Forex Newbies

Forex Newbies

แชร์

24/07/2022

ဒီPageလေးစတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်က
forex marketကြီးထဲကို အခုမှစတင်ဝင်ရောက်မယ့် အခြေခံလုံးဝမရှိသေးတဲ့Beginners သမားတွေအတွက်ရယ်၊အခြေခံရှိပြီးသော်ငြားလည်းပဲ နောက်ထပ်
ဗဟုသုတရှာဖွေလိုသူများအတွက် ရည်ရွယ်ပြီးဒီpageကိုထောင်ခဲ့တာပါ။ ဒီကြားထဲမှာ အကြောင်းကြောင်းကြောင့် Post တွေမတင်ဖြစ်ခဲ့တဲ့အတွက်အခုကစပြီး pageမှာ postလေးတွေ ပြန်လည်တင်ပေးသွားပါမယ်ခင်ဗျ။
Forex marketနဲ့ပတ်သက်ပြီး Sharingလုပ်ပေးတဲ့သဘောမျိုးပါ။

05/10/2021

စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေစျေး ကျပ်၁၈ သိန်းကျော်ထိ ပြန်လည်ကျဆင်း၊ ဒေါ်လာစျေးမှာလည်း ၂၀၀၀ အောက်ပြန်ကျ.............
အောက်တိုဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာနောက်ဆုံးပတ်က အကယ်ဒမီရွှေတစ်ကျပ်သားကို ၂၃၀၀၀၀၀ ကျပ်ဝန်းကျင်နှင့် စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေစျေးနှုန်းသည် ယခုလဆန်းပိုင်းမှစတင်ကာ စျေးနှုန်းများ ဆက်တိုက်ပြန်ကျလာခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်က ပြည်တွင်းရွှေစျေး စံချိန်တင်စျေးနှုန်း ၂၃၀၀၀၀၀ သိန်းကျပ်ဝန်းကျင်အထိ အမြင့်ဆုံးစျေးနှုန်းရောင်းချမှုများရှိခဲ့ပြီး အဆိုပါအခြေအနေကိုထိန်းနိုင်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်များမှ ရွှေများကိုလက်ခံကာ တစ်ရက်လျှင် ရွှေပိဿာချိန် ၂၀ အသင်းရုံးနေရာတွင် ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။

ရွှေစျေးနှုန်းများသည် စက်တင်ဘာ ၂၉ ရက်မှစတင်ကာ တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ယနေ့ အောက်တိုဘာ၄ရက် ရွှေစျေးဖွင့်ချိန်တွင် အကယ်ဒမီရွှေ တစ်ကျပ်သားကို ၁,၈၅၀,၀၀၀ (တစ်ဆယ့် ရှစ်သိန်း ငါးသောင်း) ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သော စျေးနှုန်းများအရသိရပါတယ်။

ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းမြင့်တက်သည့်ကာလတွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ် ၀န်းကျင်အထိစျေးနှုန်းမြင့်တက်ခဲ့ကာ ယခုလဆန်းပိုင်းတွင် တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ၀န်းကျင်ကိုကျလာခဲ့ကြောင်း သိရပါတယ်။

ယနေ့ နေ့လယ်ပိုင်း ဘဏ်များ၏ ဒေါ်လာရောင်းဝယ်စျေးမှာ တစ်ဒေါ်လာလျှင် ၁၉၈၀ ကျပ်ဖြင့် အရောင်း အဝယ်ပြုလုပ်နေကြောင်း သိရပါတယ်။
ပြင်ပနိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်အတွင်းမှာတော့ တစ်ဒေါ်လာ ရောင်းဈေး ၂၁၀၀ ကျပ်ဖြစ်ပြီး၊ ဝယ်ဈေးမှာ ၁၉၇၀ ကျပ် ဖြစ်ကြောင်း နိုင်ငံခြားငွေလဲလှယ်သည့်လုပ်ငန်းများထံမှ သိရပါတယ်။

Crd

05/10/2021

5.10.2021

Open - 1769
Current - 1759

လောလောဆယ်မှာတော့ အကျဘက်ကို အားသာနေပါတယ်။

Resistance - 1777.25/1785.29/1800.1

Pivot Point - 1762.44

Support - 1754.4/1739.59/1731.55

Price actionတွေဟာ London sessionအချိန်ရောက်တဲ့အချိန်မှာ
အတက်အကျ မြန်ဆန်တဲ့အတွက် သတိထားစေချင်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง วาณิชย์ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Banthat Thong Raod
Bangkok
10400