Ruby News

Ruby News

แชร์

11/05/2026

ရန်ကုန်က နာမည်ကြီး အောင်သုခ ထမင်းဆိုင်ရဲ့ အကြောတင်းတဲ့ ဝန်ထမ်းအကြောင်း (စားသုံးသူက အလကား လာစားရတဲ့ အတိုင်းပါပဲ)

ဒီရက်ပိုင်း နေက အရမ်းပူနေတာနဲ့ ကိုယ်ကလဲ နေမကောင်းတာနဲ့ဆိုတော့ မာမီ့ကို ဟင်းချက်နေရမှာစိုးလို့ အောင်သုခကနေ ထမင်းချိုင့်ဆွဲစားကြမယ်ပေါ့။

မြောက်ဒဂုံမှာနေတဲ့ အမတွေက သူတို့ ယူတာ အဆင်ပြေတယ်၊ (၁၁)ခွဲလောက်ဆို ရောက်ပြီဆိုတော့ မှာမယ်ပေါ့။

ဟိုနေ့က မာမီ ဟင်းအရသာ ကြိုက် မကြိုက် သိရအောင် သပ်သပ် သွားပြီး စားကြည့်ကြသေးတယ်၊ မှာဖို့ ကောင်တာကို သွားမေးတဲ့အချိန်မှာ ကောင်တာက ကောင်မက ချေမိုးနေတာ။

ဘယ်မြို့နယ်လဲ မေးပြီး စမ်းချောင်းဆိုတော့ သုံးသိန်းခြောက်သောင်း ကျမယ် ဒါပဲ။ ကျန်တာ ဘာမှ ရှင်းမပြဘူးနော်၊ မသိရင် သူ့ဆီက လာတောင်းစားနေသလိုပဲ တချက်။

ဟင်းမီနူး သိချင်လို့ တောင်းတာတောင် အစမှာ ကောင်မက စာရွက်ကုန်နေလို့ ဓာတ်ပုံရိုက်ယူသွားတဲ့၊ ပြီးကျတော့မှ တစ်ရွက် ထုတ်လာပေးတာ။

နောက်တရက် မြောက်ဒဂုံက အမတွေဆီ သွားမှ ဘယ်ဟာဆို ဟင်း (၂)မျိုး ရပြီး ဘယ်ဟာဆို ဟင်း (၁)ခွက်ပဲ ရမယ်လို့ သူတို့ ပြောပြလို့ သိရတာ။

အဲဒီလို တချို့ကိစ္စတွေ အဆင်မပြေပေမယ့် အောင်သုခဆိုတဲ့ နာမည်နဲ့တင် ငါ မှာစားလိုက်ပါ့မယ်လေဆိုပြီး မှာလိုက်တာ။

မနေ့က ဖုန်းနံပါတ် အသစ်တခုနဲ့ ကွန်ဖန်း လှမ်းလုပ်တဲ့ အမတယောက် စကားပြော တအား အဆင်ပြေ၊ ချိုသာယဉ်ကျေးကွာ။

ဒီနေ့မနက် အဲဒီအမ ထပ်ဆက်တော့လဲ အဆင်ပြေတယ်၊ မပြေတာက နေ့လည် (၁၂) နာရီ (၁၅) မိနစ်အထိ ထမင်းချိုင့် ရောက်မလာတာပဲ တချက်။

အဲ့ဒါကို သိချင်လို့ ဖုန်းဆက်လိုက်တော့ ဟိုနေ့က အချိုးမပြေတဲ့ မိန်းမ အသံ ထည့်ပေးလိုက်ပြီ ထည့်ပေးလိုက်ပြီ ဒီနေ့ ရောက်လာလိမ့်မယ်တဲ့။

အမှန်အတိုင်း ပြောရက် ဆ၊ဲချင်တာ တအားပဲ။ ဒီနေ့ ရောက်လာတာကတော့ သူ ပြောမှလား၊ မြောက်ဒဂုံဘက်ကိုတောင် (၁၁)ခွဲလောက် ရောက်တယ်ဆိုလို့ မှာတာလေ။

စမ်းချောင်းကို (၁၂)ခွဲခါနီးထိ မရောက်လို့ ဖြေရှင်းပေးပုံက အရမ်းကို အပေါစား အောက်တန်းစား ဆန်လွန်းတယ်။

ပြီးကျတော့မှ ဒိန့မနက် ပို့မယ့် ကောင်လေးက စက်ဘီးပျက်သွားလို့ တခြားတယောက်နဲ့ ထည့်ပေးလိုက်တာ လာပါလိမ့်မယ်တဲ့။ စမ်းချောင်းကိုဆို စက်ဘီးဒလီနဲ့ပဲ ပို့မယ်ဆိုတာ အခုမှ သိရတာနော် တချက်။

မေးတဲ့ စကားကို ဆုံးအောင် နားထောင်ဦး နောက်နေ့တွေရော ဒီအချိန်မှ ရောက်မှာလား အဲဒီလိုဆိုရင် အဆင်မပြေဘူးလို့ ပြောတော့ နောက်နေ့တွေ စောမှာပါ သေချာပါတယ်တဲ့။

အဲဒီအချိန်မှာ ဖုန်းဆက်လာတယ်၊ ထမင်းချိုင့် လာပို့တာပါတဲ့။ အဲဒါနဲ့ ဆင်းယူရင်း လာပို့တဲ့ ချာတိတ်ကို မေးလိုက်တယ် နောက်နေ့တွေရော ဘယ်အချိန် ရောက်မှာလဲဆိုတော့ ဒိအချိန်ပဲတဲ့။

နောက်နေ့တွေ စောပို့မှာပါဆိုတဲ့ဟာနဲ့ သူတို့ ဒလီနဲ့ အချိတ်အဆက် မိနေမှုကြီးကို ကြည့်အုန်း၊ အဲဒါနဲ့ ထပ်ဖုန်းဆက်တော့ကျ ဟိုမိန်းမပဲ ထပ်ကိုင်တယ်။

သူ ပြီးပြီးရော ပြောပြီး မဖြေရှင်းနိုင်တော့မှန်း သိတော့မှ ခဏကိုင်ထားနော်ဆိုပြီး မနက်က ဖုန်းဆက်တဲ့ အမဆီ ဖုန်းသွားပေးတာ။

အမရေ ကျနော့် အမေက အသက် (၈၀)ရှိပြီ။ နေ့လည် (၁၂)ခွဲမှ အမြဲရောက်မယ်ဆို အဆင်မပြေပါဘူး ပြောတော့ တောင်းပန်တယ်။ သူတို့ စက်ဘီး ဒလီ (၂)ခုလုံးက ၁၁ ခွဲလောက် မရောက်နိုင်ဘူးတဲ့၊ အဲဒါကို အစောတည်းက ရှင်းပြ ပြောပြရမှာ မဟုတ်ဘူးလား။

အစောတည်းက သိထားရင် ကိုယ့်အနေနဲ့ မှာသင့် မမှာသင့် ပြန်စဉ်းစားမိမှာလေ။ ခုဟာက ပထမဆုံးနေ့မှာတင် ဆောက်နဲ့ ထွင်းပြီး သင်ခန်းစာ ပေးချလိုက်သလိုပဲ။

ငါ့ဆီကနေ ထမင်းချိုင့် ထွက်သွားပြီ ငါ့လက်က လွတ် ဗြွတ်လို့မှ မရတာ၊ သူတို့လို ဆိုင် အကြီးကြီး မပြောနဲ့ ကိုယ်လို ပိစိပေါက်စ စျေးရောင်းသူတောင် မရောက်သေးဘူး ပြောရင် trace လိုက်ပေးရတာလေ။

အဲဒါနဲ့ တခါတည်း ပြောချလိုက်တယ်။ ဟိုနေ့တည်းက အမတို့ဆီ လာစားပြီး သပ်သပ် လာစုံစမ်းတာ ကောင်တာ ထိုင်တဲ့ မိန်းမက ရှင်းပြဖို့ နေနေသာသာ မီနူး တောင် ဓာတ်ပုံ ရိုက်ယူခိုင်းတယ်လို့။

အဲ့ဒါနဲ့ ချိုင့် မယူဖြစ်တော့ဘူးလို့ ဒီနေ့ ထည့်ပေးလိုက်တဲ့ ဟင်းပွဲတွေတော့ အားနာလို့ ယူပြီး ပိုက်ဆံ ရှင်းပေးလိုက်မယ်ဆိုပြီး ၂၇၅၀၀ ရှင်းပေးလိုက်တယ်။

ခုထိ ထမင်း မစားရသေးဘူး စိတ်တိုလို့ .. နဂိုတည်းက hungry is angry ပါဆိုမှ။ အခုလို အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ထဲ အနှောက်အယှက်ဖြစ်ရရင် တနေကုန် စိတ်မကြည်တော့တာ။

ကျန်တဲ့သူတွေအတွက်တော့ အဆင်ပြေကောင်း ပြေလိမ့်မယ်။ ကိုယ်ကတော့ အောင်သုခကို လက်လန်သွားပြီ။ ဒါတောင် ဟိုအမရယ် ဒလီ လာပို့တဲ့ ချာတိတ်ရယ်က တောင်းပန်လို့ ဟိုမိန်းမ အချိုးနဲ့သာဆို တနေကုန် လောင်နေမှာ (Soe Thura)

#အောင်သုခ
#ဝန်ထမ်း

09/05/2026

ရန်ကုန် ကမ္ဘာ (၁) - စနေနေ့ မနက် ၈ နာရီ၊ ဟန်မင်းဖြိုး တယောက် ခေါင်းထဲ ရီဝေနောက်ကျိစွာနဲ့ ဟိုတယ်အခန်းတခုထဲ နိုးလာသည်။ မနေ့ညက အရှိန် အကင်းမသေသေးသောကြောင့် ဖြစ်သည်။

ဒီနေ့ လုပ်စရာ ဘာရှိလဲလို့ ဖုန်းထဲမှာ ကြည့်လိုက်တော့ ရန်ကုန် နာမည်ကြီး ဟိုတယ်ရဲ့ ရေကူးကန်မှာ နေ့လည်ပိုင်း ချိန်းထားတာ တခုနဲ့ ညနေကျရင် ရန်ကုန်ညပြေးပွဲ ဆိုပြီး ပေါ်လာသည်။

အကောင်ကြီးကြီးရဲ့ သားတယောက်ဖြစ်တဲ့ ဟန်မင်းဖြိုးဟာ တကယ်တော့ ကျန်းမာရေး လိုက်စားသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ညပြေးပွဲကို ဝင်ပြေးရတဲ့ အကြောင်းရင်း ရှိသည်။ မျက်စိကျနေတဲ့ တက်သစ်စ မော်ဒယ်မလေးလည်း အဲဒီပြိုင်ပွဲ ဝင်ပြေးမယ်တဲ့။

အဖူးအငုံ ဆိုရင် ဒူးတုန်အောင် ကြိုက်တဲ့ ဟန်မင်းဖြိုးက အကောင်ကြီးသား ပီပီ အကွက်မြင်သည်။ ငွေနဲ့ လိုက်လို့ မရတဲ့ အခု ကောင်မလေးလို ပုံစံမျိုးဆို သူတို့လုပ်နေတဲ့ အလုပ်ထဲ ဝင်ယောင်ပြီး ရင်းနှီးမှု ယူရုံပဲ ဖြစ်သည်။

၁၅ ကီလိုမီတာ ပြည့်အောင် ပြေးစရာမလို၊ ပန်းဝင်စရာမလို၊ အယောင်ပြ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်၊ ကောင်မလေးနား သွားကပ်ကာ အဆင်ပြေရင် ကားပေါ်ခေါ်သွားရုံပဲ ဖြစ်သည်။

ဝင်ပြေးတဲ့သူ အများစုကလည်း တကယ့် အပြေးသမားထက် လိုင်းပေါ်တင်ချင်တဲ့ ပေါ်ပင်တွေပဲ များမည်ဟု ထင်သည်။ ဒါကတော့ သူတို့ ကိစ္စပါ။ မော်ဒယ်မလေး အကြောင်း ခေါင်းထဲ ရောက်လာတာနဲ့ အကြောပေါင်းတထောင်က ဖျင်းကနဲ ဖြစ်သွားသည်။

ဓာတ်ဆီတန်းစီစရာမလို၊ စုံမကို ဂရုစိုက်စရာ မလိုတဲ့ ဟန်မင်းဖြိုးတယောက် အဲကွန်း အပြည့်ဖွင့်ထားတဲ့ နောက်ဆုံးပေါ် ကားကြီးထဲမှာ မော်ဒယ်မလေးကို ဘယ်လိုတင်ရမလဲလို့ စိတ်ကူးယဉ်ရင်း ပီတိဖြာနေသည်။

ခွေးနှစ်ကောက် ကို၊က်ရင်တောင် ထွက်အားပေးကြတဲ့ ရန်ကုန်သားတွေကတော့ ညပြေးပွဲကို အားပေးကြလိမ့်ဦးမည်။ အဲဒါက သူတို့ ကိစ္စပါပဲ။

ရန်ကုန် ကမ္ဘာ (၂) - စနေနေ့ ည (၈) နာရီ၊ အောင်ကျော်ထွန်း စိတ်ညစ်နေသည်။ လက်က နာရီကို ထပ်ကြည့်လိုက်သည်။ ည ၈ နာရီ ၂ မိနစ်၊ အခုထိ YBS 133 မလာသေး။

လက်ထဲမှာ ကားခပေးဖို့ အသင့်ကိုင်ထားတဲ့ နှစ်ရာတန် နှစ်ရွက်ဟာ ချွေးစီးတွေကြောင့် စိုဖတ်ဖတ် ဖြစ်နေသည်။ ဂျန်းရှင်းစီးတီး ကားမှတ်တိုင်မှာ ည ၇ နာရီကျော်ကတည်းက YBS 133 ကို စောင့်နေတာ ဖြစ်သည်။ ယုဇနဥယျာဉ်မြို့တော်ကို ပြန်ဖို့က ဒီတလိုင်းပဲ ရှိသည်။

ညနက်လေ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ အောင်ကျော်ထွန်း ကြောက်စိတ်ဝင်လေ ဖြစ်သည်။ နယ်ကနေ စ၊စ်ဘေးရှောင်ရင်း အမေ၊ သူနဲ့ ညီမလေးတို့ သုံးယောက် ဈေးသက်သာတဲ့ ယုဇနဥယျာဉ်မြို့တော်က တိုက်ခန်းကျဉ်းလေး တခုမှာ ငှားနေတာ ဖြစ်သည်။ ကျန်းမာရေး မကောင်းတဲ့ အမေကို ညီမလေးက ကူပေးနေရချိန်မှာ အောင်ကျော်ထွန်း တယောက် ကြုံရာဘောက်အလုပ်များ လုပ်ပြီး ငွေရှာနေရသည်။

ယခုလည်း နေ့စားအလုပ်တခုအတွက် မြို့ထဲလာရင်း အိမ်ပြန်နောက်ကျနေရခြင်း ဖြစ်သည်။ ညပြေးပွဲဆိုလား၊ မာရသွန်ဆိုလား လုပ်တာကြောင့် မြို့ထဲမှာ လမ်းတွေပိတ်ပြီး YBS တွေ နောက်ကျနေတာလို့ သတင်းကြားရသည်။

ဒီလောက် ပူနေတဲ့အထဲ အမောခံ ပြေးလွှားနေသူတွေကို သူအံ့ဩသည်။ တနေ့လုံး ပစ္စည်းတွေ ထမ်းပိုးလာတဲ့ အောက်ကျော်ထွန်းကတော့ အမေ ချက်ပေးထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်းနဲ့ ငပိရည်ကို စားပြီး မီးပြတ်လို့ ပူလောင်အိုက်စပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ လှဲလျောင်း အနားယူချင်တာပဲ သိသည်။

ညပြေးပွဲက လူတွေကို မေလ ရာသီဥတုပူပူမှာ မိုး မစို့မပို့ ရွာလို့ ပိုပူနေရတဲ့အထဲ အလကား အားအကုန်ခံပြီး ပြေးနေကြတဲ့သူတွေလို့ ထင်မိသည်။ ဒါကတော့ သူတို့ကိစ္စပါ။

အဓိက ကိစ္စက ည ၉ နာရီ ထိုးကာနီးလေ သူရင်ခုန်လေ ဖြစ်သည်။ အောင်ကျော်ထွန်းတို့လို လူမျိုးဟာ ပေါ်တာဆွဲသူတွေကို ဆွဲဆောင်နိုင်ဆုံး အမျိုးအစားဖြစ်နေသောကြောင့် ဖြစ်သည်။

အမေမှာတဲ့ ဆေးထုပ်နဲ့ ညီမလေးအတွက် မုန့်ထုပ်လေး ပါတဲ့ ကျောပိုးအိတ်ကို ခန္ဓာကိုယ်ရှေ့ ပြောင်းလွယ်ပြီး ခပ်တင်းတင်း ဖက်ထားလိုက်သည်။ ည ၉ နာရီထိုးလို့မှ YBS 133 မလာရင် ဘယ်လိုလုပ်မလဲ စဉ်းစားနေသည်။ ခေါင်းထဲမှာ ဘာမှ မပေါ်။ အောင်ကျော်ထွန်းတို့လို့ လူတွေအတွက် လောကကြီးမှာ အဖြေမရှိ။

ခပ်လှမ်းလှမ်းမှာတော့ ခွေးနှစ်ကောင် ကို၊က်ရင်တောင် ထွက်အားပေးကြတဲ့ ရန်ကုန်သားတွေက အပြေးသမားတွေကို ဟေးလားဝါးလား နှုတ်ဆက်နေကြသည်။ အဲဒါကလည်း သူတို့ ကိစ္စပါပဲ။

(ရန်ကုန်မြို့ရဲ့ မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူ နှစ်ယောက်အကြောင်းကို ခံစားရေးဖွဲ့ပါသည်)

#ရန်ကုန်သား
#ညပြေးပွဲ

08/05/2026

ရန်ကုန် မဟာဝိဇယစေတီက ဗောဓိရွှေညောင်ပင်ရဲ့ ရွှေအဆင်း ညောင်ရွက်တွေကတော့ မုတ်သုံလေနဲ့အတူ ကြွေကျ မြေခသွားရှာပြီ ဖြစ်ပါတယ်။

ထူးခြားတယ်လို့ ထင်ကြတဲ့ အကြောင်းအရာတွေကို တန်ခိုးပြတယ်၊ နိမိတ်ပြတယ်လို့ ထင်ကြတာဟာ ၁၉ ရာစု အတွေးအခေါ်ဟောင်းတွေ ဖြစ်ပါတယ်။ ၂၁ ရာစုမှာ မရှိသင့်တော့ပါဘူး။

မင်းဘူး နဂါးပွက်တောင်မှာ ရှေ့လူတွေက ပူဇော်ခဲ့လို့ လိုက်ပူဇော်တာ အပြစ် မဟုတ်ပါဘူး။ နဂါးပွက်တောင် အောက်မှာ တကယ့် နဂါးတွေ ရှိတယ်လို့ မှတ်ထင်နေရင်တော့ ဉာဏ်နည်းတာပဲ ဖြစ်ပါလိမ့်မယ်။

သိပ္ပံနည်းကျ အဖြေတွေ လက်တကမ်းမှာ ရှိရဲ့သားနဲ့ ပုံမှန် ဖြစ်ရိုးဖြစ်စဥ် သဘာဝကို အထူးအဆန်း လုပ်ပြီး အံ့သြပြနေတာကတော့ မရယ်ရတဲ့ ဟာသတပုဒ်ပါပဲ။

အခုလည်း ဗောဓိရွှေညောင်ပင်ကိစ္စဟာ မဆန်းကျယ်ဘူးဆိုတာ သဘာဝက သက်သေပြသွားပါပြီ။ တွေးတော စဥ်းစားရမှာ အလွန်ပျင်းတဲ့ ရွှေပြည်ကြီးမှာ ဒီလို အဖြစ်မျိုးတွေ ဆက်လက် ဖြစ်နေဦးမှာပါပဲ။

သစ်ပင်မှာ ဘုရားပုံပေါ်တယ်၊ ကျောက်တုံးက ရဟန္တာပုံ ဖြစ်နေတယ်၊ ကန်ထဲက နဂါးခြေရာ၊ ရောဂါပျောက်တဲ့ ပေါ်တော်မူ ရွှံ့ စတာတွေဟာ ရွှေမြန်မာတွေရဲ့ ဉာဏ်ရည် အဆင့်အတန်းကို မှတ်ကျောက်တင်နေတဲ့ အဖြစ်အပျက်တွေပါပဲ။

ဘာသာရေးကို အခြေတည်ပြီး လုပ်စားနေသူတွေ ရှိနေသရွေ့ကတော့ ဒီဂျင်းတွေဟာ အမြဲခေတ်မီနေဦးမှာပဲ ဖြစ်ပါတယ်။

#ဗောဓိညောင်
#ဂျင်း

07/05/2026

ဧရာဝတီမြစ်ထဲမှာ ဆန်တက်လာတဲ့ နဂါးကြီးလား၊ မြွေကြီးလားဆိုတဲ့ ကိစ္စတခုကတော့ နောက်ဆုံးမှာ အဖြေပေါ်သွားပါပြီ။

အဖြေကတော့ သဲသောင်ပေါ်မှာ စိုက်နေတဲ့ သစ်မြစ်တုံးကြီး ဖြစ်ပါတယ်တဲ့။ အောက်က သဲသောင်ပေါ်မှာ တဖက်က စိုက်နေပြီး တဖက်က ပေါ်နေတော့ ရေစီးတဲ့ အရှိန်နဲ့ မသိရင် သတ္တဝါကြီး တကောင် မြစ်ကို ဆန်တက်လာတဲ့ ပုံစံ ဖြစ်နေတာပါ။

အဲဒါကို ကင်မရာနဲ့ ရိုက်လိုက်တော့ နဂါး အမောက်လိုလို၊ မြွေဦးခေါင်းလိုလို ဖြစ်လာပြီး ဂမ္ဘီရကြိုက်တဲ့ ရွှေမြန်မာတွေက တယောက်တပေါက် ပြောရင်း ပိုချဲ့ကား လာကြတဲ့ သဘောပါပဲ။

မယုံတဲ့ လူငယ်တွေက အနီးကပ်သွားပြီး ဓာတ်ပုံရိုက်တော့မှပဲ အဖြစ်မှန်ကို သိရတာ ဖြစ်ပါတယ်။

အဲဒါကို နဂါးပါ ညကျရင် တွန်တယ် ဘာညာဆိုပြီး ယုံနေသေးရင်လည်း ကိုယ့်ဦးနှောက်ရဲ့ အဆင့်အတန်းကို ပြသနေတာပါပဲ။

ရွှေပြည်ကြီးက လူတွေ ဂမ္ဘီရဂျင်းတွေထံမှ လွတ်မြောက်ကြပါစေ။

#နဂါး
#ဧရာဝတီ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phetchaburi Road, Khwaeng Thanon Phetchaburi, Khet Ratchathewi, Krung Thep Maha Nakhon
Bangkok
10400