Haha Express

Haha Express

แชร์

07/06/2025

' ဝါး ' ခနဲ သန်းလိုက်ပီး အိပ်ယာ နိုးလာတော့
ညက အမူးမပြေသေးတဲ့ အရှိန်နဲ့ အခန်းထဲကို
ဝေ့ကြည့် လိုက်သည်။

ကိုယ်ရဲ့ဘေးမှာ တစဆီကြွေလွင့်နေတဲ့ နှင်းဆီပန်းလေးကို တွေ့ရသည်။
မလှမ်မကမ်းမှာတော့ ကျကွဲနေသော
ကော်ဖီခွက်လေးကို တွေ့ရသည်။

' ဒါ.. ဒါ.. အိမ်ဖော်မလေးရဲ့အခန်းပဲ ' 😳

ချက်ချင်းဆိုသလို
ညက အရက်မူးမူးနဲ့ ပြန်လာတာကို
အိမ်ဖော်မလေးက လာကူတွဲပေးသည့် ပုံရိပ်တွေ
ပြန်မြင်ယောင် မိသည်။

သွားပီ ... ငါတော့
မြန်မာကားတွေ ထဲကလို အရက်မူးမူး နဲ့ စော်ကား
လိုက်မိပီ 😔

သေချာတယ် နှင်းဆီပန်းတွေ ကြွေလို့ ...
ကော်ဖီခွက်တွေလဲ ကျ ကွဲလို့ ...

' ကြီးမေ ကြီးမေ အိမ်ဖော် ခလေးမလေး ကော '

ကပျာကယာနဲ့ အခန်းပြင်ထွက်ပီး မေးမိသည်။

' ဟဲ့ မနက်အစောကြီးကပဲ
အရေးကြီး ကိစ္စရှိလို့ ဆိုပီး ရွာပြန် သွားတယ် '

ကြီးမေက မီးဖိုချောင်ထဲမှာ လှမ်းအော်သည်။

ကျနော် အော်လန်ဒိုဘလွန်း ကြေကွဲ နေဟန်ဖြင့်
နံရံကို မှီချ လိုက်သည်။ 🥺

' ငါ မူးမူးရူးရူးနဲ့ အားရပါးရ စော်ကားလိုက်တာ
သူက ရွာကို ပြန်ပြေး သွားပီ ကိုး '

သနားစိတ်နဲ့ မျက်ရည်တချက် ဝေ့ သွားသည်။ 😢

' မဖြစ်သေးပါဘူး ငါက ယောက်ျားပဲ
ငါ့ တာဝန် ငါ ယူရမယ် '

ချက်ချင်းဆိုသလို
သူ့ကို အလုပ် လာသွင်းပေးသော ပွဲစားအန်တီကြီး
ဖုန်းနံပါတ်ကို ရှာပီး ဆက်လိုက်သည်။

' ဟယ်လို မောင်ဇော် ပြောပါ '

' အန်တီ အလုပ်လာသွင်းပေးတဲ့ အိမ်ဖော်ခလေးမလေး ဘယ်မှာ နေလဲ သိလား
သူ ဒီနေ့ ရွာကို ပြန်သွား လို့ပါ '

' အဲ့လိုတော့ မသိဘူး ဧရာဝတီတိုင်းကပဲ
ဘာလို့လဲ မောင်ဇော်ရဲ့ အရေးကြီး လို့လား '

' ဟုတ် နဲနဲ '

' ဒါနဲ့ မောင်ဇော်ရဲ့
အဲ့ဒါ အိမ်ဖော်မလေး မဟုတ်ဘူး
အိမ်ဖော် အထီးလေး ပါ '

သူက အဲ့လိုပဲ နေတတ်လို့ မိန်းခလေးပုံစံ ဖြစ်နေတာ '

' ဗျာ ' 😳

ကျနော် ဖုန်းကို ကိုင်ထားရင်း ပါးစပ် အဟောင်းသားဖြစ်သွားသည်။

' ဆတ် ' ခနဲ နာလာတဲ့ ကိုယ့် ..င် ကိုယ် စမ်းကြည့်ပီး
နံရံကို မှီချ လိုက်သည်။

" တောက် " 😡

ဧရာဝတီတိုင်းကနေ ရန်ကုန်ထိ လာပြီး.. ငါ့ကို .. 😏

ဝေမျှသူ.... ရန်ကုန်တိုင်းကသူ 😎

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


SATHU Pradit
Bangkok
10120