Nice Handmade
Nilar Myo is a trainer expert in fabric's handcrafting technique of (Patchwork,Applique & Quilting)နည်းပညာ(၃)မျိုးကို ဂျပန်နိုင်ငံ,နည်းပညာသင်
တန်းေကျာင်းမှေအာင်မြင်ခဲ့ပြီး- ဂျပန်နည်းစနစ်များဖြင့်သင်ကြားပေးသော အွန်လိုင်းသင်တန်းများကိုဖွင့်လှစ်ထားပါသည်။
14/06/2026
🧵အသက်(၆၀)ကျော်အရွယ်ရောက်လာရင်👇👇👇
🧵* *အသက်ကြီးပြီ,ပင်စင်သွားပြီး,ငါ့ဘာမှမလုပ်နိုင်တော့ဘူး,ငါလုပ်လာတဲ့အရာအားလုံးရပ်တန့်သွားပြီလို့***ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်ကြတဲ့သူများလာတယ်***👇👇👇
🧵တကယ်တော့ရှာေဖွဆန်းစစ်မှု့အရဆိုမိမိရဲ့
ဦးေဏှာက်ကစပြီးခြေဖျားအဆုံးထိကတဖြေးဖြေးကျဆင်းခန်းေခြာက်လာတာမှန်ပါတယ်
🧵သို့သော်လူတစ်ကိုယ်မှာသဘာဝကဖွဲ့စည်းတည်ဆောက်ေပးထားခဲ့တဲ့မိမိရဲ့
*** စိတ်,,ဦးေဏှာက်,ခန္ဓာကိုယ်***ရဲ့လုပ်ဆောင်မှု့များအားလံုးကို***ငယ်ရွယ်တဲ့အချိန်ကလိုပဲအကျိုးရှိစွာအသုံးမချတတ်***ဘူးဆိုရင်တော့***ဒီအရာတွေအားလုံးကိုသဘာဝကပဲပြန်သိမ်းသွားမှာပါ***
ဒါကြောင့်(၆၀)ေကျာ်အရွယ်ဖြစ်လာပြီဆို👇👇👇
👉မိမိအတွက်စိတ်အေးချမ်းအောင်လုပ်မယ်,
👉နေ့စဉ်ခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်းလုပ်မယ်(ဥပမာ,လမ်းလျှောက်တာ,ကိုယ်လက်လှုပ်ရှားမှု့ပြုတာ),ဦးဏှောက်ကိုအသုံးချဖို့အသိပညာတွေထပ်တိုးမယ်,
👉မိမိရဲ့ဝါသနာပါရာစိတ်ပျော်ရွှင်မှု့လေးတွေရှာဖွေပြီးလုပ်မယ်,
🧵လွန်ခဲ့ပြီးသော 30,40,အရွယ်လေးတွေလို**ငါလည်းလုပ်နိုင်သေးတယ်လို့စိတ်ကိုမွေးပြီးထားနိုင်ရင်စောစောကပြောတဲ့သဘာဝကပြန်သိမ်းလို့မရတော့ဘူးပေါ့။
🧵အရာအားလံုးကိုခန္ဓာကိုယ် ကေန့စဥ်အမြဲတမ်းအသုံးချလုပ်ဆောင်နေတဲ့အတွက်ပါ။
🧵အသက်ကြီးပြီဆိုတဲ့အတွေးကိုတွေးပြီးစိတ်ညစ်ေနတာထက်👇👇👇
👉ငါအသက်ကြီးလည်း**ငါ့မှာစွမ်းအင်တွေ,အသိပညာတွေ,ကျန်းမာရေးအတွက်လုပ်ရမယ့်အရာလေးတွေ,ငါ့ရဲ့ဝါသနာပါရာတွေလုပ်ရင်းအချိန်ကိုအကျိုးရှိစွာအသုံးချရင်းနဲ့ပဲဘဝကိုကုန်ဆုံးစေမယ်ဆိုတဲ့အတွေးမျိုးကိုတော့ကျမကအမြဲခံယူထားပြီးသားပါ။
🧵အသက်အရွယ်အရေရာဂါေတွရရှိလာတာအဆန်းမဟုတ်ပါ။သို့သော်အစားအသောက်ကအစဆင်ခြင်တာ,မတဲ့တာမစားဖြစ်တာတွေကလည်းကိုယ့်ရဲ့စိတ်ပေါ်မှာပဲဆုံးဖြတ်သွားတာပါ။
🧵ကျမအနေနဲ့တရားစခန်းသွားတရားထိုင်နိုင်တဲ့အလုပ်ကိုမလုပ်နိုင်ပေမဲ့, ဆရာတော်ကြီးတွေရဲ့ပြောစကား,,တရားဟောပြတာလေးတွေ,အသိပညာရစေမဲ့စာ,ဗဟုသုတလေးတွေဖတ်ရင်းနားထောင်ရင်းနဲ့ပဲ အသိလေးကပ်,သတိလေးထားပြီးဆင်ခြင်တုံတရားနဲ့နေရတာလည်းကုသိုလ်ရရှိခြင်းတမျိုးလို့ခံယူထားပြီးသားပါ။
🧵ကိုယ်အတွက်ကတော့အသက်ကြီးလာတာကိုလက်ခံပြီး,မလွန်ဆန်ဘူး,သို့သော်အသက်ကြီးပေမဲ့ကိုယ်တတ်ထားတဲ့ပညာတွေကိုအသုံးပြုပြီး,အများအတွက်အကျိုးပြုနေရတာကိုပဲအမြဲတမ်းစိတ်ပျော်ရွှင်မှု့ကိုရရှိနေလို့ တစ်ခါတစ်လေကိုယ့်အသက်ဆိုတာဂဏန်းလေး(၂)လုံးပါပဲလားလို့ပေါ့။
🧵ကိုယ့်အသက်အရွယ်ေလာက်ရှိသူများလည်း,မိမိနှစ်သက်ရာလေးတွေလုပ်ဆောင်ရင်းနဲ့စိတ်ပျော်ရွှင်မှု့ကိုဖန်တီးလို့ရပါတယ်နော်။
🧵ဟန်းမိတ်အိတ်တွေ ရောင်းကောင်းခြင်ကြလား?
🧵မိမိထုတ်ကုန်တွေရဲ့ စက်ချုပ်ဖြစ်စေ/လက်ချုပ်ဖြစ်စေ တို့ကို အမြဲတမ်းစစ်ဆေးနေရသလို ,
🧵မိမိ စိတ်ကိုလည်းအမြဲတမ်းစစ်ဆေးနေရတာသိကြပြီလား?
👇👇👇👇👇
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Bangkok