LANN

LANN

แชร์

25/04/2025

Hello teachers…… Please check it out for this great opportunity

အပြောင်းအလဲမြန်ဆန်သော ပညာရေးစနစ်အတွက် "Mastering E-Learning Design for Modern Educators" ဆိုတဲ့ အခမဲ့ သင်တန်းကောင်းတစ်ခုကို E-Learning Lab က ယူဆောင်ပေးလာပြီ ဖြစ်ပါတယ်🙌

ဘာကြောင့် ဖွင့်လှစ်ရတာလဲ? ✍️

✅ E-Learning ၏ အခြေခံနိယာမများကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ရန်
✅ သင်ယူမှုပုံစံများ (ဥပမာ - ကိုယ်တိုင်သင်ယူခြင်း၊ အုပ်စုလိုက်သင်ယူခြင်း) ကို စနစ်တကျဒီဇိုင်းဆွဲနိုင်ရန်
✅ သင်ခန်းစာများအား ရည်မှန်းချက်နှင့်အညီ ချိတ်ဆက်တည်ဆောက်နိုင်ရန်
✅ AI၊ Storyboard များ၊ အသံနှင့် Animations များကို အသုံးပြု၍ စိတ်ဝင်စားဖွယ်သင်ခန်းစာများ ဖန်တီးနိုင်ရန် ဖြစ်ပါတယ်။

ဘယ်လို လေ့လာသင်ယူရမလဲ? ✌️

E-Learning Lab ဟာCSO Academy ရဲ့ သင်တန်းကျောင်းတစ်ခုအနေနဲ့ ရှိတာဖြစ်တဲ့အတွက် CSO Academy Learning Platform မှာ သင်ယူရမှာ ဖြစ်ပါတယ်။ ပိုမိုထိရောက်စေဖို့ Cohort တွေ ခွဲပြီး ဖွင့်လှစ်ပေးမှာပါ။ ဒါ့အပြင် Communication Channel အနေနဲ့ Telegram Group ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Telegram Group ကို အသုံးပြုမှာ ဖြစ်လို့ မေးချင်ဆွေးချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ဆွေးနွေးနိုင်ပါတယ်။ နောက်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Network ရရှိစေဖို့ CSO Academy ရဲ့ Community of Best Practices ကို Join လို့ရမယ့် အခွင့်အရေးရမှာ ဖြစ်ပါတယ်။

Self-Paced အနေနဲ့ May 5 - 18 အထိ လေ့လာသင်ယူရမှာ ဖြစ်ပြီး Live Session အနေနဲ့ကတော့ နှစ်ချိန်ရှိပါတယ်။ Onboarding အတွက် ပထမ Live Session ကို Zoom နဲ့ May 2 မှာ ပြုလုပ်သွားမှာပါ။ ဒုတိယ Live Session ကတော့ May 19 မှာ လုပ်သွားမှာ ဖြစ်ပြီး Course ကို အဆုံးထိတက်ပေးတဲ့သူတွေအတွက် Graduation Session လို့လည်း ပြောလို့ ရပါတယ်။

ဘာတွေ လေ့လာသင်ယူရမလဲ? 🤝

✅ E-Learning ၏ အခြေခံများ (E-Learning မိတ်ဆက်၊ အရေးပါပုံ၊ အသုံးပြုပုံများ၊ သင်ယူမှုပုံစံအမျိုးမျိုးနှင့် ကိုယ်တိုင်သင်ယူခြင်း)

✅ သင်ကြားရေးဒီဇိုင်းမော်ဒယ်များနှင့် သင်ယူမှုနည်းလမ်းများ (Bite-sized၊ ဂိမ်းအခြေပြု Game-based၊ ပညာရေးဆိုင်ရာ Academic စသည့် သင်ကြားရေးဒီဇိုင်းမော်ဒယ်အမျိုးမျိုးနှင့် Scenario-Based နှင့် Personalized သင်ယူမှုနည်းပညာများ)

✅ သင်ယူမှုရည်မှန်းချက်များနှင့် ပန်းတိုင်ညှိယူခြင်း (သင်တန်းအဆင့်နှင့် အကြောင်းအရာအဆင့်၊ သင်ယူမှုရည်မှန်းချက်များကို သတ်မှတ်ခြင်း၊ SMART ရည်မှန်းချက်များကို ရေးသားခြင်း)

✅ သင်တန်းဖွံ့ဖြိုးရေးအခြေခံများ (Storyboard ဖန်တီးခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနှင့် Scripts၊ Audio-Visuals နှင့် Animation များကဲ့သို့သော သင်ယူမှုပစ္စည်းများ ထုတ်လုပ်ခြင်း)

✅ E-Learning တွင် အကဲဖြတ်ခြင်းနှင့် စစ်ဆေးခြင်း (အကဲဖြတ်ခြင်း၏ အခြေခံမူများ၊ Formative Assessment နှင့် Summative Assessment အကြား ကွာခြားချက်၊ Kirkpatrick Model ကို အသုံးချခြင်း၊ နှင့် ထိရောက်သော Assessment Model များ ဖန်တီးခြင်း)

✅ Production (E-Learning သင်တန်းတစ်ခုကို ဒီဇိုင်းဆွဲခြင်းမှ စတင်၍ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်ယူမှုပစ္စည်းအမျိုးမျိုး ဖန်တီးခြင်းနှင့် အကဲဖြတ်ခြင်းများအထိ လုပ်ငန်းစဉ်တစ်ခုလုံး)

✅ ကိရိယာများနှင့် အရင်းအမြစ်များ (E-Learning ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော Tool များ နှင့် Resource များကို မိတ်ဆက်ပေးမည်ဖြစ်ပြီး၊ AI မှထုတ်လုပ်သော ဓာတ်ပုံများနှင့် အသံများ၊ Screencast ကိရိယာများ၊ ဗီဒီယိုတည်းဖြတ်ကိရိယာများ၊ ဆူညံသံဖယ်ရှားကိရိယာများ၊ Animations ကိရိယာများများ) စတာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

ဘယ်သူတွေ လေ့လာသင်ယူသင့်သလဲ? 👋

✅ တက္ကသိုလ်ဆရာများ
✅ အသက်မွေးဝမ်းကြောင်း သင်တန်းဆရာများ
✅ မြို့ပြနဲ့ ကျေးလက်ရှိ ဆရာများ
✅ NGO ၊ CSO မှ ဝန်ထမ်းများ
✅ Corporate လေ့ကျင့်ရေးဆရာများ
✅ E-Learning ကိုစိတ်ဝင်စားတဲ့သူများ
✅ E-Learning နယ်ပယ်ကို စတင်ဝင်ရောက်ချင်တဲ့ ဆရာ၊ ဆရာမများအနေနဲ့ လေ့လာသင်ယူသင့်ကြောင်း ပြောကြားလိုပါတယ်။

လေ့လာသင်ယူပြီးရင်ရော ဘာတွေရရှိသွားမလဲ? 🫰

✅ အွန်လိုင်းသင်ကြားရေးအတွက် စနစ်တကျဒီဇိုင်းဆွဲနိုင်မယ်
✅ သင်ယူသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ ဖန်တီးနိုင်မယ်
✅ နည်းပညာကို အသုံးချပြီး စိတ်ဝင်စားဖွယ်သင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကို Cohort တွေ ခွဲပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Cohort 1 ကိုတော့ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင်တော့ အောက်က Registration Form လေးမှာ ဖြည့်ပေးလို့ ရပါတယ်။ Deadline ကတော့ မြန်မာအချိန် April 30 ရက်နေ့၊ ည 11 နာရီ 59 နာရီ ဖြစ်ပါတယ်။

တက်ရောက်ခွင့်ရသူတွေကို May 1 ရက်နေ့မှာ Email ကနေ ဆက်သွယ်ပေးသွားမှာပါ။

Link: https://forms.gle/aLhpxt3KnLSvLfgG7

22/11/2024

Media Partnership LANN × Better Tomorrow

ဟလို LANNers တို့ရေ

💁🏻‍♀️ ဒီနေ့မှာတော့ LANNers တို့ကို အသိပေးစရာ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Better Tomorrow ကနေပြီးတော့ အခမဲ့ ပညာပေးသင်တန်းတစ်ခုကို လာမယ့် နိုဝင်ဘာလ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တို့မှာ အွန်လိုင်းကနေ တဆင့် ကျွမ်းကျင်ဆရာဝန်တွေမှ ပို့ချပေးသွားမယ့်အကြောင်း ဖြစ်ပါတယ်။

⚕️✨ (၂) ရက်တာ သင်တန်းမှာ လူငယ်တိုင်းသိထားသင့်တဲ့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာတွေကို အရင်နဲ့မတူဘဲ နေ့စဥ်ဘဝမှာ အကျိုးရှိရှိပြန်လည်အသုံးချလို့ရမယ့် ဗဟုသုတတွေကိုပါ ပြောပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။?

👨🏻‍⚕️ သင်တန်းပထမရက်ရဲ့ မနက်ပိုင်းမှာ ဒေါက်တာဟန်မင်းဗိုလ်မှ Healthy relationship, Consent & Communication ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
⏰🗓️ သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။

👨🏻‍⚕️ ပထမရက်ရဲ့ ညနေပိုင်းမှာဆိုရင် ဒေါက်တာဇွဲလင်းသူက Sexual Health and Safety ဆိုတဲ့ခေါင်းစဥ်နဲ့ ရှင်းလင်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️
သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ (၇)နာရီခွဲကနေ (၉) နာရီအထိ ဖြစ်ပါတယ်။

👩🏻‍⚕️ သင်တန်းရဲ့ ဒုတိယရက် မနက်ပိုင်းမှာတော့ ဒေါက်တာအေးမွန်မွန်ခန့်က Menstrual Health, Hygiene and Healthy Lifestyle for All ဆိုတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပါတယ်။ ⏰🗓️ အချိန်ကတော့ နိုဝင်ဘာလ (၂၄)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။

✍🏻 🙋🏻‍♀️ဒုတိယရက် ညနေပိုင်းချိန်မှာ ဆရာမ စူးရှမေမှ Sexual Violence, Abuse and Rights အကြောင်းကို ပို့ချဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️ နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄) နာရီမှ (၅)နာရီခွဲအထိ ဖြစ်ပါတယ်။

💁🏻‍♀️ ဒုတိယရက် ညပိုင်းအချိန်မှာတော့ (၂)ရက်တာ အတွေ့အကြုံတွေကို ဖလှယ်ရင်း စကားစမြည်ပြောကြမယ့် closing ceremony လေးပါရှိဦးမယ့်အပြင် Better Tomorrow ဘက်နေပြီး နောက်ဆုံးအထိ တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးတဲ့ သင်တန်းသားတွေကို (၂) ရက်တာမှာ ကုန်ကျမယ့် အင်တာနက်ဖိုးတွေကို ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးအတွက် Better Tomorrow နဲ့အတူ media partner အဖြစ် ပူးပေါင်းပါဝင်ပေးထားတဲ့ အဖွဲ့အစည်းတွေကတော့
MELISSA
https://www.facebook.com/MelissaGCW?mibextid=kFxxJD
For The Future Myanmar
https://www.facebook.com/profile.php?id=100083357270189&mibextid=kFxxJD
LANN
https://www.facebook.com/LANNMyanmareducation?mibextid=kFxxJD
Hype Community
https://www.facebook.com/HypeCommunitySpace?mibextid=kFxxJD
HEAA Foundation
https://www.facebook.com/profile.php?id=61566855394212&mibextid=kFxxJD
Treat With Me
https://www.facebook.com/treatwithmemyanmar?mibextid=kFxxJD

တို့ဖြစ်ပါတယ်။

ကဲ… သင်တန်းလာတက်ပြီး ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတတွေကို ရရှိမယ့်အပြင် ပိတ်ရက်ကိုအကျိုးရှိရှိ အသုံးချမယ်ဆိုတဲ့ [...] လေးတို့က အခုပဲ registration လုပ်ဖို့ အောက်က လင့်လေးကို နှိပ်လိုက်ပါနော်။

Registration link 🔗 🖇️
https://docs.google.com/forms/d/e/1FAIpQLSc5IMkxoGVLR9ngMneS0vGG79Fb4RxVAqiW12yR-V2LSg7_NQ/viewform

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok