 မရှိရင် အောက်ပါအချက်တွေကို လုပ်လို့မရပါဘူး-
ဗီဇာသက်တမ်းတိုးခြင်း (Visa Extension): CI သက်တမ်းတိုးတာပဲဖြစ်ဖြစ်၊ ဗီဇာသက်တမ်းတိုးဖို့ လဝက ရုံးကို သွားတဲ့အခါ TM30 စာရွက် (သို့မဟုတ်) စနစ်ထဲမှာ စာရင်းသွင်းထားတဲ့ အထောက်အထား မပါရင် ဗီဇာ လုံးဝ တိုးမပေးပါဘူး။
၉၀ ရက် အစီရင်ခံစာ (90-Day Report): ထိုင်းမှာ ၉၀ ရက်ပြည့်လို့ လဝက ကို သတင်းပို့တဲ့အခါ TM30 မရှိရင် အစီရင်ခံစာ တင်လို့မရပါဘူး။
နေရပ်လိပ်စာ အထောက်အထား လိုအပ်ခြင်း: ဘဏ်အကောင့်ဖွင့်တာ၊ ဆိုင်ကယ်/ကား ဝယ်တာ၊ လိုင်စင်လုပ်တာတွေမှာ လဝက ရဲ့ နေရပ်လိပ်စာထောက်ခံစာ လိုအပ်ရင် TM30 မရှိဘဲ ထုတ်ပေးမှာ မဟုတ်ပါဘူး။
အလုပ်သမားတွေအနေနဲ့ TM30မရှိပါက ဘယ်လိုမျိုးပြုလုပ်ဆောင်ရွက်ရမလဲဆိုတာကို နောက်နေ့မှာတင်ပြပေးပါ့မယ်။
#အလုပ်သမားအခွင့်အရေး #အလုပ်သမားဗဟုသုတ #ထိုင်းနိုင်ငံအလုပ်သမား #မြန်မာနိုင်ငံသား
🙏 ဆမူဆာခွန်တွင် လွန်ခဲ့သည့် လအနည်းငယ်က ဆိုင်ကယ်တက္ကစီ စီးနင်းသွားစဉ် အနောက်မှယာဉ်ဝင်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော မြန်မာအမျိုးသမီးတစ်ဦး၏ နစ်နာကြေးအမှုအား UFF အဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
📅 ယနေ့ (12.6.2026) တွင် UFF အဖွဲ့၊ သက်ဆိုင်ရာ ရဲအရာရှိများနှင့် မိသားစုဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နစ်နာကြေးငွေ ဘတ် 1,500,000 (တစ်ဆယ့်ငါးသိန်း) တန်ဖိုးရှိ ချက်လက်မှတ်ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပါသည်။ ✅
🎉 ထို့အပြင် နစ်နာကြေးအမှုကိုလည်း အောင်မြင်စွာ ဖြေရှင်းပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
🤝 အမှုကိစ္စ အစမှအဆုံးအထိ ပူးပေါင်းကူညီပေးခဲ့ကြသော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် UFF အဖွဲ့ဝင်များအား အထူးကျေးဇူးတင်ရှိပါသည်။
🕊️ ကွယ်လွန်သူအတွက် တရားမျှတမှု ရရှိခဲ့ပြီး ကျန်ရစ်သူ မိသားစုအတွက်လည်း အားတက်စရာ ရလဒ်ကောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။
12/06/2026
🖤 ဝမ်းနည်းကြောင်း မှတ်တမ်း
ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘဂျရာကစ်တီယာဘာ (Princess Bajrakitiyabha) အသက် (၄၇) နှစ် နတ်ရွာစံသွားကြောင်း သိရှိရသဖြင့် UFF အဖွဲ့မှ အထူးဝမ်းနည်းကြေကွဲရပါသည်။
နတ်ရွာစံသွားသည့် မင်းသမီးအား လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပြီး ကျန်ရစ်သူ တော်ဝင်မိသားစုဝင်များနှင့် ထိုင်းပြည်သူပြည်သားများထံသို့ UFF အဖွဲ့မှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်းနှင့် စာနာမှုများကို ပေးပို့အပ်ပါသည်။
🕊️ နတ်ရွာစံသွားသည့် မင်းသမီး ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ขอแสดงความเสียใจ 🖤
ขอแสดงความเสียใจอย่างสุดซึ้งต่อการสิ้นพระชนม์ของ เจ้าฟ้าพัชรกิติยาภา พระชนมายุ 47 พรรษา
ทาง UFF ขอร่วมไว้อาลัยและแสดงความเสียใจอย่างสุดซึ้งต่อพระบรมวงศานุวงศ์ ตลอดจนพสกนิกรชาวไทยทุกท่าน
🕊️ ขอพระองค์เสด็จสู่สวรรคาลัย และสถิตอยู่ในความทรงจำของประชาชนตลอดไป
UFF Family
12/06/2026
TM30 ဆိုတာ ဘာလဲ၊ မရှိရင် ဘာဖြစ်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးပါမယ်။
၁။ TM30 ဆိုတာဘာလဲ။
TM30 ဆိုတာ "နိုင်ငံခြားသားများ နေထိုင်ကြောင်း အကြောင်းကြားလွှာ" (Notification of Residence for Foreigners) ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး (Immigration) ဥပဒေအရ နိုင်ငံခြားသားတစ်ဦးဟာ မိမိပိုင်အိမ်၊ အငှားတိုက်ခန်း၊ ဒါမှမဟုတ် အလုပ်သမားတန်းလျားတစ်ခုခုမှာ လာရောက်တည်းခို/နေထိုင်တဲ့အခါ အိမ်ရှင် သို့မဟုတ် အလုပ်ရှင်က ထိုနိုင်ငံခြားသား ရောက်ရှိလာပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ လဝက (လူဝင်မှုကြီးကြပ်ရေးရုံး) ကို သတင်းပို့တိုင်ကြားရမယ့် ပုံစံစာရွက် ဖြစ်ပါတယ်။
အရေးကြီးချက်- ဥပဒေအရ တိုင်ကြားရမယ့် တာဝန်ဟာ အိမ်ရှင် (သို့မဟုတ်) အလုပ်ရှင် မှာ ရှိတာဖြစ်ပေမယ့် လက်တွေ့မှာတော့ အိမ်ငှားဖြစ်တဲ့ မိမိမှာ TM30 စာရွက် ရှိ/မရှိဆိုတာကို ကိုယ်တိုင် စစ်ဆေးပြီး ဆောင်ထားရပါမယ်။
နောက်ထပ် TM30 မရှိရင် ဘယ်လိုပြစ်မှုမျိူးခံရမလဲ??
TM30ကို ဘယ်လို လုပ်လို့ရမလဲဆိုတာတွေကို ထပ်ပြောပြပေးသွားမှာမို့ &shareလုပ်သွားပေးဖို့တောင်းဆိုပါတယ်
#အလုပ်သမားအခွင့်အရေး #ထိုင်းနိုင်ငံအလုပ်သမား #အလုပ်သမားဗဟုသုတ
11/06/2026
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀:၁၀ နာရီခန့်တွင် ဘန်ကောက်မြို့ ဘန်ခိုလဲမ်ခရိုင်၊ ရာမ ၃ လမ်းနှင့် ချရင်ရာတ်လမ်းဆုံအပေါ်ရှိ တံတားပေါ်၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသား Ko Ko Oo (အသက် ၃၉ နှစ်) သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားခဲ့ရပါသည်။
အဆိုပါဖြစ်စဉ်တွင် တိုက်မှုဖြစ်စေခဲ့သည့် ယာဉ်နှင့် ယာဉ်မောင်းကို ယနေ့အချိန်အထိ မဖော်ထုတ်နိုင်သေးဘဲ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပါသည်။
📌 ယနေ့ (11.06.2026) ရက်နေ့တွင် UFF အဖွဲ့မှ တရားမျှတမှု ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တရားမျှတရေးရုံးသို့ အသနားခံစာ တင်သွင်းပေးခဲ့ပြီး ဖြစ်ပါသည်။
Ko Ko Oo အတွက် တရားမျှတမှု ရရှိစေရန်နှင့် တာဝန်ရှိသူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ရန် ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။
🙏 အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတမှု အမြန်ဆုံး ရရှိပါစေ။
11/06/2026
ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ဆမူဆာခွန်ပြည်နယ် ဘန်ဖယောင်ဒေသတွင် မြန်မာလင်မယားနှစ်ဦး ဆိုင်ကယ်ဖြင့် အလုပ်မှအပြန် ကားနှင့်တိုက်မိပြီး ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရ 😢
📅 မတ်လ ၅ ရက်နေ့တွင် ကျန်ရစ်သူသား၏ အကူအညီတောင်းခံမှုကြောင့် အဖွဲ့အစည်းမှ ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
✅ ဇွန်လ ၁၀ ရက်နေ့တွင် မိသားစုအတွက် ရသင့်ရထိုက်သော နစ်နာကြေးများ အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်သည် 🙏
💔 အသက်နှစ်ချောင်း ဆုံးရှုံးခဲ့ရပေမယ့် ကျန်ရစ်သူမိသားစုအတွက် တရားမျှတမှုတစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိခဲ့တဲ့ ဖြစ်စဉ်ပါ။
📌 ပြည်ပရောက်မြန်မာများအတွက် ဖြစ်ရပ်မှန်သတင်းများနှင့် အကူအညီရရှိမှုသတင်းများကို ဆက်လက်ဖတ်ရှုနိုင်ရန် ပေ့စာမျက်နှာကို အခုတည်းက FOLLOW ထားလိုက်ပါ 👇❤️ :::
09/06/2026
ချချိုင်းဆောင်ခရိုင်၊ ဘန်ပကောင်ရဲစခန်း (สภ.บางปะกง) နယ်မြေအတွင်း မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီး ထိခိုက်တိုက်မိသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသား မော်တော်ဆိုင်ကယ်မောင်းသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက် စစ်ဆေးဆောင်ရွက်နေပါသည်။ 🙏🚑
#ဘန်ပကောင် #ယာဉ်မတော်တဆမှု #မြန်မာနိုင်ငံသား #သတင်းထူးသတင်းဦး
09/06/2026
😢 ချွန်ဘူရီရှိ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေစဉ် မျက်လုံးထဲသို့ သံကြေးစများ ဝင်ရောက်ခဲ့ရာမှ မျက်လုံးကွယ်သွားခဲ့ရပါတယ်။
⚠️ ဖြစ်စဉ်အပြီးမှာ အလုပ်ရှင်ဘက်က တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့သော်လည်း UFF အဖွဲ့က တစ်နှစ်ကျော်ကြာ အနီးကပ် လိုက်လံကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
✅ ယနေ့မှာတော့ လျော်ကြေးငွေ ဘတ် 12,000 ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။
📌 ကျန်ရှိနေသေးသော နစ်နာကြေးများအတွက် တရားရုံးမှတစ်ဆင့် ဆက်လက် တောင်းဆိုသွားရမှာ ဖြစ်ပါတယ်။
🙏 အလုပ်သမားအခွင့်အရေးအတွက် UFF အဖွဲ့၏ ကြိုးပမ်းကူညီမှုများကို ကျေးဇူးတင်ရှိပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ องค์กรนั้น
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
ประชาอุทิศ74/1
Bangkok
10140
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |