Infinity Real Estate
02/11/2024
တော်လှန်မိတ်ဆွေ ညီကိုမောင်နှမများ မင်္ဂလာပါရှင့်
14/09/2024
အမေ့ ကို လွမ်းလာလို့
အမေ နေကောင်း ကျန်းမာပါစေ 🙏🙏🙏
09/09/2024
23/08/2024
ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော် ထုတ်ပြော
=========
စစ်ကောင်စီသည် ရာနှင့်ချီသော လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးပြီးနောက် ၎င်းတို့ အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ်စစ်ထဲသွင်းနေကြောင်း စစ်ကောင်စီ ကိုးကွယ်သည့် ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ဘုန်းကြီး ဝန်ခံလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် အရပ်သား ၁၀၀ ကို စစ်တပ်က ပေါ်တာဆွဲခဲ့ကြောင်း၊ ထိုအထဲမှ သူ၏မိတ်ဆွေများအပါအဝင် ၄၅ ဦးကို စစ်သင်တန်းသို့ အတင်းအကျပ်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပေါက်ကိုယ်တော်၏ ပြောကြားချက်သည် အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေသည်ဟု စွပ်စွဲချက်များအပေါ် စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ရှားရှားပါးပါးဝန်ခံမှု ဖြစ်လာသည်။
ပေါက်ကိုယ်တော်သည် မဘသ ဒုတိယမျိုးဆက်ခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရာထူးမှ ဆင်းရန် တောင်းဆိုပွဲကို ဦးဆောင်သူလည်းဖြစ်သည်။ ထိုတောင်းဆိုမှုကြောင့် စစ်တပ်က သူ့ကို နာရီပိုင်းကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ယင်းနောက်ပိုင်းကာလများတွင် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် နိုင်ငံအလယ်ပိုင်းမှ ပျူစောထီး ပြည်သူ့စစ်များကို ကြီးကြပ်ရန် စစ်တပ်က တာဝန်ပေးထားသည့် သင်္ကန်းဝတ်နှင့် ပျူစောထီးခေါင်းဆောင် ဖြစ်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းအတွင်းက ပျူစောထီးပြည်သူ့စစ် ကွန်မန်ဒိုစစ်သင်တန်းဆင်းပွဲတစ်ခုတွင် စစ်တပ်ကို ဆန့်ကျင်သူများကို ရက်စက်စွာနှိမ်နင်းရန် ပေါက်ကိုယ်တော်က မိန့်ခွန်းပြောခဲ့သေးသည်။
ထို့ပြင် မန္တလေးတိုင်းအတွင်းမှ စစ်ဗိုလ်ချုပ်များသည် ပေါက်ကိုယ်တော်ကို ကိုးကွယ်ကြသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/56846/
#ပေါက်ကိုယ်တော် #ပေါ်တာ #စစ်မှုထမ်း
News from Myanmar Now
ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကို Latest news & insightful features on Myanmar
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Samphanthawong
Bangkok
10100
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 10:00 - 15:00 |
| อาทิตย์ | 10:00 - 15:00 |