Myanmar AI Technology
ဓာတ်ပုံတစ်ပုံတည်းနဲ့ 3D ကမ္ဘာကြီးကို တည်ဆောက်နိုင်ပြီဆိုတာ ယုံလား? 🤯
Claude AI ကိုသုံးပြီး 2D ပုံတွေကို အသံတွေ၊ Physics တွေပါတဲ့ 3D နေရာအဖြစ် ပြောင်းပေးမယ့် 'Image-Blaster' ထွက်လာပါပြီ။ Blender နဲ့ Unreal Engine ဆီကိုပါ တိုက်ရိုက်ထည့်လို့ရတဲ့အထိ အမိုက်စား စွမ်းဆောင်ရည်ပါပဲ 🔥
AI ရဲ့ အရှိန်အဟုန်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေပြီ။ သင့်အမြင်ကို Comment မှာ ပြောခဲ့ပါဦး 👇
မအိပ်မနေ၊ မနားတမ်း ၁၁၄ နာရီဆက်တိုက် အလုပ်လုပ်နေတဲ့ စက်ရုပ် 🤖⏱️
Figure AI က သူတို့ရဲ့ လူတူစက်ရုပ်ကို ၈ နာရီပဲ Live လွှင့်ပြဖို့ စီစဉ်ခဲ့ပေမယ့်၊ စက်ရုပ်ကတော့ အမောမခံ၊ အညည်းအညူမရှိဘဲ ၁၁၄ နာရီအတွင်း အထုပ်ပေါင်း ၁၄၀,၀၀၀ ကျော်ကို လူသားအကူအညီ လုံးဝမပါဘဲ ခွဲခြားပြသွားခဲ့ပါတယ်။ စက်တစ်ခုခု မပျက်မချင်း ဒီ Live ကို ဆက်လွှင့်သွားမယ်လို့လည်း ဆိုပါတယ်။
"ပိတ်ရက်မလို၊ နားချိန်မလို၊ လစာပေးစရာမလိုတဲ့" ဒီလို AI နည်းပညာတွေက အနာဂတ် ထုတ်လုပ်ရေးနဲ့ လုပ်ငန်းခွင်တွေကို အပြည့်အဝ လွှမ်းမိုးသွားတော့မလား?
သင့်အမြင်ကို Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး 👇
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10260